မန္တလေးရှိ အမြင့်ဆုံးဟိုတယ်ရဲ့ အထပ် (၃၀) မှ လူ (၃) ယောက် ပြုတ်ကျမှုဖြစ်ပွားခဲ့

မန္တလေးရှိ အမြင့်ဆုံးဟိုတယ်ရဲ့ အထပ် (၃၀) မှ လူ (၃) ယောက် ပြုတ်ကျမှုဖြစ်ပွားခဲ့

မန္တလေးမြို့၌ အမြင့်ဆုံးဟိုတယ် တစ်ခုဖြစ်သော Grand Park ဟိုတယ်ပေါ်မှ လူသုံးဦး ယနေ့ အောက်တိုဘာ(၂၈)ရက် ညနေ(၄)နာရီကျော်အချိန်က ပြုကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောပါတယ်။

ပြုတ်ကျသူ သုံးဦးသည် ဟိုတယ်အပေါ်ပိုင်းရှိ အထပ်တစ်ထပ်၌ လုပ်ငန်းခွင် ဝင်နေသူများ ဖြစ်ပြီး အသက်(၃၀)ဝန်းကျင် အမျိုးသားများ ဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့ကို ဆေးရုံသို့ ပိုပလိုက်ပြီဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောပါတယ်။ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးဘဲ စစ်ဆေးနေဆဲ ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူများက ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၄လမ်း၊ ၃၉လမ်းနှင့် လမ်း ၄၀ ကြားရှိ Grand Park ဟိုတယ်သည် ၂၀၁၉ သြဂုတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အထပ် (၃၁)ထပ် ရှိကာ မန္တလေးမြို့၌ အမြင့်ဆုံးဟိုတယ်ဖြစ်သည်။ ယင်းဟိုတယ်၏ အပေါ်ဆုံးထပ်၌ ရေကူးကန်နှင့် Sky Bar များပါရှိကာ ဧည့်သည်များ တည်းခိုနိုင်ရန် အခန်း ၂၀၉ ခန်းပါရှိကြောင်း ဟိုတယ်တာဝန်ရှိသူများက ပြောကြားထားပါတယ်။

ဟိုတယ်ပေါ်မှ အမျိုးသားသုံးဦး ပြုတ်ကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟိုတယ်ကို ဆက်သွယ်လို့ မရသေးကြောင်း သိရပါတယ်။မႏၲေလးၿမိဳ႕၌ အျမင့္ဆုံးဟိုတယ္ တစ္ခုျဖစ္ေသာ Grand Park ဟိုတယ္ေပၚမွ လူသုံးဦး ယေန႔ ေအာက္တိုဘာ(၂၈)ရက္ ညေန(၄)နာရီေက်ာ္အခ်ိန္က ျပဳက်ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာပါတယ္။

ျပဳတ္က်သူ သုံးဦးသည္ ဟိုတယ္အေပၚပိုင္းရွိ အထပ္တစ္ထပ္၌ လုပ္ငန္းခြင္ ဝင္ေနသူမ်ား ျဖစ္ၿပီး အသက္(၃၀)ဝန္းက်င္ အမ်ိဳးသားမ်ား ျဖစ္ေၾကာင္း၊ ယခုအခါ ၎တို႔ကို ေဆး႐ုံသို႔ ပိုပလိုက္ၿပီျဖစ္ေၾကာင္း ယင္းေနရာသို႔ ေရာက္ရွိေနသည့္ ရဲတပ္ဖြဲ႕ႏွင့္ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားက ေျပာပါတယ္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ား မသိရေသးဘဲ စစ္ေဆးေနဆဲ ျဖစ္သည္ဟု အထက္ပါ တာဝန္ရွိသူမ်ားက ေျပာပါတယ္။

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ၈၄လမ္း၊ ၃၉လမ္းႏွင့္ လမ္း ၄၀ ၾကားရွိ Grand Park ဟိုတယ္သည္ ၂၀၁၉ ၾသဂုတ္လအတြင္းက စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ၿပီး အထပ္ (၃၁)ထပ္ ရွိကာ မႏၲေလးၿမိဳ႕၌ အျမင့္ဆုံးဟိုတယ္ျဖစ္သည္။ ယင္းဟိုတယ္၏ အေပၚဆုံးထပ္၌ ေရကူးကန္ႏွင့္ Sky Bar မ်ားပါရွိကာ ဧည့္သည္မ်ား တည္းခိုႏိုင္ရန္ အခန္း ၂၀၉ ခန္းပါရွိေၾကာင္း ဟိုတယ္တာဝန္ရွိသူမ်ားက ေျပာၾကားထားပါတယ္။ဟိုတယ္ေပၚမွ အမ်ိဳးသားသုံးဦး ျပဳတ္က်မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ဟိုတယ္ကို ဆက္သြယ္လို႔ မရေသးေၾကာင္း သိရပါတယ္။credit

Add a Comment

Your email address will not be published. Required fields are marked *