ဆိုးရွားလွန်းတဲ့ရာသီဥတုဒဏ်ကြောင့် သဘောင်္နစ်မြုပ်ပြီး သင်္ဘောသားများပင်လယ်ထဲ အရေးပေါ်ခုန်ချခဲ့ရတဲ့အဖြစ်

ဆိုးရွားလွန်းတဲ့ရာသီဥတုဒဏ်ကြောင့် သဘောင်္နစ်မြုပ်ပြီး သင်္ဘောသားများပင်လယ်ထဲ အရေးပေါ်ခုန်ချခဲ့ရတဲ့အဖြစ်

အောက်တိုဘာ ၂၇ ရက်မနေ့မနက်မှာ မလေးရှားနိုင်ငံရှိ Miri ပင်လယ်ရေပြင်အနီးအရေးပေါ်အချက်ပြမှုကို Sapura ဆောက်လုပ်ရေးကုမ္ပဏီက လက်ခံရရှိခဲ့ပြီးနောက် မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ (MMEA) အား သတင်းပို့ပေးခဲ့ကြပါတယ်။

Sapura ဆောက်လုပ်ရေးသင်္ဘောဟာ ဒုက္ခရောက်နေတဲ့သင်္ဘောရဲ့တည်နေရာကိုအတိအကျရှာဖွေရန်သွားခဲ့ပြီး အခင်းဖြစ်ပွါးရာနေရာသို့ရောက်ရှိသွားတဲ့အခါမှာတော့ Dayang Topaz သင်္ဘောဟာအနည်းငယ်စတင်နှစ်မြုပ်နေပြီဖြစ်တယ်လို့ Berita Harian သတင်းက ပြောကြားခဲ့ပါတယ်။

Dayang Topaz သင်္ဘောမှ ပင်လယ်ပြင်သို့ခုန်ချခဲ့တဲ့သင်္ဘောသား ၁၈၅ဦး အနက် ၁၈၃ဦးကိုကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှနှစ်ဦးကသေဆုံးခဲ့တယ် လို့ MMEA ကအတည်ပြုထားပါတယ်။သင်္ဘောဘေးကင်းလုံခြုံရေးအတွက် သင်္ဘောသား၁၂ဦးဟာ သင်္ဘောပေါ်နေရစ်ခဲ့ပြီး ကျန်သင်္ဘောသားတွေကိုတော့ကျွန်းပေါ်သို့ပို့ဆောင်ကာ Covid-19 စစ်ဆေးမှုတွေခံယူနေကြောင်း Maritime Unitသတင်းအရသိရပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ ရာသီဥတုအခြေအနေအတော်ဆိုးရွားနေခဲ့ပြီး ဧရာမလှိုင်းလုံးတွေဟာ သင်္ဘောထဲရှိ ရေနံစင်အနီးသို့ ဝင်ရောက်လာခဲ့တဲ့အပြင် ကျောက်ဆူးကြိုးဟာ သင်္ဘောနှင့်ချိတ်ဆက်ရန်အချိန်အကြာကြာမတောင့်ခံနိုင်ခဲ့တာကြောင့် သင်္ဘောနှစ်မြုပ်ခဲ့တယ်လို့သိရှိထားရပြီ

Petronas, Shell၊ မလေးရှားလေတပ်ယူနစ်၊ Bomba၊ National Search Coordination Centre Brunei နှင့်ဒေသခံတံငါသည်တွေကလည်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအတွက်ကူညီရန်သွားရောက်ပေးခဲ့ကြကြောင်းလည်း သိရှိရပါတယ်။Jasmine (Mckzone Daily)-credit

unicode







Add a Comment

Your email address will not be published. Required fields are marked *