မြန်မာ့ပထမဆုံး ပါရဂူ (သို့) မဟာသရေစည်သူ ဒေါက်တာဘဟန်အကြောင်း မြန်မာစာပေသမိုင်း၌ အင်္ဂလိပ်-မြန်မာအဘိဓါန်ကျမ်းကိုပြုစုခဲ့သော ဒေါက်တာဘဟန်ကို ရန်ကုန်မြို့၌ အဖ ဦးကျေး (ဦးမောင်မောင်ကျေး)၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၈၉ဝ ပြည့်နှစ် ဇန်နဝါရီ (၃ဝ)ရြက်ကာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ ဒေါက်တာဘဟန်သည် ဒေါက်တာဘမော်၏ အစ်ကိုဖြစ်သည်။ ၁၈၉၆ခုနှစ်တွင် မအူပင် အစိုးရအထက်တန်းကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉ဝဝပြည့်နှစ်မှ ၁၉ဝ၅ခုနှစ်အထိ