ထိုင်းနိုင်ငံနခွန်စီထမ္မရတ်ခရိုင်တွင် ရေကြီးရေလျှ့မှုကြောင့်လူ ၆ ဦးသေဆုံး ၊ ၁ဦးပျောက်ဆုံးနေ
|ထိုင်းနိုင်ငံနခွန်စီထမ္မရတ်ခရိုင်တွင် ရေကြီးရေလျှ့မှုကြောင့်လူ ၆ ဦးသေဆုံး ၊ ၁ဦးပျောက်ဆုံးနေ
ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီထမ္မရတ်ခရိုင် ထုန့်ဆုန်မြို့နယ် ထိဝမ်ကျေးရွာအုပ်စု တွင်ရေကြီးရေလျှံမှုကြောင့် ၁၂ ပေခန့်အထိရေစီးယာဉ်ငယ်များ ၊ ဆိုင်ကယ်များပါမျောပါပြီး ပုံတွင်မိခင်တစ်ဦးဟာ သူမရဲ့ရင်သွေးငယ်ကိုကျောပေါ်တင်ပြီးအသက်လုကာ နေအိမ်ကနေဖြတ်ကူးနေမှုကို ကယ်ဆယ်ရေးအဖွဲ့များနှင့်တိုး၍အသက်ဘေးမှလွတ်မြောက်ခဲ့သည်။
နေရာပေါင်း ၁၀၀ ထက်မနည်းရေလွှမ်းမိုးမှုဖြစ်ကာ အိမ်ထောင်စု ၆၀ခန့် မိသားစုတွေကို အမှတ် (၄) စစ်တိုင်းမှတပ်မတော်သားများမှ အရေးပေါ်ရွှေ့ပြောင်းပေးနေကြဆဲဖြစ်ပြီး မိမိတို့နေအိမ်အတွင်းမှအမြန်ဆုံးရွှေ့ပြောင်းကြဘို့အရေးပေါ်သတိပေးချက်များထုတ်ပြန်ထားသည်။
အမှတ်(၄) စစ်တိုင်းဌာနချုပ်မှစစ်တိုင်းမှုူး ဗိုလ်ချုပ်ဖွန်ဆတ်ဖွန်စဝပ် ကိုယ်တိုင်ရဟတ်ယာဉ်ဖြင့် လိုက်လံကြည့်ရှု့ကာလိုအပ်သည့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအား ကွပ်ကဲဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
Credit,Si Thu Maung
Credit,Si Thu Maung