သားသမီးမရေသာ လင္မယား၊ ပိန္လွီသူမ်ား၊ ေသြးအားနည္းသူမ်ား အတြက္ ဖလံေတာင္ေဝွးဥ

ေဟာ္မုန္းအားနည္းသူမ်ား၊အားနည္း ပိန္လွီသူမ်ား ေသြးအားနည္းသူမ်ား အေဖါအေရာင္ ေဝဒနာရွင္မ်ားအတြက္ အလြယ္ကူဆုံး အေကာင္းဆုံးေတြထဲက အေကာင္းဆုံး… !ေဆးနည္းေလးတစ္ခု မ်ွေဝလိုက္ပါတယ္။

ဒီေဆးနည္းေတြဟာ လက္ေတြ႕စမ္းသပ္ျပီးသားေဆးနည္းမူမွန္ေတြျဖစ္သည့္အတြက္ မည္သူမဆို ေဘးကင္းစိတ္ခ်စြာ ေဖၚစပ္သုံးေဆာင္နိုင္ျကပါသည္။

ယေန႔ေခတ္မွာ ေဆးပညာထက္ေဆးနည္းကိုသာ အလြယ္တကူယူလိုသူမ်ားျကပါသည္။ ေဆးဆရာလုပ္သူေတြက မဟုတ္မမွန္တင္ပါက အမ်ားအတြက္ေဘးျဖစ္နိုင္သည့္အျပင္ အကုသိုလ္မ်ားလွပါလိမ့္မည္။

ဒါေျကာင့္…. ! ေဆးစစ္ ေဆးမွန္မ်ားကိုသာ တင္ျပေပးျကရန္လည္း တိုက္တြန္းအပ္ပါသည္။ လူ ၁၀၀ တြင္ ၈၀ ေလာက္တည့္ေသာ အက်္ိဳးရွ္ိေသာေဆးျဖစ္ပါက ထိုေဆးသည္ … !ေကာင္းျမတ္ေသာေဆးျဖစ္ပါသည္။

ဒါေျကာင့္ … !လူတိုင္းႏွင့္သင့္ေတာ္ေသာ ဤေဆးနည္းကို တင္ေပးလိုက္ပါသည္။

ေဆးနည္း

၁။ ဖလံေတာင္ေဝွးဥ ၁၀ သား ၂။ ႏြယ္ခ်္ိဳ ၁၅ က်ပ္သား ၃။ ေထာပတ္ ၅က်ပ္သား ၄။ ပ်ားရည္ ၈ က်ပ္သား ၅။ ဇာတိပၹိဳလ္သီး ၁ က်ပ္သား

ေဆးေဖၚစပ္ပုံ

ႏြယ္ခ်ိဳႏွင့္ ဇာတိဖို သီးကိုအမႈန္႔ျပဳထားပါ။ / ဖလံေတာင္ေဝွးဥ (အစို) ပါးပါးလွီး၍ ညက္စြာေထာင္းထားပါ။ / ေထာပတ္ +ပ်ားရည္+ ဖလံေတာင္ေဝွး ၃ မ်္ိဳးကို မီးေပ်ာ့ေပ်ာ့ျဖင့္ ဦးစြာခ်က္ပါ။ /

ဖလံေတာင္ေဝွးဥမွထြက္ေသာ အရည္မ်ားခမ္းလုနီးပါးျဖစ္ေသာအခါ ႏြယ္ခ်ိဳမႈန္႔ ႏွင့္ ဇာတိဖိုသီး အမႈန္႕ကိုထည့္ပါ။ / ဖလံေတာင္ေဝွး အေရခမ္းသည္အထိ ဆက္ျပီးခ်က္ပါ။ ( ဖလံေတာင္ေဝွးဥသည္ အစိုျဖစ္သည့္အတြက္ က်ိဳခ်က္ေသာအခါ အရည္ထြက္ပါလိမ့္မည္။ ေရထည့္စရာမလိုပါ)

က်က္ေသာအခါ အေအးခံ၍ ဖန္ပုလင္းနွင့္ထည့္၍ ေလလုံစြာထားပါ။ တစ္ခါေသာက္ လဖက္စားဇြန္း ၁ ဇြန္း ေသာက္ပါ။ နံနက္/ ည ၂ျကိမ္ေသာက္ပါ။

က်ား မ အားအင္ကုန္ခမ္းျခင္း ေဟာ္မုန္းဓာတ္ေလ်ွာ့နည္းျခင္း ေမာပန္းလြယ္ျခင္း အာရံုေျကာ အားနည္းျခင္း ပန္းေသ (က်ား/မ) လိင္စိတ္နည္းပါးျခင္း။ေသြးအားနည္းျခင္း ေဖါေရာင္ျခင္း အသားအရည္ပြျခင္း တို႔ကို ေဆးတစ္ဖုံမကုန္မီေပ်ာက္ကင္းေျကာင္း ေဆးက သက္ေသခံပါလိမ့္မည္။

(Jerryarbar ေဟာ္မုန္းေဆးသည္ ဖလံေတာင္ေဝွးဥမွထုတ္သည္)

မွတ္ခ်က္။ ။ ေယာက်္ားတြင္သာမက အမ်္္ိဳးသမီး ပန္းေသေရာဂါဆိုတာ ရွိပါတယ္။ က်ားမ အားလုံးသုံးစြဲနိုင္ပါသည္။ ( အားလံုးက်န္းမာျကပါေစ။ )  Credit to { ဆရာေက်ာ္လင္းေအာင္ }

UNICODE

ဟော်မုန်းအားနည်းသူများ၊အားနည်း ပိန်လှီသူများ သွေးအားနည်းသူများ အဖေါအရောင် ဝေဒနာရှင်များအတွက် အလွယ်ကူဆုံး အကောင်းဆုံးတွေထဲက အကောင်းဆုံး… !ဆေးနည်းလေးတစ်ခု မျှဝေလိုက်ပါတယ်။

ဒီဆေးနည်းတွေဟာ လက်တွေ့စမ်းသပ်ပြီးသားဆေးနည်းမူမှန်တွေဖြစ်သည့်အတွက် မည်သူမဆို ဘေးကင်းစိတ်ချစွာ ဖေါ်စပ်သုံးဆောင်နိုင်ကြပါသည်။

ယနေ့ခေတ်မှာ ဆေးပညာထက်ဆေးနည်းကိုသာ အလွယ်တကူယူလိုသူများကြပါသည်။ ဆေးဆရာလုပ်သူတွေက မဟုတ်မမှန်တင်ပါက အများအတွက်ဘေးဖြစ်နိုင်သည့်အပြင် အကုသိုလ်များလှပါလိမ့်မည်။

ဒါကြောင့်…. ! ဆေးစစ် ဆေးမှန်များကိုသာ တင်ပြပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။ လူ ၁၀၀ တွင် ၈၀ လောက်တည့်သော အကျိုးရှိသောဆေးဖြစ်ပါက ထိုဆေးသည် … !ကောင်းမြတ်သောဆေးဖြစ်ပါသည်။

ဒါကြောင့် … !လူတိုင်းနှင့်သင့်တော်သော ဤဆေးနည်းကို တင်ပေးလိုက်ပါသည်။

ဆေးနည်း

၁။ ဖလံတောင်ဝှေးဥ ၁၀ သား ၂။ နွယ်ချို ၁၅ ကျပ်သား ၃။ ထောပတ် ၅ကျပ်သား ၄။ ပျားရည် ၈ ကျပ်သား ၅။ ဇာတိပ္ဖိုလ်သီး ၁ ကျပ်သား

ဆေးဖေါ်စပ်ပုံ

နွယ်ချိုနှင့် ဇာတိဖို သီးကိုအမှုန့်ပြုထားပါ။ / ဖလံတောင်ဝှေးဥ (အစို) ပါးပါးလှီး၍ ညက်စွာထောင်းထားပါ။ / ထောပတ် +ပျားရည်+ ဖလံတောင်ဝှေး ၃ မျိုးကို မီးပျော့ပျော့ဖြင့် ဦးစွာချက်ပါ။ /

ဖလံတောင်ဝှေးဥမှထွက်သော အရည်များခမ်းလုနီးပါးဖြစ်သောအခါ နွယ်ချိုမှုန့် နှင့် ဇာတိဖိုသီး အမှုန့်ကိုထည့်ပါ။ / ဖလံတောင်ဝှေး အရေခမ်းသည်အထိ ဆက်ပြီးချက်ပါ။ ( ဖလံတောင်ဝှေးဥသည် အစိုဖြစ်သည့်အတွက် ကျိုချက်သောအခါ အရည်ထွက်ပါလိမ့်မည်။ ရေထည့်စရာမလိုပါ)

ကျက်သောအခါ အအေးခံ၍ ဖန်ပုလင်းနှင့်ထည့်၍ လေလုံစွာထားပါ။ တစ်ခါသောက် လဖက်စားဇွန်း ၁ ဇွန်း သောက်ပါ။ နံနက်/ ည ၂ကြိမ်သောက်ပါ။

ကျား မ အားအင်ကုန်ခမ်းခြင်း ဟော်မုန်းဓာတ်လျှော့နည်းခြင်း မောပန်းလွယ်ခြင်း အာရုံကြော အားနည်းခြင်း ပန်းသေ (ကျား/မ) လိင်စိတ်နည်းပါးခြင်း။သွေးအားနည်းခြင်း ဖေါရောင်ခြင်း အသားအရည်ပွခြင်း တို့ကို ဆေးတစ်ဖုံမကုန်မီပျောက်ကင်းကြောင်း ဆေးက သက်သေခံပါလိမ့်မည်။

(Jerryarbar ဟော်မုန်းဆေးသည် ဖလံတောင်ဝှေးဥမှထုတ်သည်)

မှတ်ချက်။ ။ ယောကျ်ားတွင်သာမက အမျ်ိုးသမီး ပန်းသေရောဂါဆိုတာ ရှိပါတယ်။ ကျားမ အားလုံးသုံးစွဲနိုင်ပါသည်။ ( အားလုံးကျန်းမာကြပါစေ။ )  Credit to { ဆရာကျော်လင်းအောင် }

Add a Comment

Your email address will not be published. Required fields are marked *