လူမှုကူညီရေးယာဉ်နှင့်ထိခိုက်မိ၍ သေဆုံးသွားသူ၏ နောက်ဆုံးခရီး၌ ဒူးထောက်၍ တောင်းပန်ခဲ့ကြသည့် မြိုတ်မြို့ လူမှုကူညီရေးအသင်းသားများ

လူမှုကူညီရေးယာဉ်နှင့်ထိခိုက်မိ၍ သေဆုံးသွားသူ၏ နောက်ဆုံးခရီး၌ ဒူးထောက်၍ တောင်းပန်ခဲ့ကြသည့် မြိုတ်မြို့့ရှိ လူမှုကူညီရေးအသင်းသူ/အသင်းသားများ

ရန်ကုန်၊နိုဝင်ဘာ-၂၁(PeopleMedia)တနင်္သာရီတိုင်း၊မြိတ်မြို့၌ COVID-19 ရောဂါရှိသူနှင့်ထိတွေ့ခဲ့သူတစ်ဦးကို လူမှုကူညီရေးအသင်းသွားရောက်ခေါ်ဆောင်စဉ် မြို့အတွင်းရှိ မီးပွိုင့်တစ်ခု၌ ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်းသေဆုံးခဲ့သည်။

အဆိုပါ သေဆုံးမှုကို မြိတ်မြို့ရှိ လူမှုကူညီရေးအဖွဲ့များရှိ လူမှုကူညီရေး အသင်းသူ/အသင်းသားများက သေဆုံးသူ၏ နောက်ဆုံးခရီး၌ ခွင့်လွှတ်ပေးရန် ဒူးထောက်၍ တောင်းပန်ခဲ့ကြသည်။“COVID-19 ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတစ်ဦးကို သွားခေါ်တဲ့ ယာဉ်နဲ့ မီးပွိုင့်မှာ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးနဲ့ တိုက်မိပြီး ကောင်လေးဆုံးသွားတယ်။

ဆုံးသွားတော့ သူ့ရဲ့နာရေးမှာ နာရေးကူညီမှု အသင်းအားလုံးက ဒူးထောက်ပြီး သုသာန်အဝင်မှာ တောင်းပန်တာပါ”လို့ မြိတ်မြို့ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက PeopleMedia ကို ပြောသည်။

ထို့အတူ အဆိုပါ သေဆုံးမှု ဖြစ်စဉ်အပေါ် မြိတ်မြို့ရှိ လူမှုရေးအဖွဲ့ အသင်းသူ/သားများက “စာနာ နားလည်ခွင့်လွှတ်နိုင်ကြပါစေဟု မျော်လင့်ရုံမှတစ်ပါး အခြားမရှိပြီ။စာနာ နားလည်ခွင့်လွှတ်နိုင်ပါစေ။ပြင်သင့်တာကို ပြင်ပါမယ်”စသည်ဖြင့် ၎င်းးတို့၏ FB စာမျက်နှာ၌ ရေးသားထားသည်။Photo-ကိုမင်းလွင်ဦး။SiThu Maung-credit





Add a Comment

Your email address will not be published. Required fields are marked *