မီးေလာင္ မႈေၾကာင့္ ျမန္မာျပည္သိန္းတန္၏ဇနီး ‌အမႈဖြင့္ခံရ

မီးေလာင္မႈေၾကာင့္ ျမန္မာျပည္သိန္းတန္၏ဇနီး ‌ေဒၚႏုနႏၵာသန္း ပုဒ္မ-၂၈၅ ျဖင့္ အမႈဖြင့္ခံရ

ယမန္ေန႔ ဇန္နဝါရီလ ၂၁ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္အခ်ိန္က ေတးသံရွင္ ျမန္မာျပည္သိန္းတန္၏ဇနီး ပိုင္ဆိုင္ရာ ကမာ႐ြတ္ၿမိဳ႕နယ္ ဆင္မလိုက္ေဈး (၈) လႊာရွိ ေနအိမ္တိုက္ခန္းတြင္ ဝါယာေရွာ့ျဖစ္ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

မီးေလာင္မႈဟာ ၁၀ မိနစ္ခန႔္သာၾကာျမင့္ခဲ့ၿပီး ထိုတိုက္ခန္းတြင္ လူမေနေၾကာင္းလည္း သိရသည္။ ဆုံးရႈံးမႈအားျဖင့္ အလွျပင္ခုံ၊ အလွျပင္ပစၥည္းမ်ားႏွင့္ အ၀တ္အစားနည္းနည္းပါးပါးသာ ေလာင္ကြၽမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈနဲ႔ပတ္သက္လို႔ ကမာ႐ြတ္ၿမိဳ႕မရဲစခန္းမွ အိမ္ပိုင္ရွင္ ေဒၚႏုနႏၵာသန္း (ျမန္မာျပည္သိန္းတန္၏ဇနီး) အား မီးေပါ့ဆမႈ (ပ)၃၂ / ၂၀၂၁ ၊ ရာဇသတ္ႀကီးပုဒ္မ-၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားတယ္လို႔လည္း သိရပါတယ္။

အဆိုပါ ရာဇသတ္ႀကီးပုဒ္မ-၂၈၅ ဟာဆိုရင္ မီးႏွင့္ သို႔မဟုတ္ မီးေလာင္လြယ္ေသာအရာဝတၳဳႏွင့္စပ္လ်ဥ္းၿပီး ေပါ့ဆျခင္းအတြက္ ဖြင့္လွစ္အေရးယူတဲ့ပုဒ္မျဖစ္ၿပီး ျပစ္ဒဏ္အေနနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ထိခ်မွတ္ႏိုင္သည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ သိရွိရပါတယ္။  #celenews #Popolay

မီးလောင်မှုကြောင့် မြန်မာပြည်သိန်းတန်၏ဇနီး ‌ဒေါ်နုနန္ဒာသန်း ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ခံရ

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်က တေးသံရှင် မြန်မာပြည်သိန်းတန်၏ဇနီး ပိုင်ဆိုင်ရာ ကမာရွတ်မြို့နယ် ဆင်မလိုက်ဈေး (၈) လွှာရှိ နေအိမ်တိုက်ခန်းတွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဟာ ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး ထိုတိုက်ခန်းတွင် လူမနေကြောင်းလည်း သိရသည်။ ဆုံးရှုံးမှုအားဖြင့် အလှပြင်ခုံ၊ အလှပြင်ပစ္စည်းများနှင့် အဝတ်အစားနည်းနည်းပါးပါးသာ လောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနဲ့ပတ်သက်လို့ ကမာရွတ်မြို့မရဲစခန်းမှ အိမ်ပိုင်ရှင် ဒေါ်နုနန္ဒာသန်း (မြန်မာပြည်သိန်းတန်၏ဇနီး) အား မီးပေါ့ဆမှု (ပ)၃၂ / ၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဟာဆိုရင် မီးနှင့် သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဉ်းပြီး ပေါ့ဆခြင်းအတွက် ဖွင့်လှစ်အရေးယူတဲ့ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၃ နှစ်ထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ သိရှိရပါတယ်။  #celenews #Popolay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *