ေထာင္ထဲမွာ သူတတ္ကၽြမ္းတဲ့ အဆိုပညာနဲ႕ပရဟိတ လုပ္ေနတဲ့ အဆိုေတာ္ အစၥဏီ

ေထာင္ထဲမွာ သူတတ္ကၽြမ္းတဲ့ အဆိုပညာေလးနဲ႕ပရဟိတလုပ္ေနတဲ့ အဆိုေတာ္ အစၥဏီ

အဆိုေတာ္ အစၥဏီတစ္ေယာက္ ေထာင္ထဲမွာ ေနရတဲ့ အေျခအေနကို မိခင္ျဖစ္သူက ေျပာျပခဲ့တာပါ။ အစၥဏီရဲ႕ မိခင္ကေတာ့ ေထာင္ထဲမွာ အက်ဥ္းက်ခံေနရတဲ့ သားျဖစ္သူ အဆိုေတာ္ အစၥဏီရဲ႕ အေၾကာင္းေတြကို ပရိသတ္ေတြကို ေျပာျပလာပါတယ္။

ရည္စားေဟာင္းကို အဓမၼက်င့္ ႏွိပ္စက္မႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္(၇) ႏွစ္က်ခံေနရတဲ့ အဆိုေတာ္ အစၥဏီကေတာ့ အက်ဥ္းေထာင္ထဲမွာ သူတတ္ကြၽမ္းရာ ဂီတအလုပ္ေလးနဲ႔ အက်ဥ္းသားေတြကို သီဆိုေဖ်ာ္ေျဖေပးေနတယ္လို႔ အစၥဏီရဲ႕ မိခင္ျဖစ္သူက ေျပာခဲ့ပါတယ္။

“ သူက အခု သူဝါသနာပါတဲ့ ဂီတအလုပ္ေလးနဲ႔ အက်ဥ္းေထာင္ထဲမွာ သီခ်င္းဆိုေနတယ္။ ကိုဗစ္ကာလဆိုေတာ့ အကုန္လုံး ပိတ္ထားတဲ့ အခ်ိန္မွာ သူမ်ားေတြ မပ်င္းရေအာင္ဆိုၿပီးေတာ့ အေဆာင္ေတြ သြားၿပီးသီခ်င္းဆိုေပးရတယ္ ၾကားတယ္။ ဘာေၾကာင့္ ဒီလို သီခ်င္းဆိုတာလဲဆိုေတာ့ ေရာက္တဲ့ အရပ္မွာ ဒီလိုပဲ ပရဟိတအလုပ္ေလး သေဘာနဲ႔ အက်ဥ္းသားေတြကိုေဖ်ာ္ေျဖေပးေနတာပါ။ၿပီးေတာ့ ေထာင္ထဲမွာက အျပင္ကလို မဟုတ္ေတာ့ သူ႔ရဲ႕ အားတဲ့အခ်ိန္တိုင္းကို သီခ်င္းဆိုျပတယ္၊ ဘုရားတရားေတြ လုပ္တယ္၊ အားကစားလည္း သူပုံမွန္လုပ္တယ္လို႔ေျပာတယ္” ဆိုၿပီးေတာ့ ေျပာျပခဲ့တာပါ။

လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္ကူးစက္ေရာဂါေၾကာင့္ အစၥဏီက မိသားစုေတြကို စိတ္ပူေနတယ္လို႔ လည္း အစၥဏီရဲ႕ မိခင္က ေျပာပါတယ္။ “ အစၥဏီလည္း ေထာင္ထဲမွာ က်န္းမာေရးေကာင္းပါတယ္။ အျပင္မွာကေတာ့ ေရာဂါေတြနဲ႔ ဆိုေတာ့ အန္တီတို႔ လည္း သြားေတြ႕လို႔မရဘူး။ သူတို႔ကိုလည္း အထဲမွာပဲ ေနခိုင္းတယ္တဲ့။ အစားအေသာက္က်ေတာ့ အန္တီတို႔ လည္း

တစ္ခါတေလ အျပင္ကေန (၂) ပတ္တစ္ခါ သြားပို႔ေပးေနရတယ္။ သူကလည္း အျပင္မွာရွိေနတဲ့ အန္တီတို႔ကို ဖုန္းထဲကေန ဂ႐ုစိုက္ပါတယ္။ အေမတို႔ေတြ က်န္းမာေရး ဂ႐ုစိုက္ဖို႔ ဖုန္းဆက္တိုင္း တတြတ္တြတ္ ေျပာေနၾကပါ။ အန္တီကေတာ့ သူေထာင္ကလြတ္လာလည္း ဂီတအလုပ္ေတြကို ျပန္လုပ္ခ်င္ရင္ လုပ္ခြင့္ေပးမယ္။ ဒါေပမယ့္ တခ်ိဳ႕ ကိစၥေတြကိုေတာ့ အထူးဂ႐ုစိုက္ရမွာေပါ့” ဆိုၿပီးေတာ့လည္း ဆက္လက္ ေျပာျပခဲ့ ပါေသးတယ္။

ခရက္ဒစ္ း ဆယ္လီရပ္ကြက္

အဆိုတော် အစ္စဏီတစ်ယောက် ထောင်ထဲမှာ နေရတဲ့ အခြေအနေကို မိခင်ဖြစ်သူက ပြောပြခဲ့တာပါ။ အစ္စဏီရဲ့ မိခင်ကတော့ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ သားဖြစ်သူ အဆိုတော် အစ္စဏီရဲ့ အကြောင်းတွေကို ပရိသတ်တွေကို ပြောပြလာပါတယ်။

ရည်စားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်(၇) နှစ်ကျခံနေရတဲ့ အဆိုတော် အစ္စဏီကတော့ အကျဉ်းထောင်ထဲမှာ သူတတ်ကျွမ်းရာ ဂီတအလုပ်လေးနဲ့ အကျဉ်းသားတွေကို သီဆိုဖျော်ဖြေပေးနေတယ်လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။

“ သူက အခု သူဝါသနာပါတဲ့ ဂီတအလုပ်လေးနဲ့ အကျဉ်းထောင်ထဲမှာ သီချင်းဆိုနေတယ်။ ကိုဗစ်ကာလဆိုတော့ အကုန်လုံး ပိတ်ထားတဲ့ အချိန်မှာ သူများတွေ မပျင်းရအောင်ဆိုပြီးတော့ အဆောင်တွေ သွားပြီးသီချင်းဆိုပေးရတယ် ကြားတယ်။ ဘာကြောင့် ဒီလို သီချင်းဆိုတာလဲဆိုတော့ ရောက်တဲ့ အရပ်မှာ ဒီလိုပဲ ပရဟိတအလုပ်လေး သဘောနဲ့ အကျဉ်းသားတွေကိုဖျော်ဖြေပေးနေတာပါ။ပြီးတော့ ထောင်ထဲမှာက အပြင်ကလို မဟုတ်တော့ သူ့ရဲ့ အားတဲ့အချိန်တိုင်းကို သီချင်းဆိုပြတယ်၊ ဘုရားတရားတွေ လုပ်တယ်၊ အားကစားလည်း သူပုံမှန်လုပ်တယ်လို့ပြောတယ်” ဆိုပြီးတော့ ပြောပြခဲ့တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်ရောဂါကြောင့် အစ္စဏီက မိသားစုတွေကို စိတ်ပူနေတယ်လို့ လည်း အစ္စဏီရဲ့ မိခင်က ပြောပါတယ်။ “ အစ္စဏီလည်း ထောင်ထဲမှာ ကျန်းမာရေးကောင်းပါတယ်။ အပြင်မှာကတော့ ရောဂါတွေနဲ့ ဆိုတော့ အန်တီတို့ လည်း သွားတွေ့လို့မရဘူး။ သူတို့ကိုလည်း အထဲမှာပဲ နေခိုင်းတယ်တဲ့။ အစားအသောက်ကျတော့ အန်တီတို့ လည်း တစ်ခါတလေ အပြင်ကနေ (၂) ပတ်တစ်ခါ သွားပို့ပေးနေရတယ်။ သူကလည်း အပြင်မှာရှိနေတဲ့ အန်တီတို့ကို ဖုန်းထဲကနေ ဂရုစိုက်ပါတယ်။ အမေတို့တွေ ကျန်းမာရေး ဂရုစိုက်ဖို့ ဖုန်းဆက်တိုင်း တတွတ်တွတ် ပြောနေကြပါ။ အန်တီကတော့ သူထောင်ကလွတ်လာလည်း ဂီတအလုပ်တွေကို ပြန်လုပ်ချင်ရင် လုပ်ခွင့်ပေးမယ်။ ဒါပေမယ့် တချို့ ကိစ္စတွေကိုတော့ အထူးဂရုစိုက်ရမှာပေါ့” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ ပါသေးတယ်။

ခရက်ဒစ် း ဆယ်လီရပ်ကွက်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *