ပေါက်စီနဲ့ ဆူပု သောင်းကျန်းမှု့

ပေါက်စီနဲ့ ဆူပု သောင်းကျန်းမှု့

ဆိပ်ကမ်း ပေါက်စီ ကိစ္စကို လေ့လာကြည့်လိုက်။အိမ်မဲက ကရင် ချာတိတ်လေး၁၈ ယောက်လောက် ခေါ်ခိုင်းတယ်။အသက်မပြည့်သူတွေ ပါတယ်။ပြောသာပြောရ အဲ့ဒီအလုပ်ရှင်မှ မဟုတ်ဘူး။တခြားအလုပ်ရှင်တွေလည်း လစ်ရင်လစ်သလိုအသက်မပြည့်သေးသူတွေကို အိမ်ဖော် အလုပ်သမား ခေါ်ခိုင်းနေကြတာတွေ ပြည့်လို့ ပြဿနာ မတက်သေးရင် ဘာမှ မဖြစ်ဘူး။

အလုပ်သမားဝန်ကြီးဌာနကလည်းဟေ့ ကောင်လေး ပေါ့ဆိမ့်တခွက်ရူဘီချ မှာပြီး ကြာနေရင် ခလေးကိုငေါက်သေးတာ။ကလေးသူငယ်အရေး ဘာညာ ဖောင်ဖွဲ့ပြီးပရိုပိုဆယ် တင်စားနေသူတချို့ကလည်းဘီယာဆိုင်မှာ ဝိတ်တာကလေးကိုကျ ဆဲတယ်။ဒါက မြန်မာပြည်မယ် ခိုင်းလို့မရမှန်းကိုတချို့က မသိကြတော့ဘူး။မြို့ကြီးတေမယ် ပိုကျိုးကျအောင်ဆိုပြီးအိမ်ဖော်ဆို ငယ်လေ သဘောကျလေ။

နှစ်ချီမွေးပြီး ကျွန်ပြုကြတာတွေ ပြည့်လို့။ဒါတွေက ဥပဒေတင်မက လူထု ပညာပေးဒဏ်ပေးစနစ်နဲ့ သွားမှရမယ်။အခု ဖြစ်လာတဲ့ ပြဿနာက ကလေးတွေ နှိပ်စက် ရိုက်နှက်ခံရတယ် ဆိုတာက စတယ်။ကလေးတွေသာ မရိုက်ခံရဘူးဆိုရင် အများစုက လက်ခံ ကြည့်နေကြမှာပဲ။ ပေါက်ဆီ လာဝယ်ရင်း ကြာနေရင် ကလေးကို ဆဲထားခဲ့အုန်းမှာ။ ပြေးကြည့်စရာ မလိုဘူး ဒါထုံးစံပဲ။

ဒီကိစ္စမှာ လူထုက စသိပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရဲက ချက်ချင်းအက်ရှင်ယူတယ်။ပေါက်စီလုပ်ငန်းရှင်တွေကို ဖမ်းတယ်။ကလေး ၁၈ ယောက်ကို ကယ်တင်စောင့်ရှောက်လိုက်တယ်။အမှန်ဆို ဒါ ပြီးသွားရမယ့်ကိစ္စ။ ဒါပေမယ့် အာဏာရူး အကောင့်တချို့က fb ပေါ်ကနေအမျိုးမျိုးရေးပြီး ဖွ နေကြတယ်။

လိုက်ကြည့်ပါ တရုတ် ဆိုတဲ့ စကားလုံးကိုတင်းကြမ်းသုံးပြီး ဖွနေတာတွေ့ရမယ်။ )ထပ်ပြီး အရပ်ထဲ ကောလဟာလ ထပ်လွှင့်တယ်။ အပုပ်နံ့တွေရတယ်။ သွေးကွက်တွေတွေ့တယ်။ မြေအောက်ခန်းရှိတယ်။လူသားပေါက်စီလုပ်တယ်။အိမ်ထဲမှာ ကလေးတွေ ကျန်သေးတယ်။ပိတ်လှောင်ထားတယ်။

ဝင်ကယ်သင့်တယ်စသဖြင့်လူထုသွေးဆူအောင် အမျိုးမျိုး ဖွကြတယ်။မနေ့ညကဆို ဒေါင်းမာန်ဟုန် ရဲ့ vdo clip မှာဘယ်ကမှန်းမသိတဲ့ မိန်းမတွေက သူရို့ကလေးပျောက်ကြောင်း ဘာညာ လာလုပ်တာရှိသတဲ့။
လူအုပ်ကြီးကလည်း အစပိုင်း ဆိပ်ကမ်းမြို့နယ်က မဟုတ်သူတွေချည်းလို့ ဆိုတယ်။နေ့ပိုင်းက အရပ်ဘက်ရဲဘက် အိမ်ထဲထိဝင်ကြည့်ကြဖို့ လုပ်ပေးပြီးပြီပဲ။

မှန်ပြတင်းက ကလေးငယ်ရဲ့ အရိပ်တွေ့တယ် ဘာညာဆက်ဖွ နေကြတယ်။live လွှင့်သူတိုင်းကို မဆိုလိုဘူး။ကျနော် ကြည့်လိုက်ရတဲ့ live မှာဆိုlive လွှင့်သူကရဲတပ်ဖွဲ့အဆိုး ပေါက်စီအဆိုးကိုပါးပါးလေးပြောရင်း လူထုစိတ်ကိုဒေါသပိုထွက်အောင် မြှောက်ပေးနေတယ်။ သွေးထိုးလှုံ့ဆော်နေတယ်။ရဲကို အိမ်ထဲ အဝင်မခံလို့ ခဲနဲ့ထုတယ်ဆိုတာထားပါအုန်း။

အနီးအနားက ခဲနဲ့ထုလို့ရလို့။လေးခွနဲ့ ကုန်းသီးနဲ့ပစ်တာကျတော့သေချာစီစဉ်ပြီး လက်နက်ကိုင်လာတာဖြစ်သွားပြီ။ပုလင်းမီးရှို့ ပစ်တယ်လည်း ကြားရတယ်။တုတ်ကိုင်ထားသူ အများအပြားကိုလည်းတွေ့ရတယ်။လူမျိုးရေး မှိုင်းတိုက်မှု ပါလာတယ်။ပြီးပြီးသားကိစ္စကို ပြင်ပ ပယောဂသွေးထိုးလှုံ့ဆော်မှု လုပ်ပြီး အထိကရုဏ်းဖြစ်စေဖို့ ဖန်တီးသူတွေ ရှိနေတယ်။

ကလေးသူငယ်ပါလာတော့လူထုပါ သွေးဆူကုန်ကြတယ်။အနှစ်ချုပ်က ဒါပါပဲ။တချို့က ဒါကို အပြစ်တင်ချင်ကြသေးတယ်။ခုကိစ္စမှာ အရပ်ဘက်ရဲဘက်အက်ရှင်ယူတာလည်း မြန်ပါတယ်။မှန်မှန်ကန်ကန် လုပ်သွားတယ်လို့ ပြောလို့ရတယ်။ လူထု စိတ်ကျေနပ်အောင် အိမ်ထဲထိလူထုအပြင် မီဒီယာပါ ပေးဝင်စစ်ဆေးခိုင်းတာတောင် ပိုသေးတယ်။

ဒါကိုမှ အာဏာရူးအုပ်စုတစုကသက်သက်မဲ့ဖွတာ ရှင်းနေတာပဲ။မီဒီယာတွေပါ ဆိုးဝါးလွန်းတယ်။တရုတ်ချင်းထပ်အောင် ပြောဆိုနေတာတွေမလုပ်သင့်။တချို့ အငုံ့စိတ်လေးနဲ့ ပြောဆိုနေကြတာလည်း ကြည့်မကောင်းဘူး။နောက်ဆုံး သိလိုက်ရတာတော့မြန်မာလူမျိုးတချို့ဟာဆွလို့ ဖွလို့ လွယ်သေးတယ် ဆိုတာပါပဲ။

ကားတွေ ဖျက်ဆီး အဆောက်အအုံကိုဖျက်ဆီးတာတွေဟာမှန်မှန်မှားမှား အကြမ်းဖက်မှုပါပဲ။အကြမ်းဖက်လိုတဲ့ စရိုက် မြှောက်ပေးလိုတဲ့စရိုက်တွေကို အများကြီး ပြင်ရအုန်းမယ်။Post တွေ မန့်တွေသာ ဖတ်ကြည့်ပါ။
စိတ်ဓာတ်တွေ အများကြီး ပြင်ဖို့လိုအပ်ပါသေးတယ်။#ဘရမ်ဆိုင်းPhoto Credit။‎Moe Myint Kyal Sin‎-credit

Add a Comment

Your email address will not be published. Required fields are marked *