ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်တွေ “ရှက်သင့်ပြီ”







Unicode

တို့မြန်မာ ဗုဒ္ဓဘာသာဝင်တွေ “ရှက်သင့်ပြီ”

သူတို့ဆီမှာ ရဟန်းသံဃာတွေရှားပါးပေမယ့် ရုံးပိတ်ရက် အလုပ်အားရက်တွေမှာ လေးငါးအိမ်စုပြီး သူတို့ကို နားလည်အောင် ရှင်းပြပေးနိုင်တဲ့ ရဟန်းသံဃာတော်တွေကို လိုက်ရှာပင့်ကြ ဆွမ်းလောင်းကြ တရားပွဲတွေလုပ်ကြ တရားနာကြ တရားထိုင်ကြနဲ့ တရားကို အငမ်းမရရှာနေကြပြီ..

သူတို့ဟာ မြန်မာနိုင်ငံကလည်း မဟုတ်ဘူး.. သူတို့ဟာ အရင်တုန်းက ဗုဒ္ဓဘာသာလည်း မဟုတ်ဘူး.. သူတို့ဟာ မသိတုန်းကတော့ မသိသလိုနေခဲ့ကြပေမယ့် ဗုဒ္ဓဘာသာကို အစမ်းသဘောနဲ့ လေ့လာစူးစမ်းရင်း ဗုဒ္ဓတရားရဲ့အနှစ်သာရကို တစ်ဖြည်းဖြည်းသိမြင်လာပြီးမှ လက်ခံယုံကြည်လာကြတဲ့ နိုင်ငံခြားသား လူမျိုးခြား ဗုဒ္ဓဘာသာဝင်တွေပါ.. သူတို့ဟာ သူများပြောတိုင်းလည်း နားမယောင်တတ်သလို လွယ်လွယ်နဲ့လည်း လက်မခံတတ်ဘူး.. အသေအချာလေ့လာစူးစမ်းပြီးမှ လက်ခံသင့်ပြီဆိုမှ လက်ခံတယ်.. လက်ခံပြီးတဲ့နောက်မှာလည်း တစ်ကယ်လိုက်နာကျင့်သုံးတယ်.. တစ်ကယ်လိုက်နာကျင့်သုံးတော့ တစ်ကယ်ရကြတယ်..

ကိုယ်တွေဆီမှာတော့ တရားဟောတရားပြရဟန်းသံဃာတွေလည်း မရှားဘူး.. ဘုန်းကြီးကျောင်း စာသင်တိုက်တွေလည်း မရှားဘူး.. တရားစခန်း တရားရိပ်သာတွေလည်း မရှားဘူး.. ဗုဒ္ဓရဲ့တရားတော်ကို တစ်ကယ်လိုက်နာကျင့်သုံးသူတွေကတော့ ရှားနေတယ်.။ စေတနာမေတ္တာ အရင်းခံဖြင့်..

လေးစားစွာဖြင့် ခရက်ဒစ်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *