Winner ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တဲ့ အက်စတာ

” Winner ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တဲ့ အက်စတာ “

Myanmar Idol ပြိုင်ပွဲကြီးကတော့ စိတ်ဝင်စားမှုအမြင့်ဆုံး နောက်ဆုံး Final ပွဲစဉ်ကြီးကတော့ ပြိုင်ပွဲဝင် (၃)ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ မြင်တွေ့ခဲ့ရမှာပါ။

Final ပြိုင်ပွဲဝင်တွေအနေနဲ့ သီချင်း(၃)ပုဒ်ဆီကိုယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒိုင်တွေရွေးပေးတဲ့ သီချင်း နဲ့ စိတ်ကြိုက်သီချင်း တွေ သီဆိုမှုအပြီးမှာ ပြိုင်ပွဲဝင် (၃)ယောက်မှာ အနိုင်ရရှိသူက အပိုင်ရရှိမယ့် Winnerသီချင်းကို နောက်ဆုံးသီချင်းအနေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတာပါ။

ဘယ်သူက Winner ဖြစ်လာမလဲ ဆိုတာလည်း ပြိုင်ပွဲဝင်တွေနဲ့ထပ်တူ Myanmar Idol ပရိသတ်ကြီးကလည်း ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြတာပါနော်။ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားသူကတော့ ချင်းတိုင်းရင်းသူလေး အက်စတာပဲ ဖြစ်ပါတယ်။

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Final ပြိုင်ပွဲညမှာ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိခဲ့ကာ ပရိသတ်တွေရဲ့ Voting တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Winner Song ကို သီဆိုခဲ့ရာမှာ အက်စတာနဲ့ အလိုက်ဆုံးလို့ ပရိသတ်တွေမှတ်ချက်ပေးခဲ့ပြီး ဒိုင်တွေရဲ့ ထူးခြားတဲ့ မှတ်ချက်တွေကိုပိုင်ဆိုင်ခဲ့တဲ့သူမကတော့ ဒီညမှာ Winner ဆုကိုပိုင်ဆိုင်ခဲ့တဲ့ ဘုရင်မပါပဲနော်။ပရိသတ်ကြီးရော ရင်ထဲက Winner နဲ့ ထပ်တူ ကျရဲ့လား ဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

UNICODE







Add a Comment

Your email address will not be published. Required fields are marked *