ေရဦးတြင္ အမ်ိဳးသမီးတစ္ဦးကို သတ္ျဖတ္မီးရႈိ႕ခဲ့သူ ရဲေတြဖမ္းမိ

ေရဦးတြင္ အမ်ိဳးသမီးတစ္ဦးကို သတ္ျဖတ္မီးရႈိ႕ခဲ့သူဖမ္းမိ

ေမာင္ေလးငယ္ငယ္ — ေရဦး၊ ေဖေဖာ္ဝါရီ ၁၃

ေ႐ႊဘိုခ႐ိုင္ ေရဦးၿမိဳ႕နယ္ အင္ပင္ေရ႐ြာေတာစပ္တြင္ အမ်ိဳးသမီးတစ္ဦးကို သတ္၍ အေလာင္းကို မီးရႈိ႕ခဲ့သူအား ယေန႔ ဖမ္းဆီးရမိသည္။ ေသဆုံးသူမွာ အင္ပင္ေရ႐ြာေနအသက္၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး ေတာစပ္တြင္ ႏြားေက်ာင္းေနစဥ္ သတ္ျဖတ္ခံခဲ့ရသည္။

“ ေသတဲ့ေကာင္မေလးရဲ႕ညီမေယာက္်ားက သတ္သြားတာ။ ေသဆုံးသူရဲ႕ မတ္ ေတာ္တယ္ေျပာရမွာေပါ့။ လင္မယားကြဲေနတာ ရက္ပိုင္းပဲရွိေသးတယ္။ သူ႔မိန္းမကို ျပန္ေပါင္းခ်င္လို႔ ေခၚေပးခိုင္းတာ၊ အမ်ိဳးသမီးက မင္းတို႔ျပန္ေပါင္းဖို႔က ငါ့မိဘေတြနဲ႔ပဲဆိုင္တယ္ ငါနဲ႔ဘာမွ မဆိုင္ဘူးေျပာလို႔ တစ္ေယာက္ တစ္ခြန္းစကားမ်ားရင္းကေန တုတ္နဲ႔႐ိုက္သတ္ၿပီး မီးရႈိခဲ့တာလို႔ စစ္ေဆးေပၚေပါက္တယ္” ဟု ​ေရဦးရဲစခန္းမႉး ဒုရဲမႉး ထိုက္လင္းစိုးက ေျပာသည္။

ျပစ္မႈက်ဴးလြန္သူမွာ ဒီပဲယင္းၿမိဳ႕နယ္ သစ္ရာအိုက္ေက်း႐ြာေနအသက္ ၂၁ ႏွစ္အ႐ြယ္ သာထြန္းေအာင္ ဆိုသူျဖစ္သည္။ လူသတ္မႈက်ဴးလြန္ရာတြင္အသုံးျပဳသည့္ သက္ေသခံပစၥည္းမ်ားႏွင့္ ေသဆုံးသူအမ်ိဳးသမီးလက္ကိုင္ဖုန္းတို႔အား ျပစ္မႈက်ဴးလြန္သူမွ ဝွက္ထားသည့္ ေနရာအား လိုက္လံျပသသျဖင့္ ရဲတပ္ဖြဲ႕မွ သိမ္းဆည္းကာ တရားဥပေဒအရ အေရးယူႏိုင္ေရး စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း သတင္းရရွိသည္။

ရဲတပ္ဖြဲ႕မွ အဆိုပါအမ်ိဳးသားအား အမႈဖြင့္ၿပီး ၂၄ နာရီအတြင္း ဖမ္းဆီးရမိျခင္းျဖစ္သည္။

UNICODE

ရေဦးတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့သူဖမ်းမိ —  မောင်လေးငယ်ငယ် — ရေဦး၊ ဖေဖော်ဝါရီ ၁၃

ရွှေဘိုခရိုင် ရေဦးမြို့နယ် အင်ပင်ရေရွာတောစပ်တွင် အမျိုးသမီးတစ်ဦးကို သတ်၍ အလောင်းကို မီးရှို့ခဲ့သူအား ယနေ့ ဖမ်းဆီးရမိသည်။ သေဆုံးသူမှာ အင်ပင်ရေရွာနေအသက်၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး တောစပ်တွင် နွားကျောင်းနေစဉ် သတ်ဖြတ်ခံခဲ့ရသည်။

“ သေတဲ့ကောင်မလေးရဲ့ညီမယောက်ျားက သတ်သွားတာ။ သေဆုံးသူရဲ့ မတ် တော်တယ်ပြောရမှာပေါ့။ လင်မယားကွဲနေတာ ရက်ပိုင်းပဲရှိသေးတယ်။ သူ့မိန်းမကို ပြန်ပေါင်းချင်လို့ ခေါ်ပေးခိုင်းတာ၊ အမျိုးသမီးက မင်းတို့ပြန်ပေါင်းဖို့က ငါ့မိဘတွေနဲ့ပဲဆိုင်တယ် ငါနဲ့ဘာမှ မဆိုင်ဘူးပြောလို့ တစ်ယောက် တစ်ခွန်းစကားများရင်းကနေ တုတ်နဲ့ရိုက်သတ်ပြီး မီးရှိုခဲ့တာလို့ စစ်ဆေးပေါ်ပေါက်တယ်” ဟု ရေဦးရဲစခန်းမှူး ဒုရဲမှူး ထိုက်လင်းစိုးက ပြောသည်။

ပြစ်မှုကျူးလွန်သူမှာ ဒီပဲယင်းမြို့နယ် သစ်ရာအိုက်ကျေးရွာနေအသက် ၂၁ နှစ်အရွယ် သာထွန်းအောင် ဆိုသူဖြစ်သည်။ လူသတ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် သေဆုံးသူအမျိုးသမီးလက်ကိုင်ဖုန်းတို့အား ပြစ်မှုကျူးလွန်သူမှ ဝှက်ထားသည့် နေရာအား လိုက်လံပြသသဖြင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား အမှုဖွင့်ပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *