၀ူဟန္ကလာတဲ့ေလယာဥ္ ရန္ကုန္ေလဆိပ္ကို ေရာက္လို႕ တျပည္လံုး ေရာဂါကူးေတာ့မလိုလို ေရးေနျကလုိ့ နည္းနည္းရွင္းျပခ်င္ပါတယ္

၀ူဟန္က ကလာတဲ့ေလယာဥ္ ရန္ကုန္ေလဆိပ္ကို ေရာက္လို႕ တျပည္လံုး ေရာဂါကူးေတာ့မလိုလို ေရးေနျကလုိ့ နည္းနည္းရွင္းျပခ်င္ပါတယ္

၀ူဟန္က ထြက္ခြာလာတဲ့ေလယာဥ္ ရန္ကုန္ေလဆိပ္ကို ေရာက္လာတာကို တျပည္လံုး ေရာဂါကူးေတာ့မလို ေရးေနျကလုိ့ နည္းနည္းရွင္းျပခ်င္ပါတယ္။ ၀ူဟန္ဟာ လူ ၁၁ သန္းေက်ာ္ ေနထိုင္တဲ့ Mega City ျကီးပါ။ ၀ူဟန္မွာ ျဖစ္ပြားေနတဲ့ေရာဂါအတြက္ အဲဒီက ထြက္တဲ့ေလယာဥ္ေတြကို ဘယ္ႏဳိင္ငံကမွ မပိတ္ပါဘူး။

ဒါေပမယ့္ ေရာဂါကူးစက္မွဳႏွဳန္းကုိ မထိန္းသိမ္းႏိုင္တာနဲ့ တကမၻာလံုးကုိ အဲဒီကေန ကူးစက္လာေနတဲ့အတြက္ အ၀င္အထြက္ ပိတ္လိုက္တာပါ။ အဲဒီလို ပိတ္သင့္ပီ မပိတ္သင့္ဘူးဆိုတာကို ရွီက်င့္ပင္လဲ မဆံုးျဖတ္ပါဘူး။ ဘယ္သူမွလဲ ၀င္ဆံုးျဖတ္မရပါဘူး။ WHO ကပဲ ဆံုးျဖတ္တာပါ။ သူတို့နဲ့ ျဖစ္ပြားတဲ့ႏုိင္ငံ က်န္းမာေရးဌာနနဲ့ ေပါင္းပီး ဆံုးျဖတ္ရတာပါ။

သူတုိ့က အ၀င္အထြက္ ပိတ္လိုက္တဲ့ေနာက္ ဘယ္လမ္းေျကာင္းမွ ျမိဳ့ကေန အ၀င္အထြက္ မရွိေတာ့ပါဘူး။ ဒါေပမယ့္ သူတုိ့ မပိတ္ခင္မွာပဲ ၀ူဟန္က ထြက္ခြာလာတဲ့ေလယာဥ္ေတြ ရွိပါတယ္။ အဲေလယာဥ္ေတြထဲ ရန္ကုန္ကုိ လာတဲ့ေလယာဥ္ တစီးပါပါတယ္။ အဲဒါကုိေတာ့ လက္ခံရပါတယ္။ ေနာက္ထပ္ေတာ့ လက္မခံေတာ့ပါဘူး။ ပိတ္လုိက္ပါတယ္။ တျခားႏုိင္ငံေတြလဲ ဒီလိုပါပဲ။ အဲဒီေလယာဥ္မွာ ခရီးသည္ ၈၅ ဦးနဲ့ အမွဳထမ္း ၉ ဦးပါပါတယ္။

အခု ၀ူဟန္ဗိုင္းရပ္ဟာ တရုတ္၊ ထိုင္း၊ အေမရိကန္၊ ကေနဒါ၊ ကုိရီးယားနဲ့ ဂ်ပန္တုိ့ကို ကူးစက္ေနရာက အခုညမွာေတာ့ စင္ကာပူ၊ ျဗိတိန္နဲ့ ဗီယက္နမ္တုိ့ကုိပါ ကူးစက္ေနပါပီ။ ဒါေျကာင့္ WHO က ၀ူဟန္တင္မက အနီးအနားက ေနာက္ထပ္ ျမိဳ့ ၂ျမိဳ့ကိုပါ ပိတ္ခ်လိုက္တာပါ။ ဒီလို လူသန္းခ်ီေနတဲ့ Mega City ျကီးကို Lock down ခ်လုိက္တာ သမုိ္င္းမွာ ပထမဆံုးအျကိမ္ပါပဲ။

ဒါေပမယ့္ ဒါဟာ ကမၻာလံုးဆုိင္ရာ က်န္းမာေရး အေရးေပၚအေျခအေနေတာ့ မဟုတ္ေသးပါဘူး။ WHO က အေရးျကီးလာရင္ ေျကညာပါလိမ့္မယ္။ အဲဒါဆုိရင္ေတာ့ အဲဒီေဒသတခုလံုးကုိ ပိတ္ထားပီး တကမၻာလံုးက Volunteer ဆရာ၀န္ေတြ၊ Nurse ေတြ သြားပီး ကူညီရပါလိမ့္မယ္။ အာဖရိကမွာ အီဘုိလာ ျဖစ္တုန္းကလုိေပါ့။

တကယ္က ေရာဂါေစာင့္ျကည့္ေရးလုပ္ငန္းဟာ သိပ္က်ယ္ျပန့္လြန္းပါတယ္။ အေမရိကန္လုိ ထိပ္တန္းႏဳိင္ငံျကီးတခုေတာင္ မနည္းလုပ္ရတာပါ။ အခု အေမရိကန္ ၀ါရွင္တန္မွာ ကူးစက္လူနာ တေယာက္ေတြ့တယ္။ သူစီးလာတဲ့ ေလယာဥ္ေပၚက ခရီးသည္ေတြနဲ့ ေလယာဥ္၀န္ထမ္းေတြ အကုန္ကို လိုက္စစ္ရပါတယ္။ ေစာင့္ျကည့္ရပါတယ္။

သူတို့ မိသားစုေတြကုိ ေစာင့္ျကည့္စစ္ေဆးရပါတယ္။ အဲဒီအထဲမွာမွ ပိုးကူးစက္သူ ေပၚလာရင္ သူနဲ့ ထိေတြ့ခဲ့သူ မိတ္ေဆြသူငယ္ခ်င္းေတြကုိ တခါလိုက္ျကည့္ပါတယ္။ စစ္ရပါတယ္။ ဒီေလာက္ က်ယ္ျပန့္လွတဲ့ လုပ္ငန္းစဥ္ျကီးပါ။ က်ေနာ္တုိ့လို Developing Country ေတြအေနနဲ့ လုပ္ရခက္လွပါတယ္။ တတ္ႏုိင္သေလာက္ေတာ့ အစြမ္းကုန္ ကာကြယ္ေနျကရပါတယ္။

စင္ကာပူမွာဆိုရင္လည္း လူနာ ေနခဲ့တဲ့ ရွန္ဂရီလာ Hotel အခန္းကို ပိုးသတ္ေဆးျဖန္းပီးရံုမက အခန္းသန့္ရွင္းေရးလုပ္တဲ့ ဝန္ထမ္းေတြကိုပါ အခန္းတခုထဲ သီးျခားခြဲထားပီး ဘယ္သူနဲ့မွ ထိေတြ့ခြင့္ မေပးေတာ့ပါဘူး။

အခု ျဖစ္တဲ့ေရာဂါဟာ မူလဇစ္ျမစ္ရွာေဖြရခက္ေနဆဲျဖစ္ပီး လင္းႏုိ့ကေန တဆင့္ကူးတယ္လို့ေတာ့ အျကမ္းဖ်င္း သံုးသပ္ထားပါပီ။ အေျခခံအေျကာင္းအရင္း သိလာရင္ေတာင္ လူအခ်င္းခ်င္းကူးစက္ေနတာမို့ ကာကြယ္ဖို့က ခက္ေနဦးမွာျဖစ္ပီး အခ်ိန္အေတာ္ယူျကရဦးမယ္ဆိုတဲ့အေျကာင္း၊ လူသားအားလံုး က်န္းမာပါေစေျကာင္း အသိေပးေရးသားလိုက္ရပါတယ္။ Credit – Nay Thway

UNICODE

ဝူဟန်က ကလာတဲ့လေယာဉ် ရန်ကုန်လေဆိပ်ကို ရောက်လို့ တပြည်လုံး ရောဂါကူးတော့မလိုလို ရေးနေကြလို့ နည်းနည်းရှင်းပြချင်ပါတယ်

ဝူဟန်က ထွက်ခွာလာတဲ့လေယာဉ် ရန်ကုန်လေဆိပ်ကို ရောက်လာတာကို တပြည်လုံး ရောဂါကူးတော့မလို ရေးနေကြလို့ နည်းနည်းရှင်းပြချင်ပါတယ်။ ဝူဟန်ဟာ လူ ၁၁ သန်းကျော် နေထိုင်တဲ့ Mega City ကြီးပါ။ ဝူဟန်မှာ ဖြစ်ပွားနေတဲ့ရောဂါအတွက် အဲဒီက ထွက်တဲ့လေယာဉ်တွေကို ဘယ်နိုင်ငံကမှ မပိတ်ပါဘူး။

ဒါပေမယ့် ရောဂါကူးစက်မှုနှုန်းကို မထိန်းသိမ်းနိုင်တာနဲ့ တကမ္ဘာလုံးကို အဲဒီကနေ ကူးစက်လာနေတဲ့အတွက် အဝင်အထွက် ပိတ်လိုက်တာပါ။ အဲဒီလို ပိတ်သင့်ပီ မပိတ်သင့်ဘူးဆိုတာကို ရှီကျင့်ပင်လဲ မဆုံးဖြတ်ပါဘူး။ ဘယ်သူမှလဲ ဝင်ဆုံးဖြတ်မရပါဘူး။ WHO ကပဲ ဆုံးဖြတ်တာပါ။ သူတို့နဲ့ ဖြစ်ပွားတဲ့နိုင်ငံ ကျန်းမာရေးဌာနနဲ့ ပေါင်းပီး ဆုံးဖြတ်ရတာပါ။

သူတို့က အဝင်အထွက် ပိတ်လိုက်တဲ့နောက် ဘယ်လမ်းကြောင်းမှ မြို့ကနေ အဝင်အထွက် မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့ မပိတ်ခင်မှာပဲ ဝူဟန်က ထွက်ခွာလာတဲ့လေယာဉ်တွေ ရှိပါတယ်။ အဲလေယာဉ်တွေထဲ ရန်ကုန်ကို လာတဲ့လေယာဉ် တစီးပါပါတယ်။ အဲဒါကိုတော့ လက်ခံရပါတယ်။ နောက်ထပ်တော့ လက်မခံတော့ပါဘူး။ ပိတ်လိုက်ပါတယ်။ တခြားနိုင်ငံတွေလဲ ဒီလိုပါပဲ။ အဲဒီလေယာဉ်မှာ ခရီးသည် ၈၅ ဦးနဲ့ အမှုထမ်း ၉ ဦးပါပါတယ်။

အခု ဝူဟန်ဗိုင်းရပ်ဟာ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယားနဲ့ ဂျပန်တို့ကို ကူးစက်နေရာက အခုညမှာတော့ စင်ကာပူ၊ ဗြိတိန်နဲ့ ဗီယက်နမ်တို့ကိုပါ ကူးစက်နေပါပီ။ ဒါကြောင့် WHO က ဝူဟန်တင်မက အနီးအနားက နောက်ထပ် မြို့ ၂မြို့ကိုပါ ပိတ်ချလိုက်တာပါ။ ဒီလို လူသန်းချီနေတဲ့ Mega City ကြီးကို Lock down ချလိုက်တာ သမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။

ဒါပေမယ့် ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး။ WHO က အရေးကြီးလာရင် ကြေညာပါလိမ့်မယ်။ အဲဒါဆိုရင်တော့ အဲဒီဒေသတခုလုံးကို ပိတ်ထားပီး တကမ္ဘာလုံးက Volunteer ဆရာဝန်တွေ၊ Nurse တွေ သွားပီး ကူညီရပါလိမ့်မယ်။ အာဖရိကမှာ အီဘိုလာ ဖြစ်တုန်းကလိုပေါ့။

တကယ်က ရောဂါစောင့်ကြည့်ရေးလုပ်ငန်းဟာ သိပ်ကျယ်ပြန့်လွန်းပါတယ်။ အမေရိကန်လို ထိပ်တန်းနိုင်ငံကြီးတခုတောင် မနည်းလုပ်ရတာပါ။ အခု အမေရိကန် ဝါရှင်တန်မှာ ကူးစက်လူနာ တယောက်တွေ့တယ်။ သူစီးလာတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ အကုန်ကို လိုက်စစ်ရပါတယ်။ စောင့်ကြည့်ရပါတယ်။

သူတို့ မိသားစုတွေကို စောင့်ကြည့်စစ်ဆေးရပါတယ်။ အဲဒီအထဲမှာမှ ပိုးကူးစက်သူ ပေါ်လာရင် သူနဲ့ ထိတွေ့ခဲ့သူ မိတ်ဆွေသူငယ်ချင်းတွေကို တခါလိုက်ကြည့်ပါတယ်။ စစ်ရပါတယ်။ ဒီလောက် ကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီးပါ။ ကျနော်တို့လို Developing Country တွေအနေနဲ့ လုပ်ရခက်လှပါတယ်။ တတ်နိုင်သလောက်တော့ အစွမ်းကုန် ကာကွယ်နေကြရပါတယ်။

စင်ကာပူမှာဆိုရင်လည်း လူနာ နေခဲ့တဲ့ ရှန်ဂရီလာ Hotel အခန်းကို ပိုးသတ်ဆေးဖြန်းပီးရုံမက အခန်းသန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းတွေကိုပါ အခန်းတခုထဲ သီးခြားခွဲထားပီး ဘယ်သူနဲ့မှ ထိတွေ့ခွင့် မပေးတော့ပါဘူး။

အခု ဖြစ်တဲ့ရောဂါဟာ မူလဇစ်မြစ်ရှာဖွေရခက်နေဆဲဖြစ်ပီး လင်းနို့ကနေ တဆင့်ကူးတယ်လို့တော့ အကြမ်းဖျင်း သုံးသပ်ထားပါပီ။ အခြေခံအကြောင်းအရင်း သိလာရင်တောင် လူအချင်းချင်းကူးစက်နေတာမို့ ကာကွယ်ဖို့က ခက်နေဦးမှာဖြစ်ပီး အချိန်အတော်ယူကြရဦးမယ်ဆိုတဲ့အကြောင်း၊ လူသားအားလုံး ကျန်းမာပါစေကြောင်း အသိပေးရေးသားလိုက်ရပါတယ်။ Credit – Nay Thway

Add a Comment

Your email address will not be published. Required fields are marked *