အုတ်ဖိုအေးမြသာယာအုပ်စုရဲစခန်းကရဲတပ်သားတဦးမှာပိုးတွေ့ခဲ့လို့ရဲစခန်ခန်းတခုလုံးကို Lock Down ချ

အုတ်ဖိုအေးမြသာယာအုပ်စုရဲစခန်းကရဲတပ်သားတဦးမှာပိုးတွေ့ခဲ့လို့ရဲစခန်ခန်းတခုလုံးကိုLockDownချ

အုတ်ဖို၊ နိုဝင်ဘာ ၂၀၊ ၂၀၂၀။ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စုအတွင်း နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၄ ဦး ထိများပြားလာသည့်အပြင် ရဲစခန်းအတွင်းပိုးတွေ့လူနာတွေ့ရှိခဲ့တာလို့ ထိတွေ့သူတွေကို ထိန်းချုပ်နိုင်ရန် ရဲစခန်းတခုလုံးကို Lock Down ချထားလိုက်တာဖြစ်ပါတယ်။

အေးမြသာယာမြို့သစ်အမှတ် ၁ စျေးမှာ စျေးရောင်းသူ အမျိုးသမီးမှာ ၁၈ ရက်နေ့့က Positive ဖြစ်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ အေးမြသာယာနယ်မြေရဲစခန်းက ရဲတပ်သားကိုလဲ RTD Test နဲ့ စစ်ဆေးခဲ့ရာ Positive တွေ့ရှိပြီး အဆိုပါရဲတပ်သားနဲ့ မိသားစုဝင်တွေဟာ ရဲစခန်းပြင်ပနေထိုင်သူတွေဖြစ်ပေမယ့် ရဲစခန်းအတွင်း လာရောက် အထွေထွေတာဝန်ထမ်းဆောင်သူဖြစ်တာကြောင့် သူနဲ့အတူ ကင်းသားတာဝန် ထမ်းဆောင်တဲ့သူတွေကိုလည်း Home Quarantine ထားပြီး ဒီကနေ့ နံနက်ပိုင်းက ရဲစခန်းတခုလုံးကို Lock Down ချလိုက်တာဖြစ်တယ်လို့ အုတ်ဖိုမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းလွင်က ဆိုပါတယ်။

မနေ့က ကင်းအတူကျတဲ့ကင်းအဖွဲ့သား ၆ ဦး ကိုအေးမြသာယာရဲစခန်းမှာ Home Quarantine ထားတယ်။ လိုင်းခန်းအလွတ်တွေမှာ တခန်းတစ်ယောက်ဆီနဲ့ ထားတယ်။ Positive တွေ့တဲ့ တပ်သားကိုတော့ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံမှာ Positive လူနာအဖြစ်ထားရှိပြီး ဆေးကုသလျက်ရှိတယ်။

လူနာနဲ့ထိတွေတဲ့သူတွေကို Home Quarantine ထားပြီးတော့ ဒီနေ့မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ အေးမြသာယာအုပ်စုမှာလဲ အုတ်ဖိုမြို့နယ် အနေနဲ့ကြည့်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ပိုးတွေ့လူနာတွေ တွေ့ခဲ့ရတဲ့အတွက် ထိန်းချုပ်တဲ့အနေနဲ့ အေးမြသာယာရဲစခန်းကို ဒီနေ့ ၂၀ ရက်နေ့ မနက် ၉ နာရီမှာ Lock Down ချလိုက်တာပါ” လို့ အုတ်ဖိုမြို့နယ် ရဲတပ်ဖွဲ့မှူူး ရဲမှူးထွန်းလွင်က ပြောပါတယ်။

နယ်မြေလုံခြုံရေး၊ ရဲလှည့်ကင်းဆောင်ရွက်တဲ့ကိစ္စတွေရပ်တွေ၊ ရဲလုပ်ငန်းကိစ္စရပ်တွေ၊ အမှုဖွင့် အရေးယူဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေကို အုတ်ဖိုမြို့မရဲစခန်းအရာရှိဦးစီးပြီးတော့ တပ်စု ၁ စု၊ အိုးသဲ့ကုန်းနယ်မြေရဲစခန်းအရာရှိ ဦးစီးပြီးတော့တပ်စု ၁ စု၊ စုစုပေါင်း အုပ်စု ၂ စုကို အေးမြသာယာရဲစခန်းရှေ့မှာရှိတဲ့ အမှတ် ၄ ရပ်ကွက် ဓမ္မာရုံမှာ အခြေပြုပြီးတော့

နယ်မြေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ ရဲလုပ်ငန်းပိုင်းဆိုင်ရာများ၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ ဆောင်ရွက်ဖို့ Lock Down ချထားတဲ့ ကာလမှာ တာဝန်ပေးထားတယ်လို့ ရဲမှူးထွန်းလွင်က ရှင်းပြပါတယ်။
အေးမြသာယာအုပ်စုမှာ အုတ်ဖိုမြို့နယ်အနေနဲ့ ၄ ရက်အတွင်း ပိုးတွေ့လူနာ ၁၄ ဦးထိ မြှင့်တက်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။သတင်းနှင့် ဓာတ်ပုံ -လေပြေ-#မြေလတ်အသံ SiThu Maung-credit








Add a Comment

Your email address will not be published. Required fields are marked *