စိတ္မနာပဲ သမီးျပန္လာေခၚလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတ့ဲ လမ္းေဘးက စြန္႔ပစ္ခံ အဖိုးအို

လမ္းေဘးမွာ စြန္႔ပစ္ခံခဲ့ရတဲ့ အဖိုးအိုတစ္ဦးဟာ သူ႔ကို စြန္႔ပစ္သြားတဲ့ သမီးကို စိတ္မနာႏိုင္ေသးဘဲ တစ္ေန႔ေန႔မွာ ျပန္လာေခၚဦးမယ္လို႔ ေမွ်ာ္လင့္ေနရွာပါတယ္

ဒါေပမယ့္ အခ်ိန္က (၁၀)ႏွစ္ေတာင္ ရွိသြားၿပီဆိုေတာ့ သူရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ အရင္ကလို ျပင္းျပေတာ့မွာေတာ့ မဟုတ္ေလာက္ပါဘူး။ မိဘေတြဟာ သားသမီး (၄) (၅)ေယာက္စာကို မညည္းမညဴ မပင္မပန္း၊ ဝမ္းေျမာက္ဝမ္းသာ လုပ္ေကြၽးႏိုင္ၾကေသာ္လည္း သားသမီးေတြကမိဘကို ျပန္လည္ေစာင့္ေရွာက္ခ်ိန္ ေရာက္တဲ့အခါ

ဖေအတစ္ေယာက္စာ ႏွစ္ေယာက္စာေလးကို ၿငိဳ ျငင္တတ္ၾကပါတယ္။ သိပ္ကို ဝမ္းနည္းစရာေကာင္းတဲ့ ကံၾကမၼာမ်ိဳးပါ။ လူတစ္ေယာက္ကို တစ္ေယာက္က မခ်စ္လို႔စြန္႔ပစ္သြားတယ္ဆိုတာ အတိုင္းအတာတစ္ခုအထိ လက္ခံလို႔ရေသာ္လည္း ကိုယ္ေမြးထားတဲ့ သားသမီးအရင္းေတြကကိုယ့္ကို စြန္႔ပစ္တာမ်ိဳးဟာ မိဘေတြအတြက္

ဘယ္ေလာက္ေတာင္ ရင္နာစရာေကာင္းေလးမလဲဆိုတာ ကိုယ္ခ်င္းစာမိပါတယ္ ဒီအျဖစ္အပ်က္ဟာ ထိုင္းႏိုင္ငံမွာ ျဖစ္ခဲ့တာပါ။ ဒီအေၾကာင္းကို ျပန္လည္မွ်ေဝသူကေတာ့Poramet Misomphop အမည္ရ ထိုင္းအမ်ိဳးသားျဖစ္ပါတယ္။ သူဟာ လမ္းလယ္တုံးေပၚမွာ စိတ္ပ်က္လက္ပ်က္ ထိုင္ေနတဲ့ အဖိုးကို သတိထားမိသြားရာက စပ္စုခဲ့တာပါ

အဖိုးကိုသိတဲ့ အမ်ိဳးသမီးတစ္ဦးက ” မွတ္မိတာေပါ့ ၿပီးခဲ့တဲ့ (၁၀)ႏွစ္ေလာက္က ဒီေနရာကို အမ်ိဳးသမီးတစ္ေယာက္ ကားေမာင္းလာၿပီး အဖိုးကို ဒီမွာထားသြားတာၿပီးေတာ့ ေအးေအးေဆးေဆး ကားကို ေမာင္းသြားတယ္ေလ အဖိုးကို သြားေမးေတာ့ သမီးက အလုပ္သြားမွာမို႔ ဒီမွာ ခဏေနခဲ့ဆိုၿပီးေတာ့တဲ့ “လို႔ ေျပာခဲ့ပါတယ္

အဖိုးကို အနီးအနားဆိုင္ေတြက အစားအစာေထာက္ပံ့ထားၾကၿပီး၊ အဖိုးကလည္း သမီး လာေခၚမယ္လို႔ထင္တဲ့ ဒီေနရာေလးက ဘယ္မွ မခြာပါဘူးတဲ့။ သမီးျဖစ္သူဟာကိုယ္ပိုင္ကားနဲ႔ စားႏိုင္ေသာက္ႏိုင္ထဲကလို႔ ယူဆရပါတယ္။ အဖိုးကို အစက ဘယ္မွာေနတာလဲေမးေတာ့ သူ႔သမီးကို အျပစ္ရွာမွာစိုးလို႔ မေျပာပါဘူးတဲ့။ ခရက္ဒစ္

UNICODE

လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတဲ့ အဖိုးအိုတစ်ဦးဟာ သူ့ကို စွန့်ပစ်သွားတဲ့ သမီးကို စိတ်မနာနိုင်သေးဘဲ တစ်နေ့နေ့မှာ ပြန်လာခေါ်ဦးမယ်လို့ မျှော်လင့်နေရှာပါတယ်

ဒါပေမယ့် အချိန်က (၁၀)နှစ်တောင် ရှိသွားပြီဆိုတော့ သူရဲ့ မျှော်လင့်ချက်ဟာ အရင်ကလို ပြင်းပြတော့မှာတော့ မဟုတ်လောက်ပါဘူး။ မိဘတွေဟာ သားသမီး (၄) (၅)ယောက်စာကို မညည်းမညူ မပင်မပန်း၊ ဝမ်းမြောက်ဝမ်းသာ လုပ်ကျွေးနိုင်ကြသော်လည်း သားသမီးတွေကမိဘကို ပြန်လည်စောင့်ရှောက်ချိန် ရောက်တဲ့အခါ

ဖအေတစ်ယောက်စာ နှစ်ယောက်စာလေးကို ငြို ငြင်တတ်ကြပါတယ်။ သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ ကံကြမ္မာမျိုးပါ။ လူတစ်ယောက်ကို တစ်ယောက်က မချစ်လို့စွန့်ပစ်သွားတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ လက်ခံလို့ရသော်လည်း ကိုယ်မွေးထားတဲ့ သားသမီးအရင်းတွေကကိုယ့်ကို စွန့်ပစ်တာမျိုးဟာ မိဘတွေအတွက်

ဘယ်လောက်တောင် ရင်နာစရာကောင်းလေးမလဲဆိုတာ ကိုယ်ချင်းစာမိပါတယ် ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ဒီအကြောင်းကို ပြန်လည်မျှဝေသူကတော့Poramet Misomphop အမည်ရ ထိုင်းအမျိုးသားဖြစ်ပါတယ်။ သူဟာ လမ်းလယ်တုံးပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့ အဖိုးကို သတိထားမိသွားရာက စပ်စုခဲ့တာပါ

အဖိုးကိုသိတဲ့ အမျိုးသမီးတစ်ဦးက ” မှတ်မိတာပေါ့ ပြီးခဲ့တဲ့ (၁၀)နှစ်လောက်က ဒီနေရာကို အမျိုးသမီးတစ်ယောက် ကားမောင်းလာပြီး အဖိုးကို ဒီမှာထားသွားတာပြီးတော့ အေးအေးဆေးဆေး ကားကို မောင်းသွားတယ်လေ အဖိုးကို သွားမေးတော့ သမီးက အလုပ်သွားမှာမို့ ဒီမှာ ခဏနေခဲ့ဆိုပြီးတော့တဲ့ “လို့ ပြောခဲ့ပါတယ်

အဖိုးကို အနီးအနားဆိုင်တွေက အစားအစာထောက်ပံ့ထားကြပြီး၊ အဖိုးကလည်း သမီး လာခေါ်မယ်လို့ထင်တဲ့ ဒီနေရာလေးက ဘယ်မှ မခွာပါဘူးတဲ့။ သမီးဖြစ်သူဟာကိုယ်ပိုင်ကားနဲ့ စားနိုင်သောက်နိုင်ထဲကလို့ ယူဆရပါတယ်။ အဖိုးကို အစက ဘယ်မှာနေတာလဲမေးတော့ သူ့သမီးကို အပြစ်ရှာမှာစိုးလို့ မပြောပါဘူးတဲ့။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *