



UNICODE

ဖခင်ဖြစ်သူက ၁၃ နှစ်အရွယ် သမီးကို မုဒိမ်းကျင့်ခဲ့ခြင်းကြောင့် ကိုယ်ဝန် ၆ လရှိခဲ့ဟု ရဲစခန်းထံ တိုင်ကြား .. မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ အသက် ၃၉ နှစ်ရှိ ဖခင်ဖြစ်သူက အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့မှုကြောင့် သမီးဖြစ်သူထံတွင် ကိုယ်ဝန် ၆ လခန့် ရှိခဲ့ရသည်ဟု ကလေး၏ အကိုဖြစ်သူက မုပွန်နယ်မြေရဲစခန်းထံ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမှုဖွင့်တိုင်ကြားထားသည်ဟု စုံစမ်းသိရှိရသည်။

ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်၍ သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့သော ဖခင်ကို မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၂၂၆/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားခဲ့သည်။၎င်းအမှုနှင်ပတ်သက်သောလိုအပ်နေသောအကူအညီများတောင်းခံလာသဖြင့် နွေးထွေးသောရင်ခွင်အဖွဲ့မှပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနှင့်ချိတ်ဆက်ကူညီမှုများဆောင်ရွက်ပေးလျှက်ရှိပါသည်

Leave a Reply

Your email address will not be published. Required fields are marked *