ကျန်းမာရေး သတိပေးချက်တွေ လှည့်ပြီး အော်နေတဲ့ အုပ်ကြီးနှင့် ဘာမှမသိလိုက်တဲ့ ပြည်သူ

ကျန်းမာရေး သတိပေးချက်တွေ လှည့်ပြီး အော်နေတဲ့ အုပ်ကြီးနှင့် ဘာမှမသိလိုက်တဲ့ ပြည်သူ

အုပ်ကြီးတွေ ရပ်ကွက်ထဲ ကြေငြာချက်တွေ လှည့်ပြီး အော်တာ ပြောအုံးမယ်။တစ်ချို့က ဆိုက်ကားပေါ် လော်တင်ပြီး ဖွင့်တယ်.. တစ်ချို့က ကားပေါ် လော်တင်ပြီး ဖွင့်တယ်.. တူညီတာ တစ်ချက်ကတော့ ဆိုက်ကားရော ကားရောကို ရပ်ကွက်ထဲ လှည့်နေရင်း ဖွင့်တာပဲ။

စမ်းချောင်းမြို့နယ်နေ ပြည်သူများခင်ဗျား.. ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေငြာထားသော ထုတ်ပြန်ချက်အရ.. ဒီလောက်ပဲ ကြားလိုက်ရတယ်၊ ပြီးတော့ အသံက တိုးပြီး ပျောက်သွားရော။ ဘာများပြောမလဲ သေချာထိုင်နားထောင်နေတဲ့သူက ဟက်ကော့ကြီး

ပျောက်ဆို ဆိုက်ကားရော ကားရောက လှည့်နေတာလေ၊ တစ်နေရာထဲ ရပ်ဖွင့်တာမှမဟုတ်တာ။ အဲ့တော့ ကိုယ့်အခန်းကသာ ထိုင်နားထောင်နေရင် ဘယ်တော့မှ ကြေငြာချက်အပြည့်အစုံ မကြားရဘူးရယ်။ကြေငြာချက်အပြည့်အစုံသာ ကြားချင်ရင် အိမ်မှာမနေဘဲ သူတို့ကားနောက်က တောက်လျှောက် လိုက်ပြီး နားထောင်မှပဲရမယ်။

အိမ်ထဲနေတဲ့သူတွေကို အချက်အလက်တွေ အပြည့် သိစေချင်တာလား၊ မြန်မြန်ပြီး မြန်မြန်အိမ်ပြန်ချင်တာလား မသဲကွဲဘူးရယ်.. ပြီးရင်ပြောအုံးမယ်၊ ငါတို့က ကြေငြာပြီးသွားပြီ။ မင်းတို့ မသိတာ မင်းတို့အပြစ်(တကယ်က တစ်နေရာမှာ ရပ် အစအဆုံးဖွင့်၊ ပြီးမှ နောက်ထပ် ၁၀ အိမ်ကျော်လောက် သွားရပ် ထပ်ဖွင့် အဲ့လိုသွားရမှာ။ အလုပ်က မလုပ်ချင်ဘူး တာဝန်ကျေပြီးရောလုပ်တာ)ဒေါက်တာကျော်ကျော်စိုင်း-credit






Add a Comment

Your email address will not be published. Required fields are marked *