ျမန္မာႏိုင္ငံမွာ ခရီးသြားလာခြင့္ပိတ္ပင္ထားေသာ ျမိဳ႕မ်ား

မြောက်ဦးအပါအဝင် ရခိုင်ကမြို့(၃)မြို့နဲ့ ပလက်ဝကို ခရီးသွားလာခွင့်ပိတ်ပင် ဒီဇင်ဘာ(၅)ရက်၊ ၂၀၁၉။

မြန်မာနိုင်ငံထဲမှာ နိုင်ငံခြားသားတွေအတွက် ထပ်ပြီးကန့်သတ်လိုက်တဲ့ လုံခြုံရေးအရသွားလာခွင့်မရှိတဲ့ဒေသတွေနဲ့ ခွင့်ပြုချက်ယူပြီးသွားရမယ့်နေရာတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနေရာတွေကို ခရီးသွားကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားဧည့်တွေအနေနဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့နဲ့ ခရီးစဉ်အလိုက်ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေးအတွက် ကန့်သတ်လိုက်တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က ပမ္မတီး၊ နမ် ရှယ်ကော၊ မုံငူရ်၊ ဆန်ဒမ်း၊ အထက်ဆန်ဂေါင်၊ ဝါဆန်ဒမ်း၊ ဇီယာဒမ်းကျေးရွာတွေကို သွားလာခွင့်ကန့်သတ် လိုက်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို သွားလာခွင့်မပြုပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်က အင်း ပေါက်၊ ခေါင်းတုံး၊ လေသာကုန်း၊ ဘူးတောင်း၊ နန့်အာ၊ နန့်ခင်၊ နန့်မား၊ မိုးတေ၊ နားနန့်ထွန်၊ နန်းယွန်းမြို့နယ် ထဲက တိုက်တီး၊ တကား၊ လုံမတ်၊ ကဲဆန်၊ ကျန်းဒုံး၊ လခြမ်း၊ လုံယုန်း၊ ကန်ကော၊ သန်းမန်းကျေးရွာတွေကို သွားမယ်ဆိုရင် ခွင့်ပြုချက်တောင်းခံရမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာတော့ မိုးကုတ်၊ သပိတ်ကျင်း၊ ပြင်ဦးလွင်မြို့နယ်က ကျွန်းတိုင်၊ ညောင်တုန်း၊ သပြေချောင်၊ မိုးကြိုးပစ်၊ ပုတီးကုန်း၊ နောင်ပိန်၊ မဲတောကျေးရွာတွေကိုတော့ မြို့ပေါ်အတွက်ခွင့်ပြုပြီး မြို့ပြင် အတွက် ခွင့်ပြုချက်တောင်းခံရမယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်တွေကို မြို့တွင်းခွင့်ပြုပြီး မြို့ပြင်ကိုကန့်သတ် ထားသလို ရှမ်းပြည်နယ်(အရှေ့ပိုင်း)က လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၊ မိုင်းယန်မြို့နယ်တွေကို သွားလာခွင့်ကန့်သတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေကို သွားလာခွင့်ပိတ်ပင်လိုက်ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ကိုကိုးကျွန်းကိုလည်း သွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ နိုဝင်ဘာ(၂၆)ရက်နေ့ကတော့ သီပေါမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းထိပြီး ဂျာမနီနိုင်ငံသားတစ်ယောက်သေဆုံးခဲ့ပါသေးတယ်။

ေျမာက္ဦးအပါအဝင္ ရခိုင္ကၿမိဳ႕(၃)ၿမိဳ႕နဲ႔ ပလက္ဝကို ခရီးသြားလာခြင့္ပိတ္ပင္ ဒီဇင္ဘာ(၅)ရက္၊ ၂၀၁၉။

ျမန္မာႏိုင္ငံထဲမွာ ႏိုင္ငံျခားသားေတြအတြက္ ထပ္ၿပီးကန႔္သတ္လိုက္တဲ့ လုံၿခဳံေရးအရသြားလာခြင့္မရွိတဲ့ေဒသေတြနဲ႔ ခြင့္ျပဳခ်က္ယူၿပီးသြားရမယ့္ေနရာေတြကို ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ(၅)ရက္ေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

အဲဒီေနရာေတြကို ခရီးသြားကုမၸဏီေတြ၊ ဧည့္လမ္းၫႊန္ေတြ၊ ခရီးသြားဧည့္ေတြအေနနဲ႔ ထုတ္ျပန္ခ်က္ေတြကို လိုက္နာေပးဖို႔နဲ႔ ခရီးစဥ္အလိုက္ေဘးကင္းလုံၿခဳံေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေပး ဖို႔ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

လုံၿခဳံေရးအတြက္ ကန႔္သတ္လိုက္တဲ့ေဒသေတြကေတာ့ ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္က ပမၼတီး၊ နမ္ ရွယ္ေကာ၊ မုံငူရ္၊ ဆန္ဒမ္း၊ အထက္ဆန္ေဂါင္၊ ဝါဆန္ဒမ္း၊ ဇီယာဒမ္းေက်း႐ြာေတြကို သြားလာခြင့္ကန႔္သတ္ လိုက္တယ္လို႔ သိရပါတယ္။

ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ကို သြားလာခြင့္မျပဳပဲ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္က အင္း ေပါက္၊ ေခါင္းတုံး၊ ေလသာကုန္း၊ ဘူးေတာင္း၊ နန႔္အာ၊ နန႔္ခင္၊ နန႔္မား၊ မိုးေတ၊ နားနန႔္ထြန္၊ နန္းယြန္းၿမိဳ႕နယ္ ထဲက တိုက္တီး၊ တကား၊ လုံမတ္၊ ကဲဆန္၊ က်န္းဒုံး၊ လျခမ္း၊ လုံယုန္း၊ ကန္ေကာ၊ သန္းမန္းေက်း႐ြာေတြကို သြားမယ္ဆိုရင္ ခြင့္ျပဳခ်က္ေတာင္းခံရမယ္လို႔ သိရပါတယ္။

မႏၲေလးတိုင္းေဒသႀကီးမွာေတာ့ မိုးကုတ္၊ သပိတ္က်င္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္က ကြၽန္းတိုင္၊ ေညာင္တုန္း၊ သေျပေခ်ာင္၊ မိုးႀကိဳးပစ္၊ ပုတီးကုန္း၊ ေနာင္ပိန္၊ မဲေတာေက်း႐ြာေတြကိုေတာ့ ၿမိဳ႕ေပၚအတြက္ခြင့္ျပဳၿပီး ၿမိဳ႕ျပင္ အတြက္ ခြင့္ျပဳခ်က္ေတာင္းခံရမယ္လို႔ သိရပါတယ္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွာေတာ့ နမၼတူၿမိဳ႕နယ္၊ နမ့္ဆန္ၿမိဳ႕နယ္ေတြကို ၿမိဳ႕တြင္းခြင့္ျပဳၿပီး ၿမိဳ႕ျပင္ကိုကန႔္သတ္ ထားသလို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က လင္းေခးၿမိဳ႕နယ္၊ ဟိုမိန္းၿမိဳ႕၊ မိုးနဲၿမိဳ႕နယ္၊ က်ိဳင္းေတာင္းၿမိဳ႕၊ ေက်းသီးၿမိဳ႕ နယ္၊ မိုင္းေနာင္ၿမိဳ႕၊ မိုင္းရႉးၿမိဳ႕နယ္၊ မိုင္းစံၿမိဳ႕၊ မိုင္းယန္ၿမိဳ႕နယ္ေတြကို သြားလာခြင့္ကန႔္သတ္လိုက္ပါတယ္။

ရခိုင္ျပည္နယ္မွာေတာ့ ပုဏၰားကြၽန္း၊ ေျမာက္ဦး၊ မင္းျပားၿမိဳ႕နယ္ေတြကို သြားလာခြင့္ပိတ္ပင္လိုက္ၿပီး ရန္ကုန္ တိုင္းေဒသႀကီး၊ ကိုကိုးကြၽန္းကိုလည္း သြားလာခြင့္ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

ၿပီးခဲတဲ့ ႏိုဝင္ဘာ(၂၆)ရက္ေန႔ကေတာ့ သီေပါၿမိဳ႕နယ္ထဲမွာ ေျမျမႇဳပ္မိုင္းထိၿပီး ဂ်ာမနီႏိုင္ငံသားတစ္ေယာက္ေသဆုံးခဲ့ပါေသးတယ္။ #Omedia #MraukU

Add a Comment

Your email address will not be published. Required fields are marked *