သားႀကီးေဆာရီးကြာ ေျပာ၍ လည္ပင္းဖက္ကာ ဓါးျဖင့္ထိုးသတ္ 

သားႀကီးေဆာရီးကြာ ေျပာ၍ လည္ပင္းဖက္ကာ ဓါးျဖင့္ထိုးသတ္ (Top Phoenix – လႈိင္သာယာ၊ ေဖေဖာ္ဝါရီ ၁၄/၂၀၂၀)

လႈိင္သာယာၿမိဳနယ္တြင္ ညအခ်ိန္ ဓါးထိုးမႈျဖစ္ပြားရာမွ လူငယ္တစ္ဦး ေသဆုံးမႈ ေဖေဖာ္ဝါရီ ၁၃ရက္ေန႔ ညပိုင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ ေျမာက္ပိုင္ခ႐ိုင္၊ လႈိင္သာယာၿမိဳ႕နယ္ေန ဖခင္ျဖစ္သူမွာ ေဖေဖာ္ဝါရီ ၁၃ရက္ေန႔ည ၁၀နာရီခြဲအခ်ိန္ ေနအိမ္၌ရွိေနစဥ္ သားျဖစ္သူ၏ သူငယ္ခ်င္း နႏၵာလင္းေရာက္ရွိလာၿပီး “ဦးေလး စိုးလင္းေအာင္ေတာ့ ဓါးထိုးခံရလို႔”ဟု ေျပာသျဖင့္ လိုက္သြားခဲ့ရာ သားျဖစ္သူစိုးလင္းေအာင္ ၁၇ႏွစ္မွာ ဝဲဘက္ရင္ၫႊန႔္ေအာက္ အရွည္(၁)လက္မခန႔္ ထိုးသြင္းဒဏ္ရာ တစ္ခ်က္ရရွိကာ လဲက်ေနသျဖင့္ လႈိင္သာယာေဆး႐ုံသို႔ တင္ပို႔ကုသစဥ္ ေသဆုံးခဲ့ေၾကာင္း စုံစမ္းသိရသည္။

သား၏ သူငယ္ခ်င္းနႏၵာလင္းအား ေမးျမန္းၾကည့္ရာ အဆိုပါညပိုင္းက ၎ႏွင့္စိုးလင္ေအာင္တို႔သည္ ေပၚဆန္းေမႊး ၄လမ္းေပၚသို႔ေရာက္ရွိခ်ိန္ ေနာက္မွလိုက္လာသည့္ သူငယ္ခ်င္းမ်ားျဖစ္ၾကေသာ ခ်မ္းေျမ့သူရိန္၊ ခ်စ္ကို ၊ေဇာ္ထက္ လႈိင္သာယာၿမိဳ႕နယ္ ေနသူႏွင့္ ဟိန္းမင္းသူ တို႔ ၄ ဦးေတြ႕ဆုံခိုက္တြင္ ခ်မ္းေျမ့သူရိန္မွ”ေဟ့ေကာင္” ဟုလွမ္းေခၚရာ စိုးလင္းေအာင္မွ ေနာက္သို႔ျပန္လွည့္ၾကည့္ခ်ိန္

ခ်မ္းေျမ့သူရိန္မွ “သားႀကီး ေဆာရီးကြာ” ဆိုၿပီး အသင့္ပါလာေသာ အ႐ိုးအသြား(၆)လက္မခန႔္ရွိ ေခါက္ဓါးေျမာင္ျဖင့္ လည္ပင္းဖက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွ (၁)ခ်က္ထိုးလိုက္၍ ဓါးျပန္ဆြဲႏႈတ္ကာ ခ်စ္ကို၊ ေဇာ္ထက္၊ ဟိန္းမင္းသူတို႔ ၄ဦးမွာ ေပၚဆန္းေမႊး ၃လမ္းဘက္သို႔ ထြက္ေျပးသြားၿပီး၊ အမွတ္ ၁၁ရပ္ကြက္ ယုဇနလမ္းရွိ ေရအနက္(၃)ေပခြဲခန႔္ ဒိုက္ပုံအတြင္း ဓါးေျမႇာင္အား လႊင့္ပစ္ခဲ့ေၾကာင္း ေျပာျပသိရသျဖင့္ သားျဖစ္သူအား ေသဆုံးေအာင္ဓါးျဖင့္ထိုးခဲ့သူ ခ်မ္းေျမ့သူရိန္ႏွင့္ ျပစ္မႈက်ဴးလြန္သူအား ကာကြယ္ရန္အႀကံျဖင့္ သက္ေသခံဓါးေျမႇာင္အား ေဖ်ာက္ဖ်က္ခဲ့သူ ခ်စ္ကိုတို႔ (၂)ဦးအား ဥပေဒအရအေရးယူေပးပါရန္ ဖခင္မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ခ်မ္းေျမ့သူရိန္ ၁၅ႏွစ္ႏွင့္ ခ်စ္ကို ၁၄ႏွစ္တို႔ ႏွစ္ဦးအား လႈိင္သာယာၿမိဳ႕နယ္ ေသာင္ႀကီးနယ္ေျမရဲစခန္းမွ (ပ)၄၁၆/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ ျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

ညီညီ(လႈိင္သာယာ) Top Phoenix Media Group

UNICODE

သားကြီးဆောရီးကွာ ပြော၍ လည်ပင်းဖက်ကာ ဓါးဖြင့်ထိုးသတ်    (Top Phoenix – လှိုင်သာယာ၊ ဖေဖော်ဝါရီ ၁၄/၂၀၂၀)

လှိုင်သာယာမြိုနယ်တွင် ညအချိန် ဓါးထိုးမှုဖြစ်ပွားရာမှ လူငယ်တစ်ဦး သေဆုံးမှု ဖေဖော်ဝါရီ ၁၃ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန် မြောက်ပိုင်ခရိုင်၊ လှိုင်သာယာမြို့နယ်နေ ဖခင်ဖြစ်သူမှာ ဖေဖော်ဝါရီ ၁၃ရက်နေ့ည ၁၀နာရီခွဲအချိန် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ၏ သူငယ်ချင်း နန္ဒာလင်းရောက်ရှိလာပြီး “ဦးလေး စိုးလင်းအောင်တော့ ဓါးထိုးခံရလို့”ဟု ပြောသဖြင့် လိုက်သွားခဲ့ရာ သားဖြစ်သူစိုးလင်းအောင် ၁၇နှစ်မှာ ဝဲဘက်ရင်ညွှန့်အောက် အရှည်(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ လဲကျနေသဖြင့် လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

သား၏ သူငယ်ချင်းနန္ဒာလင်းအား မေးမြန်းကြည့်ရာ အဆိုပါညပိုင်းက ၎င်းနှင့်စိုးလင်အောင်တို့သည် ပေါ်ဆန်းမွှေး ၄လမ်းပေါ်သို့ရောက်ရှိချိန် နောက်မှလိုက်လာသည့် သူငယ်ချင်းများဖြစ်ကြသော ချမ်းမြေ့သူရိန်၊ ချစ်ကို ၊ဇော်ထက် လှိုင်သာယာမြို့နယ် နေသူနှင့် ဟိန်းမင်းသူ တို့ ၄ ဦးတွေ့ဆုံခိုက်တွင် ချမ်းမြေ့သူရိန်မှ”ဟေ့ကောင်” ဟုလှမ်းခေါ်ရာ စိုးလင်းအောင်မှ နောက်သို့ပြန်လှည့်ကြည့်ချိန်

ချမ်းမြေ့သူရိန်မှ “သားကြီး ဆောရီးကွာ” ဆိုပြီး အသင့်ပါလာသော အရိုးအသွား(၆)လက်မခန့်ရှိ ခေါက်ဓါးမြောင်ဖြင့် လည်ပင်းဖက်ပြီး မျက်နှာချင်းဆိုင်မှ (၁)ချက်ထိုးလိုက်၍ ဓါးပြန်ဆွဲနှုတ်ကာ ချစ်ကို၊ ဇော်ထက်၊ ဟိန်းမင်းသူတို့ ၄ဦးမှာ ပေါ်ဆန်းမွှေး ၃လမ်းဘက်သို့ ထွက်ပြေးသွားပြီး၊ အမှတ် ၁၁ရပ်ကွက် ယုဇနလမ်းရှိ ရေအနက်(၃)ပေခွဲခန့် ဒိုက်ပုံအတွင်း ဓါးမြှောင်အား လွှင့်ပစ်ခဲ့ကြောင်း ပြောပြသိရသဖြင့် သားဖြစ်သူအား သေဆုံးအောင်ဓါးဖြင့်ထိုးခဲ့သူ ချမ်းမြေ့သူရိန်နှင့် ပြစ်မှုကျူးလွန်သူအား ကာကွယ်ရန်အကြံဖြင့် သက်သေခံဓါးမြှောင်အား ဖျောက်ဖျက်ခဲ့သူ ချစ်ကိုတို့ (၂)ဦးအား ဥပဒေအရအရေးယူပေးပါရန် ဖခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းမြေ့သူရိန် ၁၅နှစ်နှင့် ချစ်ကို ၁၄နှစ်တို့ နှစ်ဦးအား လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၄၁၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ညီညီ(လှိုင်သာယာ) Top Phoenix Media Group

Leave a Reply

Your email address will not be published. Required fields are marked *