ေမြးကင္းစကေလးငယ္ကိုအဆိပ္ခတ္ၿပီး အမႈိက္ပံုးထဲမွာပစ္ထုတ္ခဲ့ၾကတဲ့ မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ ျမန္မာစံုတြဲ

ေမြးကင္းစကေလးငယ္ကို အဆိပ္ခတ္ၿပီး အမႈိက္ပံုးထဲမွာ ပစ္ထုတ္ခဲ့ၾကတဲ့ မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ ျမန္မာစံုတြဲ

မၾကာေသးခင္ကမွ ျမန္မာစံုတြဲႏွစ္ေယာက္ကို မေလး႐ွားရဲတပ္ဖြဲ႔မွ ေမြးကင္းစကေလးကို အဆိပ္ခတ္သတ္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းထားခဲ့ၾကပါတယ္ ။ Selangor ျပည္နယ္မွာ႐ွိတဲ့တိုက္ခန္းအိမ္ရာတစ္ခု၏ ေအာက္ဆံုးအထပ္မွာ႐ွိတဲ့အမိႈက္ပံုထဲမွာ ေမြးကင္းစကေလးငယ္တစ္ေယာက္ေတြ႔႐ွိေၾကာင္းကို

August 27ရက္ေန႔မွာ ရဲအရာ႐ွိမ်ားကတိုင္ၾကားခ်က္လက္ခံရ႐ွိခဲ့ၾကပါတယ္ ။ ေမြးကင္းစကေလးငယ္ကို ခ်က္ႀကိဳး ၊ အခ်င္းတို႔ႏွင့္ေတြ႔႐ွိခဲ့တာျဖစ္ၿပီး ၊ အမဲေရာင္အဝတ္ ႏွင့္ အမ်ိဳးသမီးအထဲခံဝတ္စံုႏွင့္တကြတြဲလ်က္ ေတြ႔႐ွိခဲ့တာျဖစ္ေၾကာင္း ရဲအရာ႐ွိမ်ားကထြက္ဆိုခဲ့ၾကပါတယ္ ။

အေလာင္းခြဲစိတ္စစ္ေဆးၿပီးတဲ့အခ်ိန္မွာေတာ့ ကေလးငယ္ဟာအဆိပ္ရည္ထဲမွာ နစ္ျမဳပ္ၿပီးအသတ္ခံခဲ့ရတာျဖစ္ေၾကာင္း ေတြ႔႐ွိခဲ့ရပါတယ္ ။ ကေလးငယ္၏႐ုပ္အေလာင္းကို ႐ွာေဖြေတြ႔႐ွိၿပီး 48နာရီအၾကာမွာပဲ ကေလးငယ္၏မိဘအရင္းမ်ားကို ရဲအရာ႐ွိမ်ားက႐ွာေဖြဖမ္းဆီးႏိုင္ခဲ့ပါတယ္ ။

ကေလးငယ္၏မိဘမ်ားမွာ အသက္30အရြယ္ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ မိဘမ်ားကိုေတာ့ ေမြးကင္းစသမီးငယ္ေလးကို ေသဆံုးေစမႈအတြက္ သံသယအ႐ွိဆံုးသူမ်ားအျဖစ္ ဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္ ။ ရဲအရာ႐ွိမ်ားက စြန္႔ပစ္ထားေသာကေလးငယ္၏႐ုပ္အေလာင္းႏွင့္ တရားစြဲဖို႔အတြက္

ကေလးငယ္ေမြးဖြားခဲ့သည့္အေျခအေနကို စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္႐ွိပါတယ္ ။ မလိုလားပဲ ကိုယ္ဝန္ရလာျခင္းမ်ိဳးျဖစ္ၿပီး ၊ မိဘမ်ားကေရြးခ်ယ္မႈမ႐ွိေတာ့ဘဲ ကေလးငယ္ကိုသတ္ပစ္ခဲ့သည့္ ျပစ္မႈက်ဴ းလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ယူဆရပါတယ္ ။

သို႔ေပမဲ့လည္း ကေလးငယ္ကို လံုျခံဳစိတ္ခ်ရတဲ့ အိမ္ ဒါမွမဟုတ္ မိသားစုတစ္ခုခုကို ေမြးစားဖို႔အတြက္ ေပးခဲ့လို႔ရပါတယ္ ။ အထူးသျဖင့္ မေလး႐ွားႏိုင္ငံ႐ွိ OrphanCare ႏွင့္ ShelterHome ကဲ့သို႔ေသာ Foundations မ်ားဟာ ဆက္လက္ေကြၽးေမြးဖို႔

အစီအစဥ္မ႐ွိလို႔စြန္႔ပစ္မယ့္ကေလးငယ္မ်ားကို ႀကီးလာတဲ့အထိဂ႐ုတစိုက္ေကြၽးေမြးေပးသည့္ မိသားစုကဲ့သို႔ Foundation မ်ားလည္း႐ွိေၾကာင္း သိ႐ွိရပါတယ္ ။CREDIT-Jasmine (Mckzone Daily)

UNICODE

မွေးကင်းစကလေးငယ်ကို အဆိပ်ခတ်ပြီး အမှိုက်ပုံးထဲမှာ ပစ်ထုတ်ခဲ့ကြတဲ့ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာစုံတွဲ

မကြာသေးခင်ကမှ မြန်မာစုံတွဲနှစ်ယောက်ကို မလေးရှားရဲတပ်ဖွဲ့မှ မွေးကင်းစကလေးကို အဆိပ်ခတ်သတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပါတယ် ။ Selangor ပြည်နယ်မှာရှိတဲ့တိုက်ခန်းအိမ်ရာတစ်ခု၏ အောက်ဆုံးအထပ်မှာရှိတဲ့အမှိုက်ပုံထဲမှာ မွေးကင်းစကလေးငယ်တစ်ယောက်တွေ့ရှိကြောင်းကို

August 27ရက်နေ့မှာ ရဲအရာရှိများကတိုင်ကြားချက်လက်ခံရရှိခဲ့ကြပါတယ် ။ မွေးကင်းစကလေးငယ်ကို ချက်ကြိုး ၊ အချင်းတို့နှင့်တွေ့ရှိခဲ့တာဖြစ်ပြီး ၊ အမဲရောင်အဝတ် နှင့် အမျိုးသမီးအထဲခံဝတ်စုံနှင့်တကွတွဲလျက် တွေ့ရှိခဲ့တာဖြစ်ကြောင်း ရဲအရာရှိများကထွက်ဆိုခဲ့ကြပါတယ် ။

အလောင်းခွဲစိတ်စစ်ဆေးပြီးတဲ့အချိန်မှာတော့ ကလေးငယ်ဟာအဆိပ်ရည်ထဲမှာ နစ်မြုပ်ပြီးအသတ်ခံခဲ့ရတာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ် ။ ကလေးငယ်၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိပြီး 48နာရီအကြာမှာပဲ ကလေးငယ်၏မိဘအရင်းများကို ရဲအရာရှိများကရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ် ။

ကလေးငယ်၏မိဘများမှာ အသက်30အရွယ် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရှိရပါတယ် ။ မိဘများကိုတော့ မွေးကင်းစသမီးငယ်လေးကို သေဆုံးစေမှုအတွက် သံသယအရှိဆုံးသူများအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ် ။ ရဲအရာရှိများက စွန့်ပစ်ထားသောကလေးငယ်၏ရုပ်အလောင်းနှင့် တရားစွဲဖို့အတွက်

ကလေးငယ်မွေးဖွားခဲ့သည့်အခြေအနေကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါတယ် ။ မလိုလားပဲ ကိုယ်ဝန်ရလာခြင်းမျိုးဖြစ်ပြီး ၊ မိဘများကရွေးချယ်မှုမရှိတော့ဘဲ ကလေးငယ်ကိုသတ်ပစ်ခဲ့သည့် ပြစ်မှုကျူ းလွန်ခဲ့ခြင်းဖြစ်ကြောင်း ယူဆရပါတယ် ။

သို့ပေမဲ့လည်း ကလေးငယ်ကို လုံခြုံစိတ်ချရတဲ့ အိမ် ဒါမှမဟုတ် မိသားစုတစ်ခုခုကို မွေးစားဖို့အတွက် ပေးခဲ့လို့ရပါတယ် ။ အထူးသဖြင့် မလေးရှားနိုင်ငံရှိ OrphanCare နှင့် ShelterHome ကဲ့သို့သော Foundations များဟာ ဆက်လက်ကျွေးမွေးဖို့

အစီအစဉ်မရှိလို့စွန့်ပစ်မယ့်ကလေးငယ်များကို ကြီးလာတဲ့အထိဂရုတစိုက်ကျွေးမွေးပေးသည့် မိသားစုကဲ့သို့ Foundation များလည်းရှိကြောင်း သိရှိရပါတယ် ။CREDIT-Jasmine (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *