တရုတ်တွင် ဓါတုသုံးပြီးသားသံပြားများဖြင့် အဆိပ်ပါ အကြော်အိုးများပြုလုပ်နေ

တရုတ်တွင် ဓါတုသုံးပြီးသားသံပြားများဖြင့် “အဆိပ်ပါ” အကြော်အိုးများပြုလုပ်နေ

ဓါတုသုံး ပီပါ သံပြားများဖြင့် “အဆိပ်ပါ” အကြော်အိုး များပြုလုပ်နေ ကြောင်း တရုတ်အစိုးရပိုင် CCTV-13 မှ ဖော်ပြ ခဲ့သည်။ ဈေးကွက်ထဲရှိ ဈေးပေါသော သံပြားဟင်းကြော်အိုးများအား CCTV-13 မှ သတင်းထောက်များမှ လျှို့ဝှက် လေ့လာရာမှ အဆိုပါ ပြဿနာကြီး တရပ်အား ၎င်းတို့က လူသိရှင်ကြား ဖော်ထုတ် နိုင်ခဲ့သည်။

အဓိက အနေဖြင့် ကျောက်ကပ်များကို ထိခိုက်စေမည့် ခဲဆိပ်တက်တတ်သော အဆိုပါ ဟင်းကြော်အိုးများသည် ဈေးပေါသည် ။ သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာသက်သာ စေနိုင်မည့် ဓါတုဗေဒ အရည်များ ထည့်သွင်း သိုလှောင်ရာ၌ သုံးသော ပီပါများကို အသုံးပြုကြသည်ဟု ဆိုသည်။

ဓါတုသုံး ပီပါပိုင်း တလုံးအား ဖြတ်တော်၍ အကြော်အိုး (၁၀) ခုမ က ထုတ်လုပ်နိုင်ပြီး ရွာတရွာ ထဲ၌ပင် အဆိုပါ အိုးမျိုး တနှစ်လျှင် အခုရေ (၅) သိန်း အထိ ထုတ်လုပ်နိုင်ကြောင်း CCTV-13 မှဖော်ပြခဲ့သည်။

စာကြွင်း/- ” နမူနာသာ ယူခဲ့ပါ ဈေးနှုန်းညှိနှိုင်း နိုင်သည်ဆိုတဲ့”ကျယ်ဂေါင်ကဗွီနိုင်းတွေသွားမြင်မိတယ်။လမ်းဖြတ်သန်းခသာ “ဆက် ” ကြစမ်း ဘာမဆို မြန်မာပြည်ထဲ ” သွင်း ” နိုင်တယ်။ အဲ့ တော့ ပေါ ချောင် ကောင်း မကြိုက်ကြပါနဲ့ ။ Ref ; CCTV-13 / လေးစားစွာဖြင့် Crd ; Roland Zhang (S.S.M)

unicode






Related Posts

Leave a Reply

Your email address will not be published. Required fields are marked *