






UNICODE

ကျတော်ကိုယ်တွေ့အဖြစ်လေးပါ —  (ကား)လောကသားများ သတိထားပါ(13.2.2020)

ကျတော့ကားကြည့်မယ်ဆိုပြီး ဖုန်းဆက်လာတယ် ကျတော်သွားပြတော့ လင်မယားနှစ်ယောက် ယောက်ကျားက ကားစမ်းမောင်းတယ် မိန်းမကလိုက်စီးကြည့်မယ်ဆိုပြီး အနောက်ကထိုင်တယ် ကျတော်ကဘေးခုံက လိုက်ထိုင်တယ် အဲ့ဒါနဲ့စမ်းမောင်းတော့

တောင်ကြီးမြို့ ရှု့ခင်းသာပန်းခြံနားရောက်တော့ အနောက်ကနေ(ပုံ)ပါ အပ်နဲ့ မိန်းမက လည်ပင်းကိုထိုးတယ်….ကျတော်လည်းရုတ်တရက်ဆို လန့်သွားတာဗျာ လန့်လန့်နဲ့ ကားပေါ်က ခုန်ဆင်းရမလို ပြန်ချရမလို နဲ့အသိစိတ်လေး ဝင်လာတော့ကျတော်လည်း ပြန်ကျွေးတာပေါ့ ကားပေါ်မှာ…..

ဖြစ်ချင်ရာဖြစ်ဆို စီယာတိုင် ကန်ချပလိုက်တယ် ကားလည်းလမ်းဘေးရောက်ဘီးပေါက်ပြီးထိုးရပ်သွားတယ်.. အဲ့လင်မယားနှစ်ယောက်လည်း ဆင်းပြီးပြေးသွားတယ်ဗျာ… (ကံကောင်းသွားတာက အပ်ထိပ်လေးထိပြီးဆေးမဝင်သွားလို့တော်သေးတယ်)

နောက်ဆို ကားရောင်းရင် တစ်ယောက်ထဲမသွားကျပါနဲ့ ဘယ်သူ့မှလည်း လွယ်လွယ်မယုံကျပါနဲ့ လို့ ကားလောကသား အပေါင်းတို့….အားလုံးသတိထားရအောင် တင်ပေးလိုက်တာပါ တောင်ကြီးမြို့ပေါ်တင်ဖြစ်သွားတာပါ

NaingHtet –  https://www.facebook.com/100013305345402/posts/862016307585206/

Leave a Reply

Your email address will not be published. Required fields are marked *