ခ်စ္သူမ်ားေန႔၌ အခ်စ္ေၾကာင့္ ေသနတ္ျဖင့္အခ်က္ ၃၀ ခန႔္ပစ္ခတ္မႈထပ္မံျဖစ္ပြားၿပီး မိန္းခေလးတစ္ဦးအားကားတင္ေျပးမႈျဖစ္

ထိုင္းႏိုင္ငံတြင္ ခ်စ္သူမ်ားေန႔၌ အခ်စ္ေၾကာင့္ ေသနတ္ျဖင့္အခ်က္ ၃၀ ခန႔္ပစ္ခတ္မႈထပ္မံျဖစ္ပြားၿပီး မိန္းခေလးတစ္ဦးအားကားတင္ေျပးမႈျဖစ္ – ၂၀၂၀ ေဖ ၁၄ ရက္ ၊ ခ်စ္သူမ်ားေန႔

ထိုင္းႏိုင္ငံ နခြန္ပထုန္ၿမိဳ႕လယ္ေခါင္တြင္အမ်ိဳးသား ( ၂ ) ဦးမွ အမ်ိဳးသမီးတစ္ဦးအား ေဖဖဝါရီလ ၁၄ ရက္ ခ်စ္သူမ်ားေန႔ ေန႔လည္ပိုင္းတြင္ ေသနတ္ျဖင့္ခ်ိန္႐ြယ္ကာ ေနအိမ္ၿခံစည္း႐ိုးအားေသနတ္ျဖင့္အခ်က္ ၃၀ နီးပါးေမႊ႕ရမ္းပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွက်ည္ခြံႏွင့္က်ည္ဆံမ်ားသက္ေသခံအျဖစ္သိမ္းဆည္းကာအမႈမွန္ေပၚေပါက္ေရးအတြက္စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနဆဲဟုသိရ ။

အခင္းျဖစ္ပြားသည့္ခပ္လွမ္းလွမ္းမွမ်က္ျမင္သက္ေသတစ္ဦး၏ေျပာၾကားခ်က္အရ ဆလြန္းကားအျဖဴေရာတစ္စီးေပၚမွာ ဖက္တီးတစ္ေယာက္ဆင္းလာၿပီး ဆိုင္ေရွ႕လမ္းမတြင္ ” ကားေသာ့ေပးမလား ? မေပးဘူးလား ? အိမ္ထဲဝင္ယူရမလား ? ” ဟုေမးျမန္းစဥ္ အမ်ိဳသမီးမွ ” ဒီမွာေစာင့္…သြားယူေပးမယ္ ” လို႔ေျပာၿပီးမဆုံးခင္ အမ်ိဳးသမီးပယအားေသနတ္ခ်ိန္႐ြယ္ၿပီး အိမ္ၿခံစည္း႐ိုးကိုေသနတ္ျဖင့္ပစ္ခတ္ၿပီး အမ်ိဳးသမီးအား ေပြ႕ခ်ီ၍ ကားထဲဝင္သြားခဲ့သည္ ။

ထို႔ေနာက္သူႏွင့္အတူပါလာသည့္ ငပိန္တစ္ေကာင္သည္ အိမ္ၿခံစည္း႐ိုးနားသြားၿပီးေသနတ္ျဖင့္အခ်က္ေပါင္းမ်ားစြာၿခံစည္း႐ိုးကိုေမႊ႕ရမ္းပစ္ခတ္ၿပီး ဝတုတ္ႏွင့္အတူကားေမာင္းထြက္သြားသည္ဟုသူျမင္သမွ်ေျပာခဲ့ေသာ္လည္း ေဝးေန၍ ယာဥ္နံပါတ္အားမျမင္မိလိုက္ေၾကာင္းဆိုသည္ ။

သူ၏အထင္မွာ လူမႈေရးကိစၥမ်ားေၾကာင့္ ခ်စ္သူမ်ားေန႔တြင္ သဝန္တိုမႈမ်ားျဖစ္ႏိုင္ေၾကာင္းႏွင့္ အမ်ိဳးသမီးသည္ အသက္ ၃၆ အ႐ြယ္အိမ္ေထာင္ကြဲတခုလပ္အမ်ိဳးသမီးျဖစ္ေၾကာင္းသိရွိရၿပီးသူႏွင့္ခင္မင္ရင္းႏွီးခဲ့သည္မွာ ၂ လခန႔္သာရွိေသးသည္ဟုသိရ ။

ယေန႔မနက္ကလည္း ဘန္ေကာက္ၿမိဳ႕ ပထုမ္းဝမ္းၿမိဳ႕နယ္ က်ဴလာေလာင္ကြန္လမ္းအမွတ္ ၁၀ တြင္ ယခုကဲ့သို႔ ေသနတ္ျဖင့္အခ်က္ေပါင္း ၃၀/၄၀ ခန႔္မိုးေထာင္ေဖာက္သူကိုဖမ္းဆီးစစ္ေဆးေနေၾကာင္းသိရွိရသည္ ။

Photo Crd

UNICODE

ထိုင်းနိုင်ငံတွင် ချစ်သူများနေ့၌ အချစ်ကြောင့် သေနတ်ဖြင့်အချက် ၃၀ ခန့်ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး မိန်းခလေးတစ်ဦးအားကားတင်ပြေးမှုဖြစ် –  ၂၀၂၀ ဖေ ၁၄ ရက် ၊ ချစ်သူများနေ့

ထိုင်းနိုင်ငံ နခွန်ပထုန်မြို့လယ်ခေါင်တွင်အမျိုးသား ( ၂ ) ဦးမှ အမျိုးသမီးတစ်ဦးအား ဖေဖဝါရီလ ၁၄ ရက် ချစ်သူများနေ့ နေ့လည်ပိုင်းတွင် သေနတ်ဖြင့်ချိန်ရွယ်ကာ နေအိမ်ခြံစည်းရိုးအားသေနတ်ဖြင့်အချက် ၃၀ နီးပါးမွှေ့ရမ်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှကျည်ခွံနှင့်ကျည်ဆံများသက်သေခံအဖြစ်သိမ်းဆည်းကာအမှုမှန်ပေါ်ပေါက်ရေးအတွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဟုသိရ ။

အခင်းဖြစ်ပွားသည့်ခပ်လှမ်းလှမ်းမှမျက်မြင်သက်သေတစ်ဦး၏ပြောကြားချက်အရ ဆလွန်းကားအဖြူရောတစ်စီးပေါ်မှာ ဖက်တီးတစ်ယောက်ဆင်းလာပြီး ဆိုင်ရှေ့လမ်းမတွင် ” ကားသော့ပေးမလား ? မပေးဘူးလား ? အိမ်ထဲဝင်ယူရမလား ? ” ဟုမေးမြန်းစဉ် အမျိုသမီးမှ ” ဒီမှာစောင့်…သွားယူပေးမယ် ” လို့ပြောပြီးမဆုံးခင် အမျိုးသမီးပယအားသေနတ်ချိန်ရွယ်ပြီး အိမ်ခြံစည်းရိုးကိုသေနတ်ဖြင့်ပစ်ခတ်ပြီး အမျိုးသမီးအား ပွေ့ချီ၍ ကားထဲဝင်သွားခဲ့သည် ။

ထို့နောက်သူနှင့်အတူပါလာသည့် ငပိန်တစ်ကောင်သည် အိမ်ခြံစည်းရိုးနားသွားပြီးသေနတ်ဖြင့်အချက်ပေါင်းများစွာခြံစည်းရိုးကိုမွှေ့ရမ်းပစ်ခတ်ပြီး ဝတုတ်နှင့်အတူကားမောင်းထွက်သွားသည်ဟုသူမြင်သမျှပြောခဲ့သော်လည်း ဝေးနေ၍ ယာဉ်နံပါတ်အားမမြင်မိလိုက်ကြောင်းဆိုသည် ။

သူ၏အထင်မှာ လူမှုရေးကိစ္စများကြောင့် ချစ်သူများနေ့တွင် သဝန်တိုမှုများဖြစ်နိုင်ကြောင်းနှင့် အမျိုးသမီးသည် အသက် ၃၆ အရွယ်အိမ်ထောင်ကွဲတခုလပ်အမျိုးသမီးဖြစ်ကြောင်းသိရှိရပြီးသူနှင့်ခင်မင်ရင်းနှီးခဲ့သည်မှာ ၂ လခန့်သာရှိသေးသည်ဟုသိရ ။

ယနေ့မနက်ကလည်း ဘန်ကောက်မြို့ ပထုမ်းဝမ်းမြို့နယ် ကျူလာလောင်ကွန်လမ်းအမှတ် ၁၀ တွင် ယခုကဲ့သို့ သေနတ်ဖြင့်အချက်ပေါင်း ၃၀/၄၀ ခန့်မိုးထောင်ဖောက်သူကိုဖမ်းဆီးစစ်ဆေးနေကြောင်းသိရှိရသည် ။

Photo Crd

Leave a Reply

Your email address will not be published. Required fields are marked *