ကြက်သီးထလောက်အောင် ဝမ်းသာပီတိ ဖြစ်ရတဲ့အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်”…(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

ကြက်သီးထလောက်အောင် ဝမ်းသာပီတိ ဖြစ်ရတဲ့အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်”…(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

ဆေးလာကုတဲ့ လူနာတစ်ဦးရဲ့ သဒ္ဓါစိတ်ကိုမြင်ပြီး ကြက်သီးထလောက်အောင် ဝမ်းသာပီတိ ဖြစ်ရတဲ့အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်သရုပ်ဆောင် ထူးခန့်ကျော်ကတော့ သူ့ဆီမှာဆေးလာကုတဲ့ လူနာတစ်ဦးရဲ့ သဒ္ဓါစိတ်ကိုမြင်ပြီး ကြက်သီးထလောက်အောင် ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလာခဲ့ပါတယ်။

သာဓုအကြိမ်ကြိမ်ခေါ်လိုက်ရပါတယ် သမီးလေးရေ၊ ပထမအကြိမ် မိမိချွေးနဲ စာလေးတွေနဲ့ ဘုရားတည်ဖို့ အလှူငွေငါးသောင်းကျပ်လာရောက်လှူရင်း နောက်ထပ်သဒ္ဓါစိတ် ပေါက်ကာ မိမိနားမှာ အမြတ်တစ်နိုးဝတ်ထားတဲ့ နားကပ်ပါ ချွတ်လှူလိုက် ပြန်သောကြောင့် သမီးလေးရဲ့ သဒ္ဓါစိတ်ကိုမြင်လိုက်ရသော ကျွန်တော်အဖို့ ကြက်သီးထလောက်အောင်ဝမ်းသာပီတိ ဖြစ်စွာဖြင့် သာဓုအကြိမ်ကြိမ် ခေါ်ဆိုလိုက်ရပေသည်” လို့ လူမှုကွန်ရက် စာမျက်နှာမှာရေးသားထားတာပါ။

ဆက်လက်ပြီး ခုနှစ်ရက်သားသမီးအားလုံးဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပြီး လိုအင်ဆန္ဒဟူသမျှပြီးပြည့်စုံစွာဖြင့် လိုတိုင်းတရရှိကြစေပြီး ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေ။ အားလုံးကျန်းမာချမ်းသာကြပါစေလို့လည်း ဆုတောင်းပေးထားတာ တွေ့ရပါတယ်။

ထူးခန့်ကျော်ကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေအပြင် တစ်ဖက်မှာလည်း အရိုးအကြောဝေဒနာခံစားနေရတဲ့ သူတွေကို မြန်မာတိုင်းရင်းဆေး အခမဲ့ကုသပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင်ထူးခန့်ကျော်ကတော့ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ ဘုရားတည်ဖို့အတွက် ပြင်ဆင်နေပြီး ဆေးလာ ကုသတဲ့ အနုပညာရှင်တွေအပါအဝင် ပရိသတ်တွေကလည်း သူရဲ့ဘုရားတည်ဖို့ အလှူမှာတတ်နိုင်သဘောက်ပါဝင် ကုသိုလ်ယူနေကြတာ တွေ့ရပါတယ်။Credit Pyi Myanmar သိမ့်

unicode







Related Posts

Leave a Reply

Your email address will not be published. Required fields are marked *