သံေဝဇနိယေလးဌာန (က်မ္းကို မဟာပရိနိဗၺာန္နသုတၱန္မွ ေရးဖြဲပူေဇာ္သည္)

သံေဝဇနိယေလးဌာန

႐ွင္ေတာ္ျမတ္ဘုရားပရိနိဗၺာန္စံေတာ္မူခါနီး အခ်ိန္ အ႐ွင္အာနႏၵာမေထရ္ျမတ္က ျမတ္စြာဘုရား သက္ေတာ္ထင္႐ွား ႐ွိတုန္းကဆို ဝါတြင္းကာလ ကုန္ဆံုးလို သီတင္းကြၽတ္ၿပီဆိုရင္ ထိုထိုအရပ္က ရဟန္းသံဃာေတြဟာ ဘုရားဖူးရန္ ႂကြေတာ္မူလာၾကၿပီ ဆိုရင္ #မေနာဘာဝိနိယ မေထရ္ႀကီးမ်ား သာသနာေတာ္မွာ

တကယ္ကို သဒၶါတရားျဖစ္ပြား ေစတဲ့ ေထရ္ဆိုတဲ့ ပုဂၢိဳလ္ထူးမ်ား တပည့္ေတာ္ ဖူးေမ်ွာ္ခြင့္ရတယ္ဘုရား ႐ွင္ေတာ္ဘုရားသာ မ႐ွိေတာ့ဘူးဆိုရင္…ဒီလို သာသနာမွာ သဒၶါျဖစ္ေစႏိုင္ တဲ့ မေထရ္ႀကီး ဖူးေမ်ွာ္ခြင့္ရေတာ့မွာ မဟုတ္ဘူး ဘုရား…

ဒီေတာ့ ျမတ္စြာဘုရားက အာနႏၵာ အားမငယ္ေလနဲ႔ ငါဘုရားမ႐ွိေတာ့တဲ့ေနာက္ သဒၶါတရား ႐ွိၾကတဲ့ ရဟန္း၊ ႐ွင္၊ လူ ေတြဟာ #သံေဝဇနိယေလးဌာန ငါဘုရားနဲ႔ စပ္လ်င္ၿပီး သံေဝဂ ျဖစ္ေစမဲ့ ေနရာ ေလးဌာန႐ွိတယ္ ထိုေလးဌာနကို သဒၶါတရားနဲ႔ ျပည့္စုံတဲ့ ငါရဲ႕တပည့္ပရိတ္သတ္ ေလးပါးဟာ ထိုအရပ္ေဒသကို လာေရာက္ဖူးေမွ်ာ္ကာ သံေဝဂတရား ပြားမ်ားၿပီး ေသေသာအခါ နတ္ရြာသုဂတိ ေရာက္ၾကလိမ့္္မည္ ခ်စ္းသား အာနႏၵာ…

ထို သံေဝဇနိယေလးဌာန

၁။ အေလာင္းေတာ္ျမတ္ ဖြားေတာ္မူရာ #လုမၺိနီဥယ်ာဥ္ ထို သဒၶါတရား ႐ွိၾကတဲ့ ရဟန္း၊ ႐ွင္၊ လူတို႔ဟာ ဒီေနရာေဒသကို ေရာက္လာၿပီ ေျသာ္ ဒီေနရာသည္ကား ငါတို႔ရဲ႕ ဆရာ ျမတ္စြာဘုရား ဖြားေတာ္မူရာအရပ္ဘဲ့ အခုေတာ့ ဘုရားမ႐ွိေတာ့ၿပီ ျမတ္စြာဘုရား ေဟာေတာ္မူတဲ့ အတိုင္းဘဲ့ ဘယ္အရာမွ မျမဲပါလား အနိစၥ ဒုကၡ အနတၱ ပါတကား…

၂။ ဘုရားျဖစ္ေတာ္မူရာ #မဟာေဗာဓိပင္(ေဗာဓိမ႑ိန္)

အရပ္ ေျသာ္ ဒီေနရာသည္ကား ငါတို႔ရဲ႕ဆရာဘုရား ဗုဒၶအျဖစ္သို႔ ေရာက္႐ွိခဲ့သိေနရာ ေလာကသံုးပါးရဲ႕ အတုမဲ့ ဗုဒၶ မ႐ွိေတာ့ၿပီး ဘယ္အရာမွ မျမဲပါလား ဝယဓမၼာ သခၤါရ အရာအားလံုးဟာ ျဖစ္ၿပီရင္ ပ်က္သြားတာပါလား အနိစၥ ဒုကၡ အနတၱ…

၃။ တရားဦးဓမၼစက္ ေဟာေတာ္မူရာ #ဣသိပတနမိဂဒါဝုန္ ေတာ ဤအရပ္သည္ကား ဘုရားျဖစ္ေတာ္မူၿပီ သံုးလအၾကာ “ေဒြ’ ေမ ဘိကၡေဝ အႏၱာ ပဗၺဇိေတန န ေသဝိတဗၺာ။ စသည့္ တရားဦး စမၼစက္စတင္ေဟာၾကားေတာ္မူခဲ့သည့္ေနရာ အနိစၥ မျမဲ ဒုကၡ ဆင္းရဲ၏ အနတၱ ဘယ္အရာမွ အစိုးမရေလကုန္…

၄။ မဟာပရိနိဗၺာန္စံေတာ္မူရာ #မလႅတိုင္းကုသိနာရံုအင္ၾကင္ေတာ အရပ္ ဤအရပ္သည္ကား ႐ွင္ေတာ္ျမတ္ဘုရား ဗုဒၶကိစၥ အလံုးစံုၿပီးဆံုးလို ေနာက္ဆံုး #သေဗၺသခၤါရာအနိစၥ. အလံုးစံုေသာတရားေတြသည္ ျဖစ္ေပၚၿပီလ်ွင္ ေနာက္ဆံုး ပ်က္ဆီးရသည္ခ်ည္းသာတည္း အခုလို သီလ သမာဓိ ပညာ အရာ ေလာကမွာ သာတဲ့ ပုဂၢိဳလ္ မေျပာနဲ႔ တူတဲ့

ပုဂၢိဳလ္ေတာင္ မ႐ွိတဲ့ ေလာကသံုးပါးရဲ႕ ဆရာဘုရားေတာင္ ပရိနိဗၺာန္စံရေသးတာဘဲ့ ငါတို႔ဆိုလ်ွင္ ဆိုဖြယ္႐ွိမလည္း ေျသာ္ ေလာကမွာ ဘယ္အရာမွ မျမဲပါလားဟု သံေဝဂတရားပြားမ်ားၿပီး ထိုပုဂၢိဳလ္ေတြဟာ ေကာင္းရာသုဂတိေရာက္လိမ့္မည္ ခ်စ္းသား အာနႏၵာ…

က်မ္းကို မဟာပရိနိဗၺာန္နသုတၱန္မွ ေရးဖြဲပူေဇာ္သည္ #Credit ;Original

UNICODE

သံဝေဇနိယလေးဌာန

ရှင်တော်မြတ်ဘုရားပရိနိဗ္ဗာန်စံတော်မူခါနီး အချိန် အရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတုန်းကဆို ဝါတွင်းကာလ ကုန်ဆုံးလို သီတင်းကျွတ်ပြီဆိုရင် ထိုထိုအရပ်က ရဟန်းသံဃာတွေဟာ ဘုရားဖူးရန် ကြွတော်မူလာကြပြီ ဆိုရင် #မနောဘာဝိနိယ မထေရ်ကြီးများ သာသနာတော်မှာ

တကယ်ကို သဒ္ဓါတရားဖြစ်ပွား စေတဲ့ ထေရ်ဆိုတဲ့ ပုဂ္ဂိုလ်ထူးများ တပည့်တော် ဖူးမျှော်ခွင့်ရတယ်ဘုရား ရှင်တော်ဘုရားသာ မရှိတော့ဘူးဆိုရင်…ဒီလို သာသနာမှာ သဒ္ဓါဖြစ်စေနိုင် တဲ့ မထေရ်ကြီး ဖူးမျှော်ခွင့်ရတော့မှာ မဟုတ်ဘူး ဘုရား…

ဒီတော့ မြတ်စွာဘုရားက အာနန္ဒာ အားမငယ်လေနဲ့ ငါဘုရားမရှိတော့တဲ့နောက် သဒ္ဓါတရား ရှိကြတဲ့ ရဟန်း၊ ရှင်၊ လူ တွေဟာ #သံဝေဇနိယလေးဌာန ငါဘုရားနဲ့ စပ်လျင်ပြီး သံဝေဂ ဖြစ်စေမဲ့ နေရာ လေးဌာနရှိတယ် ထိုလေးဌာနကို သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ ငါရဲ့တပည့်ပရိတ်သတ် လေးပါးဟာ ထိုအရပ်ဒေသကို လာရောက်ဖူးမျှော်ကာ သံဝေဂတရား ပွားများပြီး သေသောအခါ နတ်ရွာသုဂတိ ရောက်ကြလိမ့်မည် ချစ်းသား အာနန္ဒာ…

ထို သံဝေဇနိယလေးဌာန

၁။ အလောင်းတော်မြတ် ဖွားတော်မူရာ #လုမ္ဗိနီဥယျာဉ် ထို သဒ္ဓါတရား ရှိကြတဲ့ ရဟန်း၊ ရှင်၊ လူတို့ဟာ ဒီနေရာဒေသကို ရောက်လာပြီ သြော် ဒီနေရာသည်ကား ငါတို့ရဲ့ ဆရာ မြတ်စွာဘုရား ဖွားတော်မူရာအရပ်ဘဲ့ အခုတော့ ဘုရားမရှိတော့ပြီ မြတ်စွာဘုရား ဟောတော်မူတဲ့ အတိုင်းဘဲ့ ဘယ်အရာမှ မမြဲပါလား အနိစ္စ ဒုက္ခ အနတ္တ ပါတကား…

၂။ ဘုရားဖြစ်တော်မူရာ #မဟာဗောဓိပင်(ဗောဓိမဏ္ဍိန်)

အရပ် သြော် ဒီနေရာသည်ကား ငါတို့ရဲ့ဆရာဘုရား ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့သိနေရာ လောကသုံးပါးရဲ့ အတုမဲ့ ဗုဒ္ဓ မရှိတော့ပြီး ဘယ်အရာမှ မမြဲပါလား ဝယဓမ္မာ သင်္ခါရ အရာအားလုံးဟာ ဖြစ်ပြီရင် ပျက်သွားတာပါလား အနိစ္စ ဒုက္ခ အနတ္တ…

၃။ တရားဦးဓမ္မစက် ဟောတော်မူရာ #ဣသိပတနမိဂဒါဝုန် တော ဤအရပ်သည်ကား ဘုရားဖြစ်တော်မူပြီ သုံးလအကြာ “ဒွေ’ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ စသည့် တရားဦး စမ္မစက်စတင်ဟောကြားတော်မူခဲ့သည့်နေရာ အနိစ္စ မမြဲ ဒုက္ခ ဆင်းရဲ၏ အနတ္တ ဘယ်အရာမှ အစိုးမရလေကုန်…

၄။ မဟာပရိနိဗ္ဗာန်စံတော်မူရာ #မလ္လတိုင်းကုသိနာရုံအင်ကြင်တော အရပ် ဤအရပ်သည်ကား ရှင်တော်မြတ်ဘုရား ဗုဒ္ဓကိစ္စ အလုံးစုံပြီးဆုံးလို နောက်ဆုံး #သဗ္ဗေသင်္ခါရာအနိစ္စ. အလုံးစုံသောတရားတွေသည် ဖြစ်ပေါ်ပြီလျှင် နောက်ဆုံး ပျက်ဆီးရသည်ချည်းသာတည်း အခုလို သီလ သမာဓိ ပညာ အရာ လောကမှာ သာတဲ့

ပုဂ္ဂိုလ် မပြောနဲ့ တူတဲ့ ပုဂ္ဂိုလ်တောင် မရှိတဲ့ လောကသုံးပါးရဲ့ ဆရာဘုရားတောင် ပရိနိဗ္ဗာန်စံရသေးတာဘဲ့ ငါတို့ဆိုလျှင် ဆိုဖွယ်ရှိမလည်း သြော် လောကမှာ ဘယ်အရာမှ မမြဲပါလားဟု သံဝေဂတရားပွားများပြီး ထိုပုဂ္ဂိုလ်တွေဟာ ကောင်းရာသုဂတိရောက်လိမ့်မည် ချစ်းသား အာနန္ဒာ…

ကျမ်းကို မဟာပရိနိဗ္ဗာန်နသုတ္တန်မှ ရေးဖွဲပူဇော်သည် #Credit ;Original

Add a Comment

Your email address will not be published. Required fields are marked *