အတူတူအိပ်ဖို့ ငြင်းဆန်တဲ့လင်ဖြစ်သူ ငယ်ပါကို ဓားနဲ့လှီးဖြတ်ပစ်တဲ့ အမျိုးသမီး

အတူတူအိပ်ဖို့ ငြင်းဆန်တဲ့လင်ဖြစ်သူရဲ့ ငယ်ပါကို ဓားနဲ့လှီးဖြတ်ပစ်တဲ့ အမျိုးသမီး








ဒီသတင်းထဲမှာတော့ အမျိုးသမီးကို Sex starved ဆိုတဲ့ နာမဝိသေသနပုဒ်ကို wife ဆိုတဲ့ နာမ်နဲ့ တွဲပြီးဆောင်းပါး ရှင်ကဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ လိင်ပိုင်းဆိုင်ရာကိစ္စကို ငတ်မွတ်ဆာလောင်နေသည့် ဇနီးသည်-လို့ ဆို လိုတာပါ။

ဒါပေမယ့် လင်နဲ့မယားဆိုတာ ဒီကိစ္စကတော့ ကင်းတယ်လို့ မရှိပါဘူး။ ဒါ့အပြင် သတင်းထဲမှာပါတဲ့ ဖော်ပြချက်အရဆိုရင်လည်း အမျိုးသမီးဘက်က မလွန်ပါဘူး။

ခင်ပွန်းဖြစ်သူ Ved Prekash ဟာ ဇနီးဖြစ်သူ Rita Yadav နဲ့ ချစ်တင်းနှောခြင်းမရှိတာ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပြီ လို့ ဆိုပါတယ်။ တစ်ခြားသူသာ Rita နေရာမှာဆိုရင် ဆယ်လအထိတောင် စောင့်နိုင်ပ့ါမလားဆိုပြီး တွေးလို့ရတဲ့ အနေအထားပါ။ Rita ဟာ နောက်ဆုံး သည်းမခံနိုင်တော့တဲ့အဆုံး မီဖိုချောင်သုံးဓားနဲ့ ခင်ပွန်းဖြစ်သူရဲ့ ငယ်ပါကို လှီးဖြတ်ခဲ့ပါတယ်။

Ved မှာ လေးလက်မအနက် ပြတ်ရှဒဏ်ရာ၊ တေးတေးလေးသာကျန်တော့တဲ့ ငယ်ပါအနေအထားနဲ့အတူ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရပါတယ်။ ငါးနာရီကြာ ခွဲစိတ်မှုကြောင့် လုံးလုံးလျှားလျှား ပြတ်သွားခြင်းမှ ကင်းဝေးသွားပေမယ့် ဆေးရုံကနေ မဆင်းရသေးပါဘူး။

ဒီမတိုင်ခင်မှာ Ved ဟာ Rita ရဲ့ ကျောက်တုန်းလက်ချက်နဲ့ သတိလစ်သွားပြီး၊ ရေချိုးခန်းထဲမှာ သော့ခတ်ပိတ်လှောင် ခံခဲ့ရပါတယ်။ အဲဒီနောက် မီးဖိုချောင်သုံးဓားနဲ့ ငယ်ပါကို လှီးခဲ့ပြီး၊ ဓားနဲ့လည်း (မည့်သည့်နေရာဟု မဖော်ပြထား) ထိုးသွင်းခဲ့လို့ လေးလက်မ အနက် ရှိခဲ့ပါတယ်။ အဲဒီနောက် Ghaziabad ရဲစခန်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့တာပါ။ သူမတို့ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Ghaziabad မှာ နေထိုင်ကြပါတယ်။

Rita တို့ရဲ့ အိမ်ထောင်ရေးဟာ 11 နှစ်အထိ ရှိခဲ့ပါပြီ။ သူမက အခုအသက် 28 နှစ်ဆိုတော့ 17 နှစ်လောက်ကတည်း က Ved နဲ့ အိမ်ထောင်ကျခဲ့ပြီး၊ ပထမတစ်နှစ်လောက်ပဲ ကာမသုခကို ခံစားခဲ့ရပုံပါ။ ဒီအကြောင်းကိုလည်း သူမက ရဲစခန်းမှာ အတိအလင်း ဝန်ခံခဲ့ပါတယ်။

Rita ဟာ ခင်ပွန်းဖြစ်သူ နောက်မီးလင်းနေကြောင်း သတင်းအစအနလည်း ရရှိထားပြီး၊ ဒီအတွက် မကြာခဏ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။အမျိုးသမီးများရဲ့ ရင်သားကိုကိုင်ကြည့်ရုံနဲ့ အနာဂတ်ကိုဟောနိုင်သည်ဆိုသည့် ဗေဒင်ဆရာကိုးနှစ်သမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် ကာဇက်စတန်အမျိုးသား သင်းကွပ်ခံရတော့မည်

Add a Comment

Your email address will not be published. Required fields are marked *