မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်အမျိုးသမီး၁ဦး ကိုဗစ်၁၉ရောဂါကူးစက်ခံရ

မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်အမျိုးသမီး၁ဦး ကိုဗစ်၁၉ရောဂါကူးစက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး တစ်ယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မင်းလှကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ညနေ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုပိုးတွေ့လူနာ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးဟာ အနံ့မရလို့ ဆေးရုံလာပြတာကြောင့် RDT Test Kit နဲ့စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းလှမြို့နယ် ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။အတည်ပြုလူနာနဲ့ထိတွေ့မိသူတွေကို စာရင်းပြုစုနေပြီး Quarantine ထားရှိကာ ရောဂါပိုးရှိ/မရှိစစ်ဆေးသွားမယ်လို့ ဒေါက်တာလှဝင်းက ဆိုပါတယ်။

ပိုးတွေ့ရှိတဲ့မင်းလှမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်အမျိုးသမီးဟာ အုတ်ဖိုမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး အုတ်ဖိုမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၈ယောက် ရှိပြီလို့သိရပါတယ်။အတည်ပြုလူနာရဲတပ်ဖွဲ့ဝင် အမျိုးသမီးနဲ့ ထိတွေ့မိတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက် လောက်ကို Quarantine ထားရှိထားပြီး မင်းလှမြို့မ ရဲစခန်းကိုတော့ လော့ဒေါင်းချထားတာမရှိပါဘူးလို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မိုးဝင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ည‌နေအထိ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၂၀၀ အထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၅ ယောက်နဲ့ ဆေးကုသမှုခံယူနေသူ ၁၅ ယောက် ရှိပါတယ်။

Credit,သက်နိုင်ဝင်း

Add a Comment

Your email address will not be published. Required fields are marked *