လုပ်ငန်းခွင်ထဲမှာ ကိုဗစ်ကူးစက်မှုကို ပိုပြီးပျံ့နှံ့စေတဲ့ အပြုအမူတခု

လုပ်ငန်းခွင်ထဲမှာ ကိုဗစ်ကူးစက်မှုကို ပိုပြီးပျံ့နှံ့စေတဲ့ အပြုအမူတခု

ကျနော်တို့ လုပ်ဖေါ်ကိုင်ဖက်တွေထဲမှာ Positive ဖြစ်သူတွေ ထွက်ပေါ်လာခဲ့တာ ရက်ပိုင်းရှိပါပြီ။ ဒီတစ်ပါတ်က စလို့ ကျနော်တို့ ဝန်ထမ်းတွေ ပြောင်းလဲလာတာ သိသာပါတယ်။ အကာအကွယ်တွေကို အချိန်ပြည့် နီးပါး ဝတ်ဆင်လာတာ သိသာပါတယ်။


ကျနော်အွန်လိုင်းမှာ မရေးဖြစ်ပေမယ့် အပြင်မှာ အယူအဆ တစ်ခုကို တွင်တွင်ကျယ်ကျယ်ပြောမိတာ တစ်ခု ရှိတယ်။ လုပ်ငန်းခွင်မှာ အပြည့်အစုံကာကွယ်မိလို့ ကူးစက်နိုင်ခြေနည်းပြီး ကိုယ့် ရပ် ကွက် ကိုယ့်အိမ်မှာ ကျတော့ မကူးစက်နိုင်ဘူးထင်လို့ ပေါ့လျော့မိလို့ ပိုကူးစက်နိုင်မယ်လို့ ယူဆကြောင်းပါ။ လုပ်ငန်းခွင်မှာ Mask ချွတ်တဲ့အချိန်က ထမင်းစားချိန်မို့ ကူးစက်မယ်လို့ ယူ ဆ ပါ တယ်။ စုမစားကြဖို့ တိုက်တွန်းမိတာ အခါခါပါ။

ကျနော်ယူဆသလိုမျိုး အမေရိကန်က Mayo ဆေးရုံတွေမှာ ဖြစ်ပါတယ်။ အဲဒီ ဆေးရုံတွေက ဝန်ထမ်း ၉၀၀ ကျော် ၂ ပါတ်အတွင်းမှာ ကူးစက်တယ်လို့ ဆိုပါတယ်။ ကူးစက်ခံရသူ ဆေး ဝန်ထ မ်းတွေရဲ့ ၉၃%ဟာ သူတို့ နေတဲ့ အိမ်တွေ ရပ်ကွက်တွေမှာ ကူးစက်ခံရတာ ဖြစ်ပြီး ကျန် ၇% ဟာ ထမင်းစားခန်းမှာ ကူးစက်တယ်လို့ ဆိုပါတယ်။ ကိုယ့်အိမ် ကိုယ့်ရပ်ကွက်မှာ ကူးစက်တတ်တာ ကာကွယ်ပါ။ အလုပ်ခွင်မှာ ထမင်းစုမစားပါနဲ့။ MU2 ရဲ့ လေဟာပြင် စားသောက် ဝရန်တာကြီး မြန်မြန်ပြီးပါစေ။

Credit,Maung Maung Oo






Credit,Maung Maung Oo

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *