အိမ်မှာရှိတဲ့တဘက်တွေနဲ့အဝတ်အစားတွေတော့ကုန်သွားပြီဆိုတဲ့ ကောင်းကျော်

အိမ်မှာရှိတဲ့တဘက်တွေနဲ့အဝတ်အစားတွေတော့ကုန်သွားပြီဆိုတဲ့ ကောင်းကျော်

ဟာသလူရွှင်တော်ဦးကောင်းကျော် ကတော့ အနုပညာနယ်ပယ်မှာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့ နေရာတစ်နေရာကို ရပ်တည်ထားသူပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ ဦးကောင်းကျော်က အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးရင်း တစ်နေ့တာရဲ့အချိန်တွေကို တန်ဖိုးရှိရှိ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

လတ်တလော Stay Home အချိန်လေးမှာတော့လိုင်းပေါ်ကနေကျောက်ပန်းအိုးလေးတွေပြုလုပ်တဲ့ နည်းလေးကိုလေ့လာပြီး ကိုယ်တိုင်ပြုလုပ်နေတာတွေ့ရပါတယ်။ သူလုပ်ထားတဲ့ ကျောက်ပန်းအိုးလေးတွေကလည်း လက်ရာမြောက်ပြီး ပရိသတ်တွေ ကြည့်ရှု့လို့ရအောင်လည်း ဖော်ပြပေးပါတယ်။

ယခုမှာလည်းဦးကောင်းကျော်က သူ့ရဲ့ပန်းအိုးလေးတွေစလုပ်ဖြစ်တဲ့ အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။ “Covid 19 ကပ်ရောဂါကြီးကိုအလုပ်လုပ်ဖို့ရှိနေတဲ့သူတွေက တိုက်စစ်ဖွင့်ပြီးကစားကြတယ်။ အလုပ်မရှိတဲ့ သူတွေက ခံစစ်နဲ့နောက်တန်းမပေါက်အောင် ကစားကြတယ်။

ခက်တာက တိုက်စစ်လည်းမဟုတ်၊ခံစစ်လဲပြောမရ အမိန့်လည်းမဟုတ်၊ ညွှန်ကြားချက်လည်းမဟုတ်၊ မေတ္တာရပ်ခံ ခြင်းလည်းမဟုတ်တဲ့ လေနဲ့ဝမ်းမကွဲပြားတဲ့ထုတ်ပြန်ချက်တွေကြားထဲမှာလူးလွန့်ရင်နဲ့အချိန်တွေကို ကုစားပြီးနေလာလိုက်တာ၊ အိမ်မှာရှိတဲ့ စောင်တွေ၊ တဘက်တွေ၊ အဝတ်စားတွေအတော်ကုန်တဲ့ လက်မှုပညာ သင်ကြားရင်နဲ့ပေါ့ဗျာ ” ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်တွေလည်း ဦးကောင်းကျော်ရဲ့ လက်မှု့ပညာလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။credit

unicode







Add a Comment

Your email address will not be published. Required fields are marked *