UNICODE
ပြင်ဦးလွင် ပန်းပွဲတော်ရဲ့ အလှကို ရက်ရက်စက်စက် ဖျက်ဆီးလိုက်ကြပြီ
မြန်မာနိုင်ငံသားတွေ တေ်ာတေ်ာများများဟာ နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းချင်ကြပေမယ့် အများစုဟာ အဆင်သ င့်မဖြစ်သေးကြပါဘူး။ အတ္တကြီးတာ ၊ ကိုယ်ထင်တာကို အမှန်လို့ထင်တာ လူအများရဲ့ဆန္ဒကိုအလေး ထား တတ်တာ ၊ Public Area တွေမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို စာသင်ကျောင်းကပင်မသင်ကြားပေးနိုင်တာကိုလည်း အားနည်းချက်အဖြစ်တွေ့ရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ နေရာလှလှလေးတွေ လည်ပတ်စရာလေးတွေရှိရင်ဘယ် တော့မှ မြန်မာနိုင်ငံသားတွေ သိလို့မဖြစ်ဘူးလို့တောင် ပြောကြရမလိုဖြစ်နေပါပြီ။ ရေပြာအိုင်ဆိုလည်းမြန်မာတွေအပျော်သွားပြီး အမှိုက်စွန့်ကြတယ် ။ ချင်းတောင် ဆိုလည်း ချင်းတောင်အထိသွားပြီး အမှိုက်ပစ်ကြတယ်။ မန္တလေးက ကြာကန်ဆိုလည်းသွားပြီး ဆင်းချိုးကြတာပဲ။ ဒါကြောင့် မြန်မာနိုင်ငံသား အများစုဟာ အခြေခံစိတ်ဓာတ်က လိုအပ်ချက်တွေများစွာရှိနေပါတယ်။
အခုလည်း တစ်နိုင်ငံလုံးမှာ ကျော်ကြားလှတဲ့ ပြင်ဦးလွင် ပန်းမျိုးစုံ ပြပွဲမှာဆိုရင်လူတွေ တော်တော်လာကြသလို ၊ အမှိုက်တွေလည်း တော်တော်လေး ပစ်ခဲ့ကြပါတယ်။ သန့်ရှင်းနေတဲ့ ပန်းခြံဟာ တမဟုတ်ချင်းမှာပဲ အမှိုက်ကန်ဖြစ်သွားတဲ့ အထိပါပဲ။ ကဲ ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲ ။ ဒါတွေကို တစ်ဦးချင်း တစ်ဖွဲ့ချင်း တစ်ယောက်ခြင်း အသိစိတ်ဓာတ်နဲ့ လုပ်ဆောင်ကြရမှာပါ။
Related Posts
Leave a Reply
Your email address will not be published. Required fields are marked *