ဒူးနာေရာဂါ လက္ေတြ့ေပ်ာက္တဲ့ ေဆးနည္းမ်ား စုစည္းေဖာ္ျပလိုက္ပါတယ္

ဒူးနာေရာဂါ လက္ေတြ့ေပ်ာက္တဲ့ ေဆးနည္းမ်ား စုစည္းေဖာ္ျပလိုက္ပါတယ္

ဒူးနာ၍ ေဆးခန္းျပေသာ္လည္း မသက္သာပဲ သဘာဝေဆးနည္းမ်ားကိုေတာင္းဆိုလာသူမ်ားအတြက္ ဒူးနာေဆးနည္းမ်ားကို စုစည္း၍ မၽွေဝေပးလိုက္ပါတယ္။

(၁) ၈ႏွွစ္ေလာက္္ ခံစားခဲ့ရတဲ့ ဒူးနာေရာဂါကို (၅) ရက္အတြင္းလက္ေတြ့ေပ်ာက္တဲ့ ေဆးနည္း

ေက်ာက္ခ်ဥ္္ႏွင္႔ လက္ဖက္အသားအစိုပါ (၈) ႏွစ္ေလာက္္ ခံစားခဲ့ရတဲ့ ဒူးနာေရာဂါ ကို (၅)ရက္ေလာက္ ကုလိုိက္တာ သက္သာေပ်ာက္ကင္းသြားတဲ့ဆိုတဲ့ ကိုိယ္ေတြ႕ ဒူးနာေပ်ာက္ ေဆးနည္းေလးပါ။ မဂၤလာပါရွင္္လက္ေတြ့ေလးမို႔ မၽွေဝပါတယ္။ အဆင္ေျပမယ္ထင္ပါတယ္ အေမက ခုထိ ဒူးနာတာ ၈ ႏွစ္ပါ အဂၤလိပ္ ျမန္မာေဆးနည္းလည္း စုံေနတာပါ။

ေျပာသမၽွ ေပ်ာက္နိုး ေကာင္းနိုးရာရ လိုက္သုံးတာလည္းၾကာ ခုထိလည္းမသက္သာ အခုေတာ့ ညစဥ္္ ေဆးစည္းၿပီး အိပ္တာ ၅ ရက္မွာ အေတာ္ကိုသိသာၿပီး သက္သာလာပါတယ္။ေငြလည္းမကုန္ ေဘးထြက္လည္း မရွိတာမို့ ဘာေၾကာင့္နာနာ စမ္းသုံးၾကည့္ပါလို႔။

ေဆးနည္းကေတာ့ လက္ဖက္အသားအစိုိနဲ႔ ေက်ာက္ခ်ဥ္ခဲကို ဆတူေထာင္းၿပီး နာေနတဲ့ ဒူးေခါင္းမွာ စည္းေပးထားလိုက္ပါ။ မနက္မွာ ျပန္ခြာ ေနာက္ညမွာ စည္းအိပ္႐ုံေလးပါဘဲ။

(၂) ငါးၾကင္းေခါင္းကို မၾကာခဏ ဟင္းခ်က္စားျခင္းျဖင့္ ဒူးနာေရာဂါ၊ ဒူးေခါင္းက်ီးေပါင္းေရာဂါမ်ားကို ေပ်ာက္ကင္းေစနိုင္ေၾကာင္း ေရွးကေဆးက်မ္းမ်ားတြင္ ဖတ္ရႈရ၍ လက္ေတြ႕စမ္းၾကည့္ရာ ဒူးထဲမွ ကုန္ခမ္းေနေသာ ရိုးတြင္းခ်ဥ္ဆီမ်ား အားျပန္လည္ျပည့္ဝလာ၍ တကယ္ေပ်ာက္ကင္းခဲ့သည္။ (တိုင္းရင္းေဆးဆရာႀကီး ဦးၾကည္ျမင့္လြင္)

(၃) ေဆး႐ုံ ၃လေလာက္တက္ခဲ့ရတဲ့ အသိတစ္ေယာက္ ဒီနည္းနဲ႔ေပ်ာက္သြားတယ္။ ၃ ပတ္ေလာက္ ဒူးနာေနတဲ့ က်ေနာ့္ေယာကၡမလည္း ဒီနည္းနဲ႔ပဲ ေပ်ာက္သြားတယ္။ေဆးနည္းကေတာ့ ဂ်င္းတက္နဲ႔ ေျမျဖဴခဲကို ေရာေထာင္းၿပီး နာေနတဲ့ဒူးေပၚကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးပါ။ ၃ ရက္အတြင္း သိသာလာမယ္။ တစ္ပတ္ေလာက္ဆိုၿပီ ေပ်ာက္ၿပီ။ (ကိုယ္ေတြ႕တစ္ဦး)

(၄) ေခြးေတာက္ရြက္ လက္တစ္ဆုပ္ခန႔္ကို ထုေထာင္း၍ အရည္ညႇစ္ယူကာ ၎အရည္ျဖင့္ သနပ္ခါးေသြးကာ ဒူးေပၚကို လိမ္းေပးပါ။ မနက္ေရခ်ိဳးၿပီးတစ္ႀကိမ္၊ ညအိပ္ခါနီးတစ္ႀကိမ္ လိမ္းေပးပါ။ တစ္ပတ္ခန႔္လိမ္းေပးလၽွင္ ဒူးနာသက္သာေပ်ာက္ကင္းေစမည္။ (Mg Naing)

(၅) ရွားေစာင္းလက္ပပ္ လတ္လတ္ဆတ္လတ္ကို ခူးယူ၍ အေပၚအခြံကိုခြါၿပီး အတြင္းသားဂ်ယ္လီကို ဇြန္းျဖင့္ျခစ္ယူ၍ က်ိဳခ်က္ထားေသာ ႏြားနို႔အေအးႏွင့္ ေသာက္ပါ။ ၅ ရက္ခန႔္ေသာက္လၽွင္ ဒူးနာသက္သာလာမည္။ (ဒို႔ျမန္မာေဒါ့ကြမ္း)

(၆) ဒူးနာ၊ ခါးနာေပ်က္ကင္းေစမည့္ သဘာဝေဆးနည္း

က။ သေဘၤာသီးအစိမ္းတစ္လုံးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လုံးစာခန႔္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။

ခ။ ၾကက္ဥကို ထည့္လိုက္ပါ။ (သဘာဝၾကက္ဥ၊ ေတာၾကဥ ဆိုလၽွင္ ပိုေကာင္းပါသည္)

ဂ။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ႔အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုၿပီး စိတ္ခ်ခ်င္လၽွင္ ရြံ့ေစးမ်ားျဖင့္ အုပ္ေပးထားနိုင္ပါသည္။

ဃ။ ၎သေဘၤာသီးကို မီးေသြးမီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိၿပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။

င။ ၿပီးလၽွင္ အခြံကို ခြါခ်လိုက္ၿပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။

တစ္ပတ္ကို တစ္ႀကိမ္နဲ႔ (၃)ႀကိမ္ခန႔္ စားေပးပါက ဒူးနာ၊ ခါးနာေပ်ာက္ကင္းသြားပါလိမ့္မယ္။ (အစာလည္းေဆး၊ ေဆးလည္းအစာ)

(၇) သံပုရာသီးကို ထက္ျခမ္းပိုင္း၍ ၎သံပုရာျခမ္းျဖင့္ နာေနသည့္ဒူးေပၚကို အရည္မ်ားကုန္ခမ္းသည့္အထိ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ၿပီးလၽွင္ (ဆရာခို-အနာလိမ္းေဆး) သို႔မဟုတ္ ဒဏ္ေၾကေဆးတစ္မ်ိဳးမ်ိဳးျဖင့္ လိမ္းေပးၿပီး ၁၅ မိနစ္ခန႔္ အဝတ္ပါးပါး၊ ပတ္တီးစီးထားပါ။ အထူးသျဖင့္ ညအိပ္ခါနီး လိမ္းေပးလၽွင္ ပိုထိေရာက္ပါတယ္။ တစ္ပတ္ခန႔္လိမ္းေပးလၽွင္ ဒူးနာေပ်ာက္ကင္းေစပါမည္။ (ေစာႏြဲ႕ေနဆိုင္-ပူတာအို)

(၈) ဒူးနာသူမ်ားအတြက္ ေဆးၿမီးတို ေနာက္တနည္း

ခါးနာ ဒူးနာ သူမ်ားအတြက္ မခက္ပါ …. ဘဲဥကိုပြတ္ေနေသာ ေရေႏြးအိုးထဲ့ကို ၂ မိနစ္ခန္႔ျပဳတ္လိုက္ၿပီး ဆယ္ယူလိုက္ပါ ၊ ဆယ္ယူလိုက္သည့္ ဘဲဥကို ပန္းကန္လုံးထဲ့ကို ေဖာက္ထည့္လိုက္ပါ စားေကာင္းေစရန္ သၾကားအနည္းငယ္ သင္စားေကာင္းေစေလာက္သည့္ အေနအထားသို႔ထည့္ၿပီး ေခါက္စားလိုက္ပါ တျခားမည္သည္အရာမွ ေရာစပ္ၿပီး မစားရပါ ဘဲဥတလုံးကိုေတာ့ ကုန္ေအာင္ စားရပါလိမ့္မည္။

တေန႔ကို ဘဲဥတလုံးကို ကုန္ေအာင္စားရပါလိမ့္မည္

ထိုနည္းအတိုင္း ေန႔စဥ္ ဘဲဥတလုံးစီ စားသုံးရမည္၊ အနည္းဆုံး မိမိအသက္၏ တဝက္ အလုံးေရအထိ စားသုံးရမည္၊ ( ဥပမာ ) အသက္ ၄၀-ႏွစ္ရွိလၽွင္ အနည္းဆုံး ဘဲဥ အလုံးေရ (၂၀ ) စားသုံးရမည္၊ ထိုထက္ မ်ားမ်ားစားသုံးနိုင္လၽွင္ ပိုေကာင္းပါသည္။

ဘဲဥစားသုံးျခင္းသည္ လိုအပ္ေသာ ျခင္ဆီဓာတ္အတြက္ ျပန္လည္ျဖစ္ေပၚေစရန္ျဖစ္ပါသည္ ။ ထိုကဲ့သို႔ စားသုံးျခင္းျဖင့္ ခါး-ဒူးတို႔တြင္ ရိုးတြင္းျခင္ဆီ ခန္းေျခာက္ျခင္းကို ျပန္လည္ျဖည့္တင္းေပးၿပီး ခါးနာ ဒူးနာမ်ား သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။(ျမန္မာ့ေဆးျမည္းတိုမ်ား)

(၉) ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာအေရာဂါမ်ားအတြက္ ဖီးၾကမ္းငွက္ေပ်ာသီးအမွည့္ကိုဖင္ျဖတ္ ေခါင္းျဖတ္၍ သက္ရင္းႀကီးရြက္ႏွင့္လုံေအာင္လိပ္ကာ ( ၅ ) နာရီခန႔္ ျပဳတ္၍တစ္ေန႔သုံးလုံးစီ ( ၅ ) ရက္ဆက္တိုက္စားေပးပါက

ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာနာတာရွည္ေရာဂါမ်ား ေပ်ာက္ကင္းပါသည္။ျပဳလုပ္ပုံလြယ္ကူ၍ အကုန္အက်နည္းကာ အစြမ္းထက္ သက္ေစာင့္ေဆးအားမွီဝဲၾကပါကုန္ ။ (ဝိစိတၱရတနာေျမ)

ဒူးနာ ခါးနာ အဆစ္ျမစ္နာေဝဒနာကို ခံစားေနသည့္ မိတ္ေဆြမ်ားအားလုံး အျမန္ဆုံးေပ်ာက္ကင္းနိုင္ၾကပါေစ။ ကိုးကား – က်န္းမာေရးဝက္ဆိုက္မ်ိဳးစုံ

UNICODE

ဒူးနာရောဂါ လက်တွေ့ပျောက်တဲ့ ဆေးနည်းများ

ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကိုတောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။

(၁) ၈နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါကို (၅) ရက်အတွင်းလက်တွေ့ပျောက်တဲ့ ဆေးနည်း

ကျောက်ချဉ်နှင့် လက်ဖက်အသားအစိုပါ (၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိုက်တာ သက်သာပျောက်ကင်းသွားတဲ့ဆိုတဲ့ ကိုယ်တွေ့ ဒူးနာပျောက် ဆေးနည်းလေးပါ။ မင်္ဂလာပါရှင်လက်တွေ့လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ် အမေက ခုထိ ဒူးနာတာ ၈ နှစ်ပါ အင်္ဂလိပ် မြန်မာဆေးနည်းလည်း စုံနေတာပါ။

ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်းမသက်သာ အခုတော့ ညစဉ် ဆေးစည်းပြီး အိပ်တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။ငွေလည်းမကုန် ဘေးထွက်လည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။

ဆေးနည်းကတော့ လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ဆတူထောင်းပြီး နာနေတဲ့ ဒူးခေါင်းမှာ စည်းပေးထားလိုက်ပါ။ မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။

(၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)

(၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)

(၄) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၎င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)

(၅) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)

(၆) ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း

က။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။

ခ။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)

ဂ။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

ဃ။ ၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။

င။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။

တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)

(၇) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၎င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အဝတ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့နေဆိုင်-ပူတာအို)

(၈) ဒူးနာသူများအတွက် ဆေးမြီးတို နောက်တနည်း

ခါးနာ ဒူးနာ သူများအတွက် မခက်ပါ …. ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။

တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။(မြန်မာ့ဆေးမြည်းတိုများ)

(၉) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ ( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ ( ၅ ) ရက်ဆက်တိုက်စားပေးပါက

လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ)

ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။ ကိုးကား – ကျန်းမာရေးဝက်ဆိုက်မျိုးစုံ

Add a Comment

Your email address will not be published. Required fields are marked *