ကျောက်မဲခရိုင်တွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ပစ်ခတ်ခံရသဖြင့် သေဆုံး

ကျောက်မဲခရိုင်တွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ပစ်ခတ်ခံရသဖြင့် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် မဲဆန္ဒနယ်အမှတ်(၁)ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ NLD ပါတီက ကိုယ်စားလှယ်
ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်ပင်တိန်ရွာက သူ့ရဲ့ နေအိမ်မှာ မနေ့ကညနေ ၆ နာရီလောက်က သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ကျောက်မဲမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အတည်ပြုပါတယ်။

ဦးထိုက်ဇော်ဟာနေအိမ်မှာ ကွမ်းရောင်းဖို့ ကွမ်းယာယာနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။​သေနတ်ဒဏ်ရာရရှိတဲ့ဦးထိုက်ဇော်ကို ကျောက်မဲဆေးရုံကိုပို့ဆောင်ကုသပေမယ့် သေနတ်ဒဏ်ရာပြင်းထန်လို့သေဆုံးသွားခဲ့
တယ်လို့ ပြောပါတယ်။

ဦးထိုက်ဇော်ဟာ ၂၀၂၀ အထွေထွေကောက်ပွဲမှာ ကျောက်မဲခရိုင်ကနေ နှစ် ၃၀အတွင်း NLD ပါတီက ပထမဆုံးအနိုင်ရရှိတဲ့ အနိုင်ရ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အိမ်ကိုလည်း ညပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။

Credit,

ကျောက်မဲခရိုင်တွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ပစ်ခတ်ခံရသဖြင့် သေဆုံး




Credit,

Add a Comment

Your email address will not be published. Required fields are marked *