ပုသိမ်သို့ ခိုးဝင်လာသည့် ရန်ကုန်ပြန်တဦးတွင် ပိုးတွေ့၊ ကားအတူစီးခဲ့သူ (၁၂) ဦးထိရှိ

ပုသိမ်သို့ ခိုးဝင်လာသည့် ရန်ကုန်ပြန်တဦးတွင် ပိုးတွေ့၊ ကားအတူစီးခဲ့သူ (၁၂) ဦးကို လိုက်လံ ရှာဖွေနေ

ရန်ကုန်ပြန် ခိုးဝင်လာသူတစ်ဦးနှင့်အတူ ပုသိမ်ကို ဝင်လာခဲ့သူများအနေဖြင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံထား။ ရန်ကုန်မှ ပုသိမ်မြို့ကို ခိုးဝင်လာပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ဖြစ်ခဲ့သူတစ်ဦးနှင့်အတူ ပုသိမ်မြို့ကို ဝင်လာသူများအနေဖြင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေတ္တာရပ်ခံထားပါတယ်။

ပိုးတွေ့အတည်ပြုလူနာ အမျိုးသားသည် လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်း စားတော်ပွဲ စားသောက်ဆိုင်မှ စားဖိုမှုးအလုပ် လုပ်နေသူဖြစ်ပြီး facebook ပေါ်တွင် တင်ထားသော ကားနံပါတ်ကို စုံစမ်းပြီး ပုသိမ်မြို့တွင်းသို့ ခိုးဝင်လာသူဖြစ်ကာ လှိုင်သာယာမှ Light Truck ကားတစ်စီးဖြင့် ပြန်လာခဲ့ပြီး ပုသိမ်မြို့အဝင် ကိုးဆူဂိတ်အနီးတွင် ကားသမား စီစဉ်ပေးသော ဆိုင်ကယ်ပြောင်းစီးကာ တောလမ်းမှ ပတ်ဝင်ပြီး မြို့ထဲသို့ ရောက်လာသူ ဖြစ်ကြောင်းသိရပါတယ်။

ပိုးတွေ့လူနာနှင့်အတူ ရန်ကုန်မှ ကားပေါ်တွင် အတူစီးလာသူ (၁၂) ဦးခန့်ရှိပြီး ကလေး (၄) ဦး ပါရှိပြီး ၎င်းတို့အနက် (၈) ဦးခန့်သည် ကိုးဆူဂိတ်မရောက်ခင် လမ်းဆုံတစ်ခုတွင် ဆင်းသွားခဲ့ပြီး (၃) ဦးမှာ ဆိုင်ကယ်ဖြင့် တောလမ်းမှ ပုသိမ်မြို့ထဲသို့ ညနေ(၄)နာရီခန့်တွင် ဝင်လာခဲ့ပြီး ဆေးရုံရှေ့ ထမင်းဆိုင်တွင် ထမင်းစားခဲ့ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားပါတယ်။

ခိုးဝင်လာသူသည် ကိုယ့်ကိုကိုယ် မသင်္ကာသဖြင့် ကန်ကြီးထောင့် ရှမ်းရွာရှိ နေအိမ်သို့ မပြန်ခင် သွေးလှူရန်အကြောင်းပြကာ သွေးစစ်ရန် ကြိုးစားခဲ့ပြီး သွေးဘဏ်၊ ခွဲစိတ်ဆောင်များသို့ သွားရောက်ကာ ဆရာဝန် ဆရာမများ ဓါတ်ခွဲဝန်ထမ်းများနှင့် တွေ့ခဲ့ကြောင်း ဆရာဝန် ဆရာမများက ခရီးသွားရာဇဝင် မေးမြန်းသောအခါမှ ရန်ကုန်ပြန်ဖြစ်ကြောင်း၊ Quarantine မဝင်ထားကြောင်း သိရှိသွားသဖြင့် ညတွင်းချင်း စစ်ဆေးရာက ပိုးတွေ့သွားခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

ပိုးတွေ့လူနာနှင့် ထိစပ်သွားခဲ့သော ကျန်းမာရေးဝန်ထမ်း (၁၂) ဦးကိုလည်း Hotel Quarantine, Home Quarantine ခွဲခြား ထားခဲ့ပြီး ဖြစ်ကာ ပိုးတွေ့လူနာအား ပုသိမ်တိုင်းရင်းဆေးရုံကို ညတွင်းချင်း ပို့ဆောင်ထားပြီး ဖြစ်ကာ ၎င်းနှင့်အတူ လှိုင်သာယာမှ ပုသိမ်သို့ ပြန်ဝင်လာသူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံပါသည်ဟု ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေတ္တာရပ်ခံရေးသား ထားပါတယ်။

လက်ရှိပုသိမ်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည့် ကိုဗစ်အတည်ပြုလူနာ ၃၆၇ ဦးရှိနေပြီး လူနာများထဲမှ (၃၀၂) ဦးသည် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်ပြန် ခိုးဝင်လာသူတစ်ဦးနှင့်အတူ ပုသိမ်ကို ဝင်လာခဲ့သူများအနေဖြင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံထား

ရန်ကုန်မှ ပုသိမ်မြို့ကို ခိုးဝင်လာပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ဖြစ်ခဲ့သူတစ်ဦးနှင့်အတူ ပုသိမ်မြို့ကို ဝင်လာသူများအနေဖြင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေတ္တာရပ်ခံထားပါတယ်။

ပိုးတွေ့အတည်ပြုလူနာ အမျိုးသားသည် လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်း စားတော်ပွဲ စားသောက်ဆိုင်မှ စားဖိုမှုးအလုပ် လုပ်နေသူဖြစ်ပြီး facebook ပေါ်တွင် တင်ထားသော ကားနံပါတ်ကို စုံစမ်းပြီး ပုသိမ်မြို့တွင်းသို့ ခိုးဝင်လာသူဖြစ်ကာ လှိုင်သာယာမှ Light Truck ကားတစ်စီးဖြင့် ပြန်လာခဲ့ပြီး ပုသိမ်မြို့အဝင် ကိုးဆူဂိတ်အနီးတွင် ကားသမား စီစဉ်ပေးသော ဆိုင်ကယ်ပြောင်းစီးကာ တောလမ်းမှ ပတ်ဝင်ပြီး မြို့ထဲသို့ ရောက်လာသူ ဖြစ်ကြောင်းသိရပါတယ်။

ပိုးတွေ့လူနာနှင့်အတူ ရန်ကုန်မှ ကားပေါ်တွင် အတူစီးလာသူ (၁၂) ဦးခန့်ရှိပြီး ကလေး (၄) ဦး ပါရှိပြီး ၎င်းတို့အနက် (၈) ဦးခန့်သည် ကိုးဆူဂိတ်မရောက်ခင် လမ်းဆုံတစ်ခုတွင် ဆင်းသွားခဲ့ပြီး (၃) ဦးမှာ ဆိုင်ကယ်ဖြင့် တောလမ်းမှ ပုသိမ်မြို့ထဲသို့ ညနေ(၄)နာရီခန့်တွင် ဝင်လာခဲ့ပြီး ဆေးရုံရှေ့ ထမင်းဆိုင်တွင် ထမင်းစားခဲ့ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားပါတယ်။

ခိုးဝင်လာသူသည် ကိုယ့်ကိုကိုယ် မသင်္ကာသဖြင့် ကန်ကြီးထောင့် ရှမ်းရွာရှိ နေအိမ်သို့ မပြန်ခင် သွေးလှူရန်အကြောင်းပြကာ သွေးစစ်ရန် ကြိုးစားခဲ့ပြီး သွေးဘဏ်၊ ခွဲစိတ်ဆောင်များသို့ သွားရောက်ကာ ဆရာဝန် ဆရာမများ ဓါတ်ခွဲဝန်ထမ်းများနှင့် တွေ့ခဲ့ကြောင်း ဆရာဝန် ဆရာမများက ခရီးသွားရာဇဝင် မေးမြန်းသောအခါမှ ရန်ကုန်ပြန်ဖြစ်ကြောင်း၊ Quarantine မဝင်ထားကြောင်း သိရှိသွားသဖြင့် ညတွင်းချင်း စစ်ဆေးရာက ပိုးတွေ့သွားခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

ပိုးတွေ့လူနာနှင့် ထိစပ်သွားခဲ့သော ကျန်းမာရေးဝန်ထမ်း (၁၂) ဦးကိုလည်း Hotel Quarantine, Home Quarantine ခွဲခြား ထားခဲ့ပြီး ဖြစ်ကာ ပိုးတွေ့လူနာအား ပုသိမ်တိုင်းရင်းဆေးရုံကို ညတွင်းချင်း ပို့ဆောင်ထားပြီး ဖြစ်ကာ ၎င်းနှင့်အတူ လှိုင်သာယာမှ ပုသိမ်သို့ ပြန်ဝင်လာသူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံပါသည်ဟု

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေတ္တာရပ်ခံရေးသား ထားပါတယ်။လက်ရှိပုသိမ်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည့် ကိုဗစ်အတည်ပြုလူနာ ၃၆၇ ဦးရှိနေပြီး လူနာများထဲမှ (၃၀၂) ဦးသည် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းသွားပြီ ဖြစ်ကြောင်း သိရပါတယ်။credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *