ႏိုက္ဂ်ီးရီးယားတြင္ ‘လာဆာအဖ်ား’ ကူးစက္ျဖစ္ပြားၿပီး လူ ၇၀ ေသဆုံး  – M-Media

ႏိုက္ဂ်ီးရီးယားတြင္ ‘လာဆာအဖ်ား’ ကူးစက္ျဖစ္ပြားၿပီး လူ ၇၀ ေသဆုံး  – M-Media

-ႏိုက္ဂ်ီးရီးယားနိင္ငံမွာ ‘လာဆာ’ ဆိုတဲ့ အဖ်ားတစ္မ်ိဳး ျပန္႔ႏွံ႔ကူးစက္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ၇၀ ေလာက္ ရွိလာၿပီလို႔ အာဏာပိုင္ေတြက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

လာဆာအဖ်ားဆိုတာ ႂကြက္ရဲ႕ က်င္ငယ္၊ က်င္ႀကီးတို႔နဲ႔ ေရာေႏွာေနတဲ့ အစားအေသာက္ေတြ အိမ္သုံးပစၥည္းေတြကေနတစ္ဆင့္ လူေတြကို ကူးစက္တဲ့အဖ်ားတစ္မ်ိဳးျဖစ္ၿပီး ႏိုက္ဂ်ီးရီးယားႏိုင္ငံ ေတာင္ပိုင္းက ျပည္နယ္ ၃ ခုမွာ ဇန္နဝါရီ အလယ္ပိုင္းေလာက္ကစၿပီး ျဖစ္ပြားေနတာပါ။

အခုတစ္တစ္ပတ္အတြင္း ‌ဒီေရာဂါေၾကာင့္ ေသဆုံးသူဟာ ၈ ဦးရွိခဲ့ၿပီး စုစုေပါင္း ေသဆုံးသူ ၇၀ ေလာက္ ရွိလာတာ ျဖစ္ပါတယ္။ ကူးစက္ေနသူကေတာ့ ၄၇၂ ဦးရွိတယ္လို႔ ႏိုင္ငံဂ်ီးရီးယား ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးစင္တာ (NCDC) က မေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ဒါဟာ စတင္ျဖစ္ပြားတဲ့အခ်ိန္ကထက္စာရင္ သိသိသာသာ ျမင့္တက္လာတာ ျဖစ္ပါတယ္။ ကူးစက္တယ္လို႔ သံသယရွိသူအေရအတြက္ကေတာ့ ၁၇၀၈ ဦးအထိ ရွိလာပါတယ္။

ေရာဂါလကၡဏာေတြက အဖ်ားႀကီးတာ၊ ေခါင္းကိုက္တာ၊ ပါးစပ္မွာ ျပည္တည္နာျဖစ္တာ၊ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာ၊ အေရျပားမွာ အနီစက္ေတြထြက္တာ၊ ႏွလုံးနဲ႔ ေက်ာက္ကပ္ ပ်က္ဆီးတာေတြျဖစ္ပါတယ္။ ေရာဂါပိုး ေပါက္ဖြားျပန႔္ႏွံ႔တဲ့ကာလက ၂၁ ရက္ျဖစ္ၿပီး လူ႔ခႏၶာကိုယ္က ထြက္တဲ့ အရည္ေတြ၊ စြန႔္ပစၥည္းပစၥည္းေတြကေနတစ္ဆင့္ ကူးစက္ပါတယ္။

၁၉၆၉ ခုႏွစ္ ႏိုက္ဂ်ီးရီးယားႏိုင္ငံေျမာက္ပိုင္း လာဆာဆိုတဲ့ၿမိဳ႕မွာ ပထမဆုံးေတြ႕ရွိခဲ့ရာကေန အစြဲျပဳၿပီး လာဆာအဖ်ားလို႔ အမည္ေပးထားတာ ျဖစ္ပါတယ္။ အီဘိုလာနဲ႔ မာဘာ့ဂ္တို႔လို ဗိုင္းရပ္စ္မ်ိဳးနဲ႔ ဆင္တူေပမယ့္ လာဆာအဖ်ားက အေသအေပ်ာက္ ပိုမိုနည္းပါးပါတယ္။

အာဖရိကမွာ လာဆာအဖ်ားကူးစက္မႈဟာ ႏွစ္စဥ္ ၁ သိန္းကေန ၃ သိန္းေလာက္ရွိေနၿပီး ေသဆုံးသူကေတာ့ ၅၀၀၀ ေလာက္ရွိပါတယ္။ ေရာဂါျဖစ္ပြားမႈကို ေစာစီးစြာ သိရွိမယ္ဆိုရင္ေတာ့ ribavirin ေဆးမ်ိဳးနဲ႔ ေပ်ာက္ကင္းေအာင္ ကုသႏိုင္တယ္လို႔ WHO က ထုတ္ျပန္ထားပါတယ္။

Ref : Aljazeera

UNICODE

နိုက်ဂျီးရီးယားတွင် ‘လာဆာအဖျား’ ကူးစက်ဖြစ်ပွားပြီး လူ ၇၀ သေဆုံး  – M-Media

-နိုက်ဂျီးရီးယားနိင်ငံမှာ ‘လာဆာ’ ဆိုတဲ့ အဖျားတစ်မျိုး ပြန့်နှံ့ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၇၀ လောက် ရှိလာပြီလို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

လာဆာအဖျားဆိုတာ ကြွက်ရဲ့ ကျင်ငယ်၊ ကျင်ကြီးတို့နဲ့ ရောနှောနေတဲ့ အစားအသောက်တွေ အိမ်သုံးပစ္စည်းတွေကနေတစ်ဆင့် လူတွေကို ကူးစက်တဲ့အဖျားတစ်မျိုးဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းက ပြည်နယ် ၃ ခုမှာ ဇန်နဝါရီ အလယ်ပိုင်းလောက်ကစပြီး ဖြစ်ပွားနေတာပါ။

အခုတစ်တစ်ပတ်အတွင်း ‌ဒီရောဂါကြောင့် သေဆုံးသူဟာ ၈ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၀ လောက် ရှိလာတာ ဖြစ်ပါတယ်။ ကူးစက်နေသူကတော့ ၄၇၂ ဦးရှိတယ်လို့ နိုင်ငံဂျီးရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ (NCDC) က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဒါဟာ စတင်ဖြစ်ပွားတဲ့အချိန်ကထက်စာရင် သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ကူးစက်တယ်လို့ သံသယရှိသူအရေအတွက်ကတော့ ၁၇၀၈ ဦးအထိ ရှိလာပါတယ်။

ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ပါးစပ်မှာ ပြည်တည်နာဖြစ်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အရေပြားမှာ အနီစက်တွေထွက်တာ၊ နှလုံးနဲ့ ကျောက်ကပ် ပျက်ဆီးတာတွေဖြစ်ပါတယ်။ ရောဂါပိုး ပေါက်ဖွားပြန့်နှံ့တဲ့ကာလက ၂၁ ရက်ဖြစ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ စွန့်ပစ္စည်းပစ္စည်းတွေကနေတစ်ဆင့် ကူးစက်ပါတယ်။

၁၉၆၉ ခုနှစ် နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း လာဆာဆိုတဲ့မြို့မှာ ပထမဆုံးတွေ့ရှိခဲ့ရာကနေ အစွဲပြုပြီး လာဆာအဖျားလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ အီဘိုလာနဲ့ မာဘာ့ဂ်တို့လို ဗိုင်းရပ်စ်မျိုးနဲ့ ဆင်တူပေမယ့် လာဆာအဖျားက အသေအပျောက် ပိုမိုနည်းပါးပါတယ်။

အာဖရိကမှာ လာဆာအဖျားကူးစက်မှုဟာ နှစ်စဉ် ၁ သိန်းကနေ ၃ သိန်းလောက်ရှိနေပြီး သေဆုံးသူကတော့ ၅၀၀၀ လောက်ရှိပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာ သိရှိမယ်ဆိုရင်တော့ ribavirin ဆေးမျိုးနဲ့ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

Ref : Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *