ေျပာင္းဖူးျပဳတ္ / ပူပူေလး စားေပးျခင္းေၾကာင့္ ရရွိႏိုင္ေသာ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ေျပာင္းဖူးျပဳတ္ ပူပူေလး စားေပးျခင္းေၾကာင့္ ရရွိႏိုင္ေသာ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

အခု စာဖတ္ေနတဲ့ ပရိတ္သတ္ႀကီးထဲမွာ ေျပာင္းဖူးႀကိဳက္တဲ့သူမ်ားရွိၾကလားဗ် .. ။ တခ်ိဳ႕က ေျပာင္းဖူးကို ႀကိဳက္တယ္လည္း မဟုတ္ဘဲ စားျဖစ္ၾကသလို တခ်ိဳ႕က်ေတာ့ စားရတာ အလုပ္ရႈပ္လို႔ မစားျဖစ္ၾကပါဘူး။ အခုလိုေဆာင္းတြင္းေအးေအးေလးမွာ ေျပာင္းဖူးျပဳတ္က ရတဲ့ အက်ိဳးေက်းဇူးေလးေတြ ေျပာျပပါမယ္ေနာ္

တကယ္ေတာ့ ေျပာင္းဖူးကို ကင္စားတာထက္ ျပဳတ္စားတာက ပိုၿပီးအာနိသင္ရွိပါတယ္။ သုေတသနျပဳခ်က္အရ ေျပာင္းဖူးမွာ Antioxidant ေတြ ႂကြယ္ဝစြာပါဝင္ၿပီး ႏွလုံးက်န္းမာေရးအတြက္ အထူးအေထာက္အကူျပဳေစပါတယ္။ အထူးသျဖင့္ အဝါေရာင္ေျပာင္းဖူးေတြမွာ ေတြ႕ရတဲ့ဓါတ္က ႏွလုံးရဲ႕လုပ္ေဆာင္မႈကို ပိုေထာက္ပံ့ေပးပါတယ္။

၁။ ေသြးတိုးက်ေစျခင္း ေျပာင္းဖူးကို စားတာဟာ ေသြးတိုး က်ေစပါတယ္။ /  ၂။ ပ႐ိုတင္းဓါတ္ ပ႐ိုတင္းဓါတ္ ႂကြယ္ဝစြာပါဝင္တာမို႔ ေျပာင္းဖူးကို ေခြၽၿပီးထည့္ထားတဲ့ ခြက္(၁)ခြက္စာမွာ ပ႐ိုတင္းဓါတ္ (၆)ဂရမ္ထိပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ႂကြက္သားေတြကို သန္မာေစၿပီး ေန႔စဥ္ခြန္အားျပည့္ဝေစမွာပါ။

၃။ အစာေခ်စနစ္ေကာင္းျခင္း ေျပာင္းဖူးမွာ အမွ်င္ဓါတ္ေတြ ႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါ့ေၾကာင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။

၄။ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့က်ေစျခင္း ေျပာင္းဖူးမွာဟာ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ ဆဲလ္ေတြကို အားျဖည့္ေပးပါတယ္။

၅။ စိတ္ခံစားမႈကို ညီမွ်ေစျခင္း ဗီတာမင္ B6 ႂကြယ္ဝစြာပါဝင္တာမို႔ ဦးေႏွာက္ကေန စိတ္ခံစားမႈကို ေကာင္းမြန္ေစတဲ့ဓါတ္ေတြ ေပးပါတယ္။ ဒါ့အျပင္ အိပ္ေရးဝေစၿပီး မနက္ဆိုလည္း လန္းလန္းဆန္းဆန္းနဲ႔ ႏိုးေစပါတယ္။ ဒါေၾကာင့္ အိပ္ေရးမဝလို႔ စိတ္မၾကည္တာ၊ စိတ္တိုတာ၊ ေဒါသထြက္တာေတြ မျဖစ္ေစဘူးေပါ့။

၆။ သၾကားဓါတ္ကို ထိန္းညႇိေပးျခင္း  ေျပာင္းဖူးစားျခင္းေၾကာင့္ ေသြးအတြင္းက သၾကားဓါတ္ကို ထိန္းညႇိေပးႏိုင္ပါတယ္။

၇။ လိပ္ေခါင္းေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးျခင္း / ေျပာင္းဖူးမွာ မွ်င္ဓါတ္ေတြႂကြယ္ဝစြာပါဝင္တဲ့အျပင္ ဗီတာမင္ B6၊ ဗီတာမင္ B5 ၊ သံဓာတ္တို႔ပါဝင္းတာမို႔ လိပ္ေခါင္းေရာဂါ ျဖစ္ပြားမႈကို ေလွ်ာ့က်ေစႏိုင္ပါတယ္။

၈။ မွတ္ဉာဏ္ကို အားေကာင္းေစပါတယ္ / ေျပာင္းဖူးမွာ သိုင္ယာမင္း ဒါမွမဟုတ္ ဗီတာမင္ B1 ပါဝင္တာေၾကာင့္ မွတ္ဉာဏ္အစြမ္းကို ေကာင္းမြန္ေစပါ တယ္။ ဒီအာဟာရေတြဟာ ဦးေႏွာက္ဆဲလ္ေတြကို အားေကာင္းေစၿပီး ေတြးေခၚႏိုင္တဲ့ လုပ္ငန္းေဆာင္တာကို တိုးတက္ေစပါတယ္။ ေျပာင္းဖူးဟာ အယ္လ္ဇိုင္းမား ေရာဂါျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့က်ေစပါတယ္။

၉။ အျမင္အာ႐ုံကို ကာကြယ္ေပးပါတယ္ / ဘီတာကယ္႐ိုတင္း၊ ေဖာလိတ္၊ အင္တီေအာက္ဆီးဒင့္နဲ႔ ဇီဇန္သင္းတို႔ မ်ားစြာ ပါဝင္ပါတယ္။ ဒီအာဟာရဓာတ္ေတြက မက္ကူလာယိုယြင္း ပ်က္စီးမႈလိုမ်ိဳး မ်က္စိေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၁၀။ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္ / ေျပာင္းဖူးမွာ Ferulic Acid မ်ားစြာ ပါဝင္ပါတယ္။ ဒါက အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳးျဖစ္တာေၾကာင့္ ခႏၶာကိုယ္တြင္း ေရာင္ရမ္းမႈ၊ အိုမင္းမႈနဲ႔ ကင္ဆာေရာဂါတခ်ိဳ႕အမ်ိဳးအစားေတြကို မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

ပညာရွင္ေတြရဲ႕ ေလ့လာစမ္းသပ္ခ်က္ေတြအရ ေျပာင္းဖူးဟာ သစ္သီးေတြနဲ႔ ဟင္းသီးဟင္း႐ြက္အမ်ားစုထက္ အာဟာရဓာတ္ ပိုမိုပါဝင္ပါတယ္။ လူအမ်ားစုဟာ ေျပာင္းဖူးကို ဟင္းအေနနဲ႔ အဆီ၊ ဆား၊ သၾကားေတြ ထည့္ၿပီး ခ်က္ျပဳတ္ စားေသာက္ၾကပါတယ္။ ေျပာင္းဖူးကို ျပဳတ္ၿပီး သုပ္စားတာ ဒါမွမဟုတ္ စြပ္ျပဳတ္ ျပဳတ္ေသာက္တာေတြက က်န္းမာေရးနဲ႔ ပိုညီၫြတ္ပါတယ္။

Source; google / Wikipedia

UNICODE

ပြောင်းဖူးပြုတ် ပူပူလေး စားပေးခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ

အခု စာဖတ်နေတဲ့ ပရိတ်သတ်ကြီးထဲမှာ ပြောင်းဖူးကြိုက်တဲ့သူများရှိကြလားဗျ .. ။ တချို့က ပြောင်းဖူးကို ကြိုက်တယ်လည်း မဟုတ်ဘဲ စားဖြစ်ကြသလို တချို့ကျတော့ စားရတာ အလုပ်ရှုပ်လို့ မစားဖြစ်ကြပါဘူး။ အခုလိုဆောင်းတွင်းအေးအေးလေးမှာ ပြောင်းဖူးပြုတ်က ရတဲ့ အကျိုးကျေးဇူးလေးတွေ ပြောပြပါမယ်နော်

တကယ်တော့ ပြောင်းဖူးကို ကင်စားတာထက် ပြုတ်စားတာက ပိုပြီးအာနိသင်ရှိပါတယ်။ သုတေသနပြုချက်အရ ပြောင်းဖူးမှာ Antioxidant တွေ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် အထူးအထောက်အကူပြုစေပါတယ်။ အထူးသဖြင့် အဝါရောင်ပြောင်းဖူးတွေမှာ တွေ့ရတဲ့ဓါတ်က နှလုံးရဲ့လုပ်ဆောင်မှုကို ပိုထောက်ပံ့ပေးပါတယ်။

၁။ သွေးတိုးကျစေခြင်း ပြောင်းဖူးကို စားတာဟာ သွေးတိုး ကျစေပါတယ်။ /  ၂။ ပရိုတင်းဓါတ် ပရိုတင်းဓါတ် ကြွယ်ဝစွာပါဝင်တာမို့ ပြောင်းဖူးကို ချွေပြီးထည့်ထားတဲ့ ခွက်(၁)ခွက်စာမှာ ပရိုတင်းဓါတ် (၆)ဂရမ်ထိပါဝင်ပါတယ်။ ဒါ့ကြောင့် ကြွက်သားတွေကို သန်မာစေပြီး နေ့စဉ်ခွန်အားပြည့်ဝစေမှာပါ။

၃။ အစာချေစနစ်ကောင်းခြင်း ပြောင်းဖူးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၄။ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေခြင်း ပြောင်းဖူးမှာဟာ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ ဆဲလ်တွေကို အားဖြည့်ပေးပါတယ်။

၅။ စိတ်ခံစားမှုကို ညီမျှစေခြင်း ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာမို့ ဦးနှောက်ကနေ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ဓါတ်တွေ ပေးပါတယ်။ ဒါ့အပြင် အိပ်ရေးဝစေပြီး မနက်ဆိုလည်း လန်းလန်းဆန်းဆန်းနဲ့ နိုးစေပါတယ်။ ဒါကြောင့် အိပ်ရေးမဝလို့ စိတ်မကြည်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာတွေ မဖြစ်စေဘူးပေါ့။

၆။ သကြားဓါတ်ကို ထိန်းညှိပေးခြင်း  ပြောင်းဖူးစားခြင်းကြောင့် သွေးအတွင်းက သကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

၇။ လိပ်ခေါင်းရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း / ပြောင်းဖူးမှာ မျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် B6၊ ဗီတာမင် B5 ၊ သံဓာတ်တို့ပါဝင်းတာမို့ လိပ်ခေါင်းရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေနိုင်ပါတယ်။

၈။ မှတ်ဉာဏ်ကို အားကောင်းစေပါတယ် / ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဉာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရတွေဟာ ဦးနှောက်ဆဲလ်တွေကို အားကောင်းစေပြီး တွေးခေါ်နိုင်တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

၉။ အမြင်အာရုံကို ကာကွယ်ပေးပါတယ် / ဘီတာကယ်ရိုတင်း၊ ဖောလိတ်၊ အင်တီအောက်ဆီးဒင့်နဲ့ ဇီဇန်သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၀။ ရောင်ရမ်းမှုကို လျော့ကျစေပါတယ် / ပြောင်းဖူးမှာ Ferulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာရောဂါတချို့အမျိုးအစားတွေကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရ ပြောင်းဖူးဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစုထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးကို ဟင်းအနေနဲ့ အဆီ၊ ဆား၊ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖူးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ်ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

Source; google / Wikipedia

Add a Comment

Your email address will not be published. Required fields are marked *