အရက္မူးလာတုိင္း အမျဖစ္သူကုိႏွိပ္စက္ေနတာမခံႏုိင္လုိ႔ ေမာင္ျဖစ္သူကလူသတ္မႈက်ဴးလြန္လုိက္တာပါတဲ႔

အရက္မူးလာတုိင္း အမျဖစ္သူကုိႏွိပ္စက္ေနတာမခံႏုိင္လုိ႔ ေမာင္ျဖစ္သူကလူသတ္မႈက်ဴးလြန္လုိက္တာပါတဲ႔ — တြံေတး ေဖေဖာ္ဝါရီ ၂၀

ရန္ကုန္တုိင္းေဒသႀကီး ေတာင္ပုိင္းခရုိင္ တြံေတးၿမိဳ႕နယ္ တြံေတး – မအူပင္သြားကားလမ္းေဘး ေရေက်ာ္ေက်းရြာတြင္ ၁၀-၂-၂၀၂၀ ရက္ေန႔က လူသတ္မႈျဖစ္ပြားခဲ႔ေၾကာင္းသိရွိရသည္။

ျဖစ္စဥ္မွာ ၁၀-၂-၂၀၂၀ ရက္ေန႔တြင္ တြံေတးၿမိဳ႕နယ္ စာျပည္စုေက်းရြာ ဂတ္တန္းေန ၿဖိဳးေဝလင္း(၁၈)ႏွစ္ (ဘ)ဦးေက်ာ္ညြန္႔သည္ အမျဖစ္သူ၏ ခင္ပြန္းေတာ္စပ္သူ စန္းဦးအား တြံေတး – မအူပင္သြားကားလမ္း ေရေက်ာ္ေက်းရြာအနီးတြင္ေတြ႔ရွိ၍ အမျဖစ္သူအား အရက္မူးလာတုိင္း ဆဲဆုိႏွိပ္စက္ျခင္းမျပဳရန္ႏွင့္ မိမိတုိ႔မိသားစုအား စိတ္ဆင္းရဲေအာင္မျပဳလုပ္ရန္ တားျမစ္ေနစဥ္ ေယာက္ေတာ္စပ္သူ စန္းဦးမွ ၿဖိဳးေဝလင္းအား ဆဲဆုိႀကိမ္းေမာင္းကာ လက္သီးျဖင့္ထုိး တုတ္ျဖင့္ရုိက္ႏွက္ခဲ႔သျဖင့္ ၿဖိဳးေဝလင္းမွ တုတ္အားလုယူကာ ေယာက္ဖျဖစ္သူစန္းဦး၏ ေနာက္ေစ့အား တုတ္ျဖင့္ႏွစ္ခ်က္ဆင့္ရုိက္ခဲ႔သျဖင့္ ထုိအခင္းျဖစ္ေနရာ၌ပင္ စန္းဦးေသဆုံးသြားခဲ႔သည္။

ထ႔ုိေနာက္ ေတာင္ပုိင္းခရုိင္မႈခင္းအကူတပ္ခြဲမွ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ တြံေတးၿမိဳ႔မရဲစခန္းမွ စခန္းမႈး/နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ားမွ အမႈအားစုံစမ္းစစ္ေဆး၍ လူသတ္မႈက်ဴးလြန္သူ ၿဖိဳးေဝလင္းအား ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ခဲ႔ရာ အမႈျဖင့္ထြက္ေျပးတိမ္းေရွာင္ေနသူ ၿဖိဳးေဝလင္းသည္ မႏၲေလးဘက္သုိ႔ေရာက္ရွိေနေၾကာင္းသတင္းရရွိသျဖင့္ လုိက္လံဖမ္းဆီးခဲ႔ရာ ၁၉-၂-၂၀၂၀ ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ႔သည္။

ဆက္လက္၍ လူသတ္မႈက်ဴးလြန္သူ ၿဖိဳးေဝလင္းအား တြံေတးၿမိဳ႕မရဲစခန္းတြင္ လူသတ္မႈျဖင့္အမႈဖြင့္ဖမ္းဆီးအေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းသိရွိရသည္။ Credit – #နိဳင္ငံေတာ္မွတ္ႀကီး(ရန္ကုန္) မႈခင္းရႈေထာင့္သတင္းဂ်ာနယ္

UNICODE

အရက်မူးလာတိုင်း အမဖြစ်သူကိုနှိပ်စက်နေတာမခံနိုင်လို့ မောင်ဖြစ်သူကလူသတ်မှုကျူးလွန်လိုက်တာပါတဲ့ — တွံတေး ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တွံတေး – မအူပင်သွားကားလမ်းဘေး ရေကျော်ကျေးရွာတွင် ၁၀-၂-၂၀၂၀ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ၁၀-၂-၂၀၂၀ ရက်နေ့တွင် တွံတေးမြို့နယ် စာပြည်စုကျေးရွာ ဂတ်တန်းနေ ဖြိုးဝေလင်း(၁၈)နှစ် (ဘ)ဦးကျော်ညွန့်သည် အမဖြစ်သူ၏ ခင်ပွန်းတော်စပ်သူ စန်းဦးအား တွံတေး – မအူပင်သွားကားလမ်း ရေကျော်ကျေးရွာအနီးတွင်တွေ့ရှိ၍ အမဖြစ်သူအား အရက်မူးလာတိုင်း ဆဲဆိုနှိပ်စက်ခြင်းမပြုရန်နှင့် မိမိတို့မိသားစုအား စိတ်ဆင်းရဲအောင်မပြုလုပ်ရန် တားမြစ်နေစဉ် ယောက်တော်စပ်သူ စန်းဦးမှ ဖြိုးဝေလင်းအား ဆဲဆိုကြိမ်းမောင်းကာ လက်သီးဖြင့်ထိုး တုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့် ဖြိုးဝေလင်းမှ တုတ်အားလုယူကာ ယောက်ဖဖြစ်သူစန်းဦး၏ နောက်စေ့အား တုတ်ဖြင့်နှစ်ချက်ဆင့်ရိုက်ခဲ့သဖြင့် ထိုအခင်းဖြစ်နေရာ၌ပင် စန်းဦးသေဆုံးသွားခဲ့သည်။

ထ့ိုနောက် တောင်ပိုင်းခရိုင်မှုခင်းအကူတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် တွံတေးမြို့မရဲစခန်းမှ စခန်းမှုး/နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အမှုအားစုံစမ်းစစ်ဆေး၍ လူသတ်မှုကျူးလွန်သူ ဖြိုးဝေလင်းအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အမှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသူ ဖြိုးဝေလင်းသည် မန္တလေးဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ၁၉-၂-၂၀၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လူသတ်မှုကျူးလွန်သူ ဖြိုးဝေလင်းအား တွံတေးမြို့မရဲစခန်းတွင် လူသတ်မှုဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ Credit – #နိုင်ငံတော်မှတ်ကြီး(ရန်ကုန်) မှုခင်းရှုထောင့်သတင်းဂျာနယ်

Add a Comment

Your email address will not be published. Required fields are marked *