ဆိုင္ကယ္အက္စီးဒင့္ျဖစ္လို႔ အေရးေပၚကားအလာေစာင့္ေနတဲ့အခ်ိန္ ၁၀ ဘီးကားက အရွိန္နဲ႔ေခါင္းကိုထပ္ႀကိတ္မိ……

အေဝးေျပးလမ္းမမွာ ဆိုင္ကယ္အက္စီးဒင့္ျဖစ္လို႔ အေရးေပၚကားအလာေစာင့္ေနတဲ့အခ်ိန္ ၁၀ ဘီးကားက အရွိန္နဲ႔ေခါင္းကိုထပ္ႀကိတ္မိ..

ေသကံပါလာရင္ဘယ္လိုမွေရွာင္လႊဲ၍မရသလို ကယ္သူရွိတာေတာင္ မလြတ္ႏိုင္ပါဘူး

ျဖစ္စဥ္က ထိုင္းႏိုင္ငံ ဖဲ့ၿမိဳ႕ အေဝးေျပးမ္းမအမွတ္ ၁၂၉ ေပၚတြင္ ဇန္နဝါရီလ ၁၆ ရက္ေန႔ မနက္ ၀၁:၃၀ ခ်ိန္မွာအလုပ္ကျပန္လာတဲ့ အသက္၁၉ ႏွစ္အ႐ြယ္ေက်ာင္းသားေလး ႏိုင္လန္းဆန္းဟာ မေတာ္တဆဆိုင္ကယ္အက္စီးဒင့္ျဖစ္ေနခ်ိန္ ေဘးမွျမင္တဲ့သူေတြဟာ ဒဏ္ရာရေနသူရဲ႕အေနအထားကိုမကိုင္ရဲၾကလို႔အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ကိုဖုန္းဆက္ၿပီးအလာေစာင့္ေနၾကပါတယ္

ဒဏ္ရာရေနသူကိုမလိုက္မယ္ ေ႐ႊ႕လိုက္မယ္ဆိုရင္ အတြင္းပိုင္းမွာမလိုလားအပ္တဲ့အငက္အႏၲရာယ္ထိခိုက္မွာစိုး၍ ပုံစံမပ်က္ထားရင္း လမ္းေပၚမွယာဥ္သြားယာဥ္လာေတြ ေရွ႕မွာအက္စီးဒင့္ျဖစ္ေနေၾကာင္း လက္ကိုင္ဖုန္းမီးမ်ားနဲ႔အခ်က္ေပးလမ္းေၾကာင္းျပေနစဥ္႐ုတ္တရက္ အရွိန္နဲ႔ေမာင္းလာတဲ့ ၁၀ ဘီးကားဟာ လမ္းမေပၚမွာဒဏ္ရာနဲ႔လဲေနတဲ့လူနာရဲ႕ဦးေခါင္းကိုတက္ႀကိတ္မိၿပီးပြဲခ်င္းၿပီးသြားပါတယ္..

ကားလည္းအႀကိတ္ အေရးေပၚကားလည္းအေရာက္ ဘယ္လိုမွကံၾကမၼာကသူ႔ဘက္မပါေလေတာ့ ဘဝသစ္သို႔ကူးေျပာင္းသြားေလ၏  မဆင္မခ်င္ေမာင္းႏွင္တဲ့ ၁၀ ဘီယာဥ္ေမာင္းကားသမားကိုေတာ့ဖမ္းဆီးရမိပါတယ္..

အဲ့ဒီျဖစ္စဥ္ကို နံေဘးမွာကူညီေနသူတစ္ဦးကအစအဆုံးမွတ္တမ္းတင္ထားျခင္းကိုၾကည့္မိၿပီး ေသျခင္းတရားဟာအခ်ိန္တန္ရင္ ကယ္သူရွိတာေတာင္လြဲေရွာင္၍မရသလို ေသကံမပါေသးရင္လည္းႀကံဖန္ၿပီးအသက္ေဘးကလြတ္ေျမာက္သူေတြလည္းရွိၾကတာဘဲ

ညအခ်ိန္ကားေမာင္းလွ်င္ ယာဥ္ႀကီးဘဲျဖစ္ျဖစ္ ယာဥ္ငယ္ဘဲျဖစ္ျဖစ္ အထူးဂ႐ုစိုက္ၿပီးေမာင္းၾကဘို႔လိုပါတယ္.. တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ဆီမွာ နယ္ေတြကိုညဘက္ျဖတ္ေမာင္းတဲ့အခါ တစ္ခ်ိဳ႕ဆိုင္ကယ္ေတြမွာ ဘရိတ္မီးေတြ ေရာင္ျပန္မီးေတြမပါ ၊ ေနာက္ၾကည့္မွန္ေတြမပါ ၊ ကေလးေတြကိုေနာက္မွာတင္ၿပီး ေမာင္းရဲၾကတာေတာ္ေတာ္ကို စိုးရိမ္စရာေကာင္းပါတယ္..

အနားကိုေရာက္မွ ေရွ႕ကမဲမဲ မဲမဲနဲ႔ ဟာ ဆိုင္ကယ္ပါလားဆိုတာသိရတယ္..  ေမာင္းလို႔ရရင္ၿပီးေရာဆိုၿပီးလမ္းေပၚကိုတက္မေမာင္းဘို႔ နားလည္တတ္ကြၽမ္းၾကတဲ့မိတ္ေဆြေတြကပညာေပးသင့္ပါတယ္
ေနာက္ဆုံးဆိုင္ကယ္ဦးထုပ္မွာ ေရာင္ျပန္ေလးကပ္ထားၾကမယ္ဆိုရင္ေတာင္အနည္းငယ္အႏၲရာယ္ကင္းႏိုင္ပါေသးတယ္..ဗ်ာ

ဘာမွမျဖစ္ရင္ ဘာမွမျဖစ္ပါဘူး..  Photo Crd —- VDO Clip — https://www.facebook.com/100009349662268/posts/2500737296914568/?d=n

UNICODE

အဝေးပြေးလမ်းမမှာ ဆိုင်ကယ်အက်စီးဒင့်ဖြစ်လို့ အရေးပေါ်ကားအလာစောင့်နေတဲ့အချိန် ၁၀ ဘီးကားက အရှိန်နဲ့ခေါင်းကိုထပ်ကြိတ်မိ..

သေကံပါလာရင်ဘယ်လိုမှရှောင်လွှဲ၍မရသလို ကယ်သူရှိတာတောင် မလွတ်နိုင်ပါဘူး

ဖြစ်စဉ်က ထိုင်းနိုင်ငံ ဖဲ့မြို့ အဝေးပြေးမ်းမအမှတ် ၁၂၉ ပေါ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၀၁:၃၀ ချိန်မှာအလုပ်ကပြန်လာတဲ့ အသက်၁၉ နှစ်အရွယ်ကျောင်းသားလေး နိုင်လန်းဆန်းဟာ မတော်တဆဆိုင်ကယ်အက်စီးဒင့်ဖြစ်နေချိန် ဘေးမှမြင်တဲ့သူတွေဟာ ဒဏ်ရာရနေသူရဲ့အနေအထားကိုမကိုင်ရဲကြလို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုဖုန်းဆက်ပြီးအလာစောင့်နေကြပါတယ်

ဒဏ်ရာရနေသူကိုမလိုက်မယ် ရွှေ့လိုက်မယ်ဆိုရင် အတွင်းပိုင်းမှာမလိုလားအပ်တဲ့အငက်အန္တရာယ်ထိခိုက်မှာစိုး၍ ပုံစံမပျက်ထားရင်း လမ်းပေါ်မှယာဉ်သွားယာဉ်လာတွေ ရှေ့မှာအက်စီးဒင့်ဖြစ်နေကြောင်း လက်ကိုင်ဖုန်းမီးများနဲ့အချက်ပေးလမ်းကြောင်းပြနေစဉ်ရုတ်တရက် အရှိန်နဲ့မောင်းလာတဲ့ ၁၀ ဘီးကားဟာ လမ်းမပေါ်မှာဒဏ်ရာနဲ့လဲနေတဲ့လူနာရဲ့ဦးခေါင်းကိုတက်ကြိတ်မိပြီးပွဲချင်းပြီးသွားပါတယ်..

ကားလည်းအကြိတ် အရေးပေါ်ကားလည်းအရောက် ဘယ်လိုမှကံကြမ္မာကသူ့ဘက်မပါလေတော့ ဘဝသစ်သို့ကူးပြောင်းသွားလေ၏  မဆင်မချင်မောင်းနှင်တဲ့ ၁၀ ဘီယာဉ်မောင်းကားသမားကိုတော့ဖမ်းဆီးရမိပါတယ်..

အဲ့ဒီဖြစ်စဉ်ကို နံဘေးမှာကူညီနေသူတစ်ဦးကအစအဆုံးမှတ်တမ်းတင်ထားခြင်းကိုကြည့်မိပြီး သေခြင်းတရားဟာအချိန်တန်ရင် ကယ်သူရှိတာတောင်လွဲရှောင်၍မရသလို သေကံမပါသေးရင်လည်းကြံဖန်ပြီးအသက်ဘေးကလွတ်မြောက်သူတွေလည်းရှိကြတာဘဲ

ညအချိန်ကားမောင်းလျှင် ယာဉ်ကြီးဘဲဖြစ်ဖြစ် ယာဉ်ငယ်ဘဲဖြစ်ဖြစ် အထူးဂရုစိုက်ပြီးမောင်းကြဘို့လိုပါတယ်.. တစ်ခါတစ်လေ ကျွန်တော်တို့ဆီမှာ နယ်တွေကိုညဘက်ဖြတ်မောင်းတဲ့အခါ တစ်ချို့ဆိုင်ကယ်တွေမှာ ဘရိတ်မီးတွေ ရောင်ပြန်မီးတွေမပါ ၊ နောက်ကြည့်မှန်တွေမပါ ၊ ကလေးတွေကိုနောက်မှာတင်ပြီး မောင်းရဲကြတာတော်တော်ကို စိုးရိမ်စရာကောင်းပါတယ်..

အနားကိုရောက်မှ ရှေ့ကမဲမဲ မဲမဲနဲ့ ဟာ ဆိုင်ကယ်ပါလားဆိုတာသိရတယ်..  မောင်းလို့ရရင်ပြီးရောဆိုပြီးလမ်းပေါ်ကိုတက်မမောင်းဘို့ နားလည်တတ်ကျွမ်းကြတဲ့မိတ်ဆွေတွေကပညာပေးသင့်ပါတယ်
နောက်ဆုံးဆိုင်ကယ်ဦးထုပ်မှာ ရောင်ပြန်လေးကပ်ထားကြမယ်ဆိုရင်တောင်အနည်းငယ်အန္တရာယ်ကင်းနိုင်ပါသေးတယ်..ဗျာ

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး..  Photo Crd —- VDO Clip — https://www.facebook.com/100009349662268/posts/2500737296914568/?d=n

 

Add a Comment

Your email address will not be published. Required fields are marked *