ရန်ကုန်မြို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စု တစုကို ကျပ်လေးသောင်းစီ ထပ်မံထောက်ပံ့မည်

ရန်ကုန်မြို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စု တစုကို ကျပ်လေးသောင်းစီ ထပ်မံထောက်ပံ့မည်

ရွေးကောက်ပွဲမတိုင်မှီ ရန်ကုန်တိုင်ဒေသကြီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျင် ကျပ်ငွေလေးသောင်း ထောက်ပံ့ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ထွေ/အုပ် တာဝန်ရှိသူများက ပြောကြားပါတယ်။

ထိုကဲ့သို့ နိုင်ငံတော်မှထောက်ပံ့မည့် ကျပ်ငွေလေးသောင်းနှင့် ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့နယ်ထွေ/အုပ်က ထောက်ပံ့မည့် အစီစဉ်မှာ မှန်ကန်ကြောင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောဆိုပါတယ်။

အဆိုပါ နိုင်ငံတော်က ထောက်ပံ့မည့် ကျပ်ငွေလေးသောင်းကို နိုဝင်ဘာ (၄) ရက်နေ့မှ နိုဝင်ဘာ (၆) ရက်နေ့ ညနေ (၈) နာရီ အချိန်အထိ ထောက်ပံ့ရန် နိုင်ငံတော်အစိုးရက စီစဉ်ထားခြင်းလည်း ဖြစ်ပါတယ်။

ဒလမြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် ထံ ဖုန်းဖြင့်ဆက်သွယ်ရာ”ကျွန်တော်တို့ထံမှာ မနက်မှ သတင်းရမယ်။ ခုနကမှ ထွေအုပ်က မနက် တစ်နာရီကို နေ့လည်တစ်နာရီကို ဖိတ်တယ်။ကျွန်တော်က ဘာမှန်းမသိဘူး။သူတို့ထောက်ပံ့ကြေးကိစ္စကို ဆွေးနွေးမလိုဆိုတယ်”လို့ ပြောပါတယ်။

အလားတူ ထိုကဲ့သို့ ငွေကြေးထောက်ပံ့မည့် အစီစဉ်နှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးထံ ထပ်မံမေးမြန်းရာ “မနက်ဖြန်တော့ မဝေလောက်သေးဘူး။ရပ်ကွက်တွေကို ခွဲရမှာ ပြု့ရမှာ ရှိသေးတယ်”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးထံ ဆက်သွယ်ရာ၌ မသိရှိသေးကြောင်း၊ ရွေးကောက်ပွဲအတွက် ကွင်းဆင်းဆောင်ရွက်နေရ၍ မသိသေးကြောင်းပြောပါတယ်။

ထပ်မံ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် အလုပ်များနေ၍ ကြောင်း ပြောဆို၍ ဖုန်းချသွားပါတယ်။

Stay At Home သက်မှတ်ထားသည့် မြို့နယ်များရှိ အခြေခံအိမ်ထောင်စု တစ်စုလျင် ကျပ်ငွေလေးသောင်း ထောက်ပံ့မည်ဖြစ်ပြီး အခြားသော တိုင်းဒေသကြီး/ပြည်နယ်များရှိ Stay At Home သက်မှတ်ထားခြင်း မရှိသည့် မြို့နယ်များရှိ အခြေခံအိမ်ထောင်စု တစ်စုလျင် ကျပ်ငွေ နှစ်သောင်းထောက်ပံ့မည်ဖြစ်ပါတယ်။-credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *