စစ်တွေမှာ ကိုဗစ်ကာလ ထောက်ပံ့ကြေး မရသူတွေ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

စစ်တွေမှာ ကိုဗစ်ကာလ ထောက်ပံ့ကြေး မရသူတွေ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

ကိုဗစ်ကာလဝင်ငွေနည်းမိသားစုတွေကို နိုင်ငံတော်ကနေ တစ်အိမ်ထောင် ကျပ်ငွေ ၄ သောင်းစီ ထောက်ပံ့ပေးရာမှာ စစ်တွေမြို့နယ်အတွင်း တချို့ရပ်ကွက်တွေမှာ ကျပ် ၁ သောင်းခွဲ၊ တချို့ရပ်ကွက်တွေမှာ ကျပ် ၂ သောင်း စသဖြင့် ရရှိနေကြပြီး မရရှိတဲ့သူတွေလည်း အများအပြား ရှိနေကြတာဖြစ်ပါတယ်။

စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှု အများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး လူထုကို အိမ်ထဲမှာသာနေဖို့ stay at home သတ်မှတ်ထားသလို လုပ်ငန်းအများစု ပိတ်သိမ်းထားကြတဲ့အတွက် လက်လုပ်လက်စားအလုပ်သမား မိသားစုတွေဟာ အလုပ်လက်မဲ့ဖြစ်နေကြပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

နိုင်ငံတော်က stay at home မြို့နယ်တွေမှာရှိတဲ့ ဝင်ငွေနည်းမိသားစုတွေကို တစ်အိမ်ထောင် ကျပ်ငွေလေးသောင်းစီ ထောက်ပံ့ပေးထားပေမယ့် နှစ်သောင်းကျပ်သာရရှိနေကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အိမ်ထောင်စုစာရင်းမဝင်တဲ့ ကျူးကျော်မိသားစုအများအပြားဟာ အဲ့ဒီထောက်ပံ့ကြေးတွေကိုမရရှိတဲ့အတွက် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်မှာ လူဦးရေ တစ်ရာလောက်ကက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

ထောက်ပံ့ကြေးရရှိရေး၊ တန်းတူဆက်ဆံခံရရေး၊ မတရားမှုပပျောက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုနေကြတဲ့အချိန်မှာ ရဲတပ်ဖွဲ့ကရောက်ရှိလာခဲ့ပြီး လုံခြုံရေးတိုးမြှင့်ချထားမှုတွေကိုပြုလုပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က ဆန္ဒပြတောင်းဆိုတဲ့သူတွေ ထောက်ပံ့ကြေးရရှိရေးအတွက် စာရင်းကောက်ယူမှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-မြင့်လွင်(ဘီဘီစီမြန်မာပိုင်း)ဘီဘီစီမြန်မာပိုင်း-credit

unicode စဈတှမှော ကိုဗဈကာလ ထောကျပံ့ကွေး မရသူတှေ အုပျခြုပျရေးမှူးကို ဆန်ဒပွ





Add a Comment

Your email address will not be published. Required fields are marked *