ႏွာေခါင္းစည္း Mask မ်ားကို သတ္မွတ္ေစ်းထက္ပိုမို၍ေရာင္းခ်ပါက ေထာင္ဒဏ္ ႏွင့္ ေငြဒဏ္ ေပးခံရမည္ဟု အမိန႔္ထုတ္ျပန္ .

က်မၼာေရးႏွာေခါင္းစည္း Mask မ်ားကို သတ္မွတ္ေစ်းထက္ပိုမို၍ေရာင္းခ်ပါက ေထာင္ဒဏ္ ၇ ႏွစ္ႏွင့္ဒဏ္ေငြ ၁၄၀၀၀ဝ ဘတ္ေပးေဆာင္ရမည္ဟု အမိန႔္ထုတ္ျပန္ ..၂၀၂၀ ေဖ ၇ ရက္

ဘန္ေကာက္ၿမိဳ႕တြင္ Coronavirus ပိုးကူးစက္ပ်ံ႕ပြားမႈကာကြယ္ထိန္းခ်ဳပ္တားဆီးေရးအဖြဲ႕မွ အမ်ားျပည္သူမ်ားအတြက္ အစိုးရအိမ္ေတာ္ေရွ႕ဂိတ္အမွတ္ ၄ တြင္ ၁၅ ရက္တိတိေန႔စဥ္ မနက္ ၁၀:၀၀ နာရီမွစ၍ ႏွာေခါင္းစည္း Mask တစ္ခုလွ်င္ ပုံမွန္ေစ်းႏႈံး ၂.၅၀ ျပားဘတ္ျဖင့္ ႏွာေခါင္းစည္း အခု ၂ ေသာင္းကိုေရာင္းခ်ေပးသြားမွာျဖစ္ၿပီး လူတစ္ဦးလွ်င္ ၁၀ ခုႏႈံးဝယ္ယူႏိုင္ခြင့္ရွိေၾကာင္းသိရ ။

ထိုင္းႏိုင္ငံတြင္ယခုအခါ ဝူဟန္ဗိုင္းရပ္စ္ပိုးပ်ံ႕ပြားမႈကာကြယ္တားဆီးရန္ Mask မ်ားအသုံးျပဳရန္ပိုမိုဝယ္ယူမႈမ်ားျပားလာတာေၾကာင့္ ႏွာေခါင္းစည္းထုတ္လုပ္သည့္စက္႐ုံမ်ားအား ကုန္ထုတ္လုပ္မႈစြမ္းအားႏွစ္ဆတိုးျမႇင့္ေဆာင္႐ြက္သြားရန္ႏွင့္ Mask ႏွင့္ အရက္ပ်ံမ်ား ၊ဝါဂြမ္းမ်ားကို ကန႔္သတ္ကုန္အျဖင့္ ၁ ႏွစ္သတ္မွတ္ထားေၾကာင္းကုန္သြယ္ေရးဝန္ႀကီးဌာနမွထုတ္ျပန္ထားပါသည္ ။

ထိုင္းဝန္ႀကီးခ်ဳပ္မွလည္း Mask ေရာင္းခ်သည့္ကုမၸဏီႏွင့္စတိုးဆိုင္မ်ား ၊ ေဆးဆိုင္မ်ားတြင္ သတ္မွတ္ထားသည့္ေသ်းထက္ပိုမိုအျမတ္တင္ၿပီးေရာင္းခ်ပါက အေရးေပၚ Hot Line နံပါတ္ ၁၅၆၉ သို႔ အခ်ိန္မေ႐ြးတိုင္ၾကားႏိုင္ေၾကာင္းႏွင့္ ဥပေဒအရေထာင္ဒဏ္ ၇ ႏွစ္ ႏွင့္အတူ ေငြဒဏ္ ၁၄၀၀၀၀ ဘတ္တို႔ခ်မွတ္သြားမည္ျဖစ္ေၾကာင္းျပင္းထန္းသတိေပးထုတ္ျပန္သြားေၾကာင္းသိရွိရသည္ ။

Photo Crd

UNICODE

ကျမ္မာရေးနှာခေါင်းစည်း Mask များကို သတ်မှတ်စျေးထက်ပိုမို၍ရောင်းချပါက ထောင်ဒဏ် ၇ နှစ်နှင့်ဒဏ်ငွေ ၁၄၀၀၀ဝ ဘတ်ပေးဆောင်ရမည်ဟု အမိန့်ထုတ်ပြန် ..၂၀၂၀ ဖေ ၇ ရက်

ဘန်ကောက်မြို့တွင် Coronavirus ပိုးကူးစက်ပျံ့ပွားမှုကာကွယ်ထိန်းချုပ်တားဆီးရေးအဖွဲ့မှ အများပြည်သူများအတွက် အစိုးရအိမ်တော်ရှေ့ဂိတ်အမှတ် ၄ တွင် ၁၅ ရက်တိတိနေ့စဉ် မနက် ၁၀:၀၀ နာရီမှစ၍ နှာခေါင်းစည်း Mask တစ်ခုလျှင် ပုံမှန်စျေးနှုံး ၂.၅၀ ပြားဘတ်ဖြင့် နှာခေါင်းစည်း အခု ၂ သောင်းကိုရောင်းချပေးသွားမှာဖြစ်ပြီး လူတစ်ဦးလျှင် ၁၀ ခုနှုံးဝယ်ယူနိုင်ခွင့်ရှိကြောင်းသိရ ။

ထိုင်းနိုင်ငံတွင်ယခုအခါ ဝူဟန်ဗိုင်းရပ်စ်ပိုးပျံ့ပွားမှုကာကွယ်တားဆီးရန် Mask များအသုံးပြုရန်ပိုမိုဝယ်ယူမှုများပြားလာတာကြောင့် နှာခေါင်းစည်းထုတ်လုပ်သည့်စက်ရုံများအား ကုန်ထုတ်လုပ်မှုစွမ်းအားနှစ်ဆတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် Mask နှင့် အရက်ပျံများ ၊ဝါဂွမ်းများကို ကန့်သတ်ကုန်အဖြင့် ၁ နှစ်သတ်မှတ်ထားကြောင်းကုန်သွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားပါသည် ။

ထိုင်းဝန်ကြီးချုပ်မှလည်း Mask ရောင်းချသည့်ကုမ္ပဏီနှင့်စတိုးဆိုင်များ ၊ ဆေးဆိုင်များတွင် သတ်မှတ်ထားသည့်သျေးထက်ပိုမိုအမြတ်တင်ပြီးရောင်းချပါက အရေးပေါ် Hot Line နံပါတ် ၁၅၆၉ သို့ အချိန်မရွေးတိုင်ကြားနိုင်ကြောင်းနှင့် ဥပဒေအရထောင်ဒဏ် ၇ နှစ် နှင့်အတူ ငွေဒဏ် ၁၄၀၀၀၀ ဘတ်တို့ချမှတ်သွားမည်ဖြစ်ကြောင်းပြင်းထန်းသတိပေးထုတ်ပြန်သွားကြောင်းသိရှိရသည် ။

Photo Crd

Add a Comment

Your email address will not be published. Required fields are marked *