မိုးကုတ်က ပေ ( ၁၅၀ ) နက်တဲ့ ကျောက်တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ကျောက်တူးသမားရဲ့ဖြစ်ရပ်

မိုးကုတ်က ပေ ( ၁၅၀ ) နက်တဲ့ ကျောက်တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ကျောက်တူးသမားရဲ့ဖြစ်ရပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ၊ ဘော်ပဒါန်းကျေးရွာရှိ ဘုံခေါင်းကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွင် တွင်းလုပ်သား(၁)ဦးတွင်းအနက် ပေ(၁၅၀)ခန့်သို့ မတော်တဆပြုတ်ကျမှုူဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များသည်

သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၄း၅၀) အချိန်ခန့်တွင် တွင်းလုပ်သားအားအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် မြို့နယ် rescueအဖွဲ့မှ သူနာတင်ယာဉ်ဖြင့်

မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ဒီလောက်နက်တဲ့ တွင်းထဲ ပြုတ်ကျပြီး ဒဏ်ရာအနည်းငယ်ပဲရတယ်ဆိုတာ အရမ်း ကံကောင်းလို့ပါပဲ….အသက်စွန့်ပြီး ကျောက်ရှာရတဲ့ ကျောက်တူးသမားတွေ အန္တရာယ် ကင်းကြပါစေ…credit





Add a Comment

Your email address will not be published. Required fields are marked *