ဒုက္ခရောက်နေတဲ့ပလောင်ကိုရင်လေးတွေအတွက် သင့်ရဲ့ ရှယ်ပေးချင်းဖြင့်ကူညီပေးကြပါ

ဒုက္ခရောက်နေတဲ့ပလောင်ကိုရင်လေးတွေအတွက် သင့်ရဲ့ ရှယ်ပေးချင်းဖြင့်ကူညီပေးကြပါ

အလှူခံပို့စ်ပါ ကျေးဇူးပြု၍ အချိန်ပေးပြီး ဖတ်ပေးစေချင်ပါတယ်ရှင့်စွန့်ပစ်ခံနေရတဲ့ ပလောင်တိုင်းရင်းသား လူနာကိုရင်နှင့်အတူနေ ကိုရင်လေးနှစ်ပါးအတွက် အလှူခံပါရစေဝေးလံခေါင်သီလွန်းတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ် ကျွန်းတောင်ရွာမှ မန္တလေးမြို့ကဘုန်းကြီးကျောင်းတစ်မှာ ပညာသင်ကြားနိုင်ဖို့အတွက်ကိုရင်ဝတ်နဲ့ရောက်လာခဲ့တဲ့

ပလောင်ကိုရင်လေးဟာဆွမ်းစားရင်း ရုတ်တရက်လေဖြတ်သလိုဖြစ် သတိမေ့ပြီး ဆေးရုံတင်လိုက်ရပါတယ်။အခန်းအတူနေ ကိုရင် ၂ပါးနှင့်အတူ မန္တလေးဆေးရုံကြီး ၉ထပ်ဆောင် ၅လွှာ ကုတင်နံပါတ် ၂၈မှာဆေးကုသမှူခံယူနေရပါတယ်။ကိုရင်လေးအခြေအနေက စကားသာပြောနိုင်ပြီးတစ်ကိုယ်လုံးက အကြောများသေသွားသလို ပျော့ဖတ်ပြီးမလှူတ်ရှားနိုင်တော့ပါဘူး။

ကိုဗစ်ရောဂါတွေနဲ့ကြောင့် ဝေဒနာရှင်ကိုရင်နှင့်အတူအခန်းဖော် ကိုရင် ၂ပါးကိုပါကိုရင်တို့နေခဲ့တဲ့ဘုန်းကြီးကျောင်းက လုံးဝပြန်မလာရလက်မခံတော့ပါဘူးလို့ကျောင်းထိုင်ဆရာတော်ကမိန့်လိုက်ပါတယ်တဲ့။ယခု ဘာသာစကားမကျွမ်းကျင်တဲ့ကိုရင်လေး ၃ပါးမှာဆေးကုသစရိတ်မပြောနဲ့ ဆွမ်းစားဖို့တောင်ခက်ခဲနေပါတယ်။ပိုက်စံလည်း မရှိပါဘူးတဲ့။

လူနာကိုရင်အတွက် ပါလာတဲ့ငွေလေး အန်ရှူးဝါးထုပ်၂၄၀၀တန်၁ထုတ်ဝယ်ထားပါတယ်တဲ့။၂နာရီခြားတစ်ကြိမ်နှာခေါင်းပိုက်ကနေအစာသွင်းပေးဖို့ဆေးရုံကညွှန်ကြားထားပေမယ့် နောက်ထပ်ဝယ်ဖို့ မရှိပါဘူးတဲ့။နေစရာမရှိတော့တာကနောက်မှရှင်းပေးလို့ရပေမယ့်

ဆေးကုသစရိတ်နဲ့ဆွမ်းစားဖို့အတွက်က အရေးပေါ်လိုအပ်နေပါတယ်လို့ကျမတို့ဆီကို ဆက်သွယ်အကူညီတောင်းခံလာပါတယ်။မိဘဆွေမျိုးမရှိ ဘာသာစကားနားမလည် အားကိုးရာမဲ့နေကြတဲ့ ကိုရင်လေး ၃ပါးအတွက်ကျမတို့လည်း တတ်နိုင်သလောက်ကူပေးပါ့မယ်။

အလှူရှင်များလည်းဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါစေကိုယ်တိုင်ဆေးရုံကိုတိုက်ရိုက်သွားကူညီပေးလို့လည်းရပါတယ်။ကျမတို့ကတစ်ဆင့်လှူဒါန်းပေးပါဆိုလျှင်လည်း ကူညီပေးပါ့မယ်။အဖြူရောင်နှင်းဆီပရဟိတလူငယ်အဖွဲ့
09455390571 kpay-WaveAcc-credit

Add a Comment

Your email address will not be published. Required fields are marked *