မွန်မြတ်လှသောအပေါင်ဆိုင်တစ်ဆိုင်မှ အပေါင်ခံထားသည့် စက်ဘီးနှင့်ဆိုက်ကားများအား အခမဲ့ပြန်ပေးခဲ့ပိုင်ရှင် (ရုပ်သံဖိုင်)

မွန်မြတ်လှသောအပေါင်ဆိုင်တစ်ဆိုင်မှ အပေါင်ခံထားသည့် စက်ဘီးနှင့်ဆိုက်ကားများအား အခမဲ့ပြန်ပေးခဲ့တဲ့ပိုင်ရှင် (ရုပ်သံဖိုင်)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ရှိ အပေါင်ဆိုင်တဆိုင်က ၎င်းတို့ဆိုင်၌ လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့်ဆိုက်ကားများကိုအပေါင်လက်မှတ်ပြပါက အခမဲ့ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းဆိုင်ပိုင်ရှင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းဆိုင်မှာ ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော အပေါင်ဆိုင်ဖြစ်ပြီးကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့သည့်အနေဖြင့် ဆိုင်တွင် လာရောက်ပေါင်နှံထားသည့်စက်ဘီးနှင့် ဆိုက်ကားများကို အခမဲ့ပြန်ပေးခြင်း ဖြစ်ကြောင်း

ဆိုင်ပိုင်ရှင်ထံမှ သိရသည်။ “ကိုဗစ်ကာလမှာ ထောက်ပံ့တဲ့အနေနဲ့ဆိုင်မှာပေါင်ထားတဲ့စက်ဘီးနှင့်ဆိုက်ကားကို အပေါင်လက်မှတ်ပြပါက အခမဲ့ ပြန်ပေးပါတာ”ဟုဆိုင်ရှင်ဖြစ်သူ မခင်မာကြူကပြောသည်။ ၎င်း၏ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးအစီးရေ ၅၀ ကျော်နှင့်

ဆိုက်ကား ၃၀ ကျော်ရှိနေကြောင်း ဆိုင်၏စာရင်းများအရ သိရသည်။ ယခုလိုကပ်ရောဂါအချိန်တွင် စီးပွားရေးအဆင်မပြေသဖြင့် ပေါင်ထားသည့် ပစ္စည်းကို အခမဲ့ပြန်ပေးသည့်အတွက်ဝမ်းသာပြီး ဆိုင်ပိုင်ရှင်အား အထူးကျေးဇူးတင်ပါကြောင်း

စက်ဘီးနှင့်ဆိုက်ကားများကို လာရောက်ထုတ်ယူသူများ ထံမှသိရသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်

unicode







Add a Comment

Your email address will not be published. Required fields are marked *