ချစ်သူများနေ့တွင် ချိန်းတွေ့သည့်စုံတွဲ  မြွေပေါက်ခံရပြီးသေဆုံး – Credit


ပဲခူးတိုင်း ညောင်လေးပင်မြို့ အင်းတကော်ရွာအနီးတွင် စုံတွဲတတွဲသည် လဲကျသေဆုံးနေကြောင်း သတင်းရရှိသဖြင့် နယ်မြေမှူးဦးသန်းဌေး သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ရာ မျက်မြင်သက်သေဖြစ်သူ စိုးသန်းအောင် (အင်းတကော်ရွာ) ၏ ပြောပြချက်အရ မနက်၁၀နာရီခန့်အချိန်တွင်



UNICODE

( ချစ်သူများနေ့တွင် ချိန်းတွေ့သည့်စုံတွဲ  မြွေပေါက်ခံရပြီးသေဆုံး ..  ဖေဖော်ဝါရီ ၁၄ ) ပဲခူးတိုင်း ညောင်လေးပင်မြို့ အင်းတကော်ရွာအနီးတွင် စုံတွဲတတွဲသည် လဲကျသေဆုံးနေကြောင်း သတင်းရရှိသဖြင့် နယ်မြေမှူးဦးသန်းဌေး ားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ရာ မျက်မြင်သက်သေဖြစ်သူ စိုးသန်းအောင် (အင်းတကော်ရွာ) ၏ ပြောပြချက်အရ မနက်၁၀နာရီခန့်အချိန်တွင်

တဖက်ရွာသို့ နှမ်းဖိုးတောင်းရန်ထွက်လာစဉ် အင်းတကော်ရွာနှင့် ၂မိုင်ခန့်အကွာ ခြုံပုတ်ကြားထဲတွင် စုံတွဲတတွဲချိန်းတွေ့နေသည်ကိုတွေ့ရသဖြင့် ချောင်းမြောင်းကြည့်ရှု့ခဲ့ကြောင်း ချစ်ရည်လူးနေချိန် အနီးရှိတွင်းထဲက မြွေတကောင်ထွက်လာပြီး ယောင်္ကျားလေး ဖြစ်သူကို အရင်ပေါက်လိုက်ပြီးနောက် လန့်၍ ပေါင်ပေါ်တွင်ထိုင်နေသော

အမျိုးသမီးကို တွန်းချလိုက်စဉ် မြွေက မိန်းကလေးကို ထပ်ပေါက်လိုက်သည်ဟု  စိုးသန်းအောင် ပြောပြချက်ကိုမှတ်တမ်းယူပြီး ညောင်လေးပင်ရဲစခန်းတွင် သေမှုသေခင်း ဖွင့်ထားသည်ဟု သတင်းရရှိပါသည်။ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသဖြင့် ရဲတပ်ဖွဲ့ကစုံစမ်းနေကြောင်း သိရပါသည်။ ပဲခူးသတင်းမီဒီယာ Credit- HA HA  GROUP

Leave a Reply

Your email address will not be published. Required fields are marked *