ဒဂုံမှာ ကြိုတင်မဲ အိတ်တွေ ပွင့်လျက် တတိယအကြိမ်မြောက် ရောက်လာ

ဒဂုံမှာ ကြိုတင်မဲ အိတ်တွေ ပွင့်လျက် တတိယအကြိမ်မြောက် ရောက်လာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို အောက်တိုဘာ (၂၈) ရက် ဒီနေ့မှာလည်း ကြိုတင်မဲ စာအိတ်အချို့ အိတ်ပွင့်ပြီး ထပ်ရောက်လာတယ်လို့ တာဝန်ရှိသူတွေဆီက တဆင့် သိရပါတယ်။

ဒါဟာ ရန်ကုန်မြို့ထဲက ဒဂုံမြို့နယ်မှာ တတိယအကြိမ် ထပ်ဖြစ်တာပါ။ ပထမတကြိမ်တုန်းက တပ်ကြိုတင်မဲတွေမှာ ဖြစ်ပြီး ဒုတိယ အကြိမ်မှာတော့ ပုံစံ (၁၅) နဲ့ ရောက်လာတဲ့ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေပေးတဲ့ မဲလက်မှတ်တွေမှာ ဖြစ်ပါတယ်။

အခု တတိယ အကြိမ်မြောက်မှာလည်း စစ်ကိုင်းမြို့နဲ့ အောင်လံမြို့ကနေ ပုံစံ (၁၅) နဲ့ ရောက်လာတဲ့ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေပေးတဲ့ ကြိုတင်မဲလက်မှတ်တွေမှာ ဖြစ်ပါတယ်။

ကြိုတင်မဲတွေ စုထားတဲ့ စာအိတ်ကြီးကို ချိတ်ပိတ်ထားတာ တွေ့ပေမယ့် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံ ကိုယ်စားလှယ်တွေ ရှေ့မှာ ကြိုတင်မဲ စာရင်းပြုစုဖို့ အတွက် စာအိတ်ကြီးကို ဖွင့်ဖောက်ရာမှာတော့ မဲစာအိတ်ငယ်တွေမှာ ကော်မကပ်ထားလို့ ပွင့်လျက် တချို့ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီ တခေါက် မှာလည်း အရင် အတိုင်း စာအိတ်ငယ်တွေ စုစည်းပြီး ချိပ် ပိတ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အဆုံးအဖြတ်ကို ရယူသွားဖို့ ရှိတယ်လို့ အဲဒီ မဲဆန္ဒနယ် မှာ ဝင်ရောက် အရွေးခံဖို့ ရှိတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျ ရဲ့ မဲရုံ ကိုယ်စားလှယ် လည်း ဖြစ်၊ ပါတီ ရဲ့ ဒဂုံမြို့နယ်တာဝန်ခံ လည်း ဖြစ်သူ ဦးဟန်နိုင်ဦး က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်းဓာတ်ပုံ- ဟန်နိုင်ဦး-credit

unicode








Add a Comment

Your email address will not be published. Required fields are marked *