ကိုယ္တိုင္သဃၤန္းဝတ္ၿပီး ဘူတာမွာ အရက္ေသာက္ၿပီး သာသနာကို ညႇိဳးႏြမ္းေအာင္ လုပ္တဲ့ဘုန္းျကီးကိုဖမ္းဆီး

ကိုယ္တိုင္သဃၤန္းဝတ္ၿပီး ဘူတာမွာ အရက္ေသာက္ၿပီး သာသနာကို ညႇိဳးႏြမ္းေအာင္ လုပ္တဲ့ဘုန္းျကီးကိုဖမ္းဆီး

ကိုယ္တိုင္သဃၤန္းဝတ္ၿပီး ဒိုက္ဦးဘူတာရွိ ကုန္သြယ္ေရး ဂိုေဒါင္တြင္ အရက္ေသာက္ ညအိပ္ေနသူ တစ္ဦးအား ဒိုက္ဦးၿမိဳ႕နယ္တရား႐ုံးမွ ေထာင္ဒဏ္ ၃-လ က်ခံေစရန္ အမိန႔္ခ် ၁၅.၆.၂၀၂၀ ရက္ေန႔ ေန႔လည္ ၁၂း၁၀ ခန႔္အခ်ိန္ ဒိုက္ဦးၿမိဳ႕ မီးရထားဘူတာရွိ ကုန္သြယ္ေရးဂိုေဒါင္အတြင္း

ရဟန္း အေယာင္ေဆာင္တစ္ဦးသည္ အရက္ေသစာေသာက္စားကာ ညအိပ္ညေန ေနထိုင္လ်က္ရွိသျဖင့္ သံဃာေတာ္မ်ား ႏွင့္ၿမိဳ႕နယ္တာဝန္ရွိပုဂၢိဳလ္မ်ားက ဒိုက္ဦးၿမိဳ႕ နယ္သံဃမဟာနာယက႐ုံး ေခမာသီေက်ာင္း၌ အဖြဲ႕ဝင္ဆရာေတာ္မ်ားထံ ဆုံးမၾသဝါဒခံယူေစၿပီး သိကၡာခ် လူဝတ္လဲေပးၿပီးေနာက္

ဒိုက္ဦးၿမိဳ႕မရဲစခန္းတြင္ သာသနာညိဳွးႏြမ္းေစမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၉၅-က ျဖင့္ အေရးယူေပးပါရန္ ၿမိဳ႕နယ္ လဝကမွ တာဝန္ရွိသူက တရားလိုလုပ္အမႈဖြင့္တိုင္ၾကားခဲ့သည္။ — ျပစ္မႈက်ဴးလြန္သူ ———- ဝဏၰေအာင္ ၃၉-ႏွစ္(ဘ)ဦးစိန္ေသာင္း ပ်ဥ္မနားၿမိဳ႕ ရန္ေအာင္(၂ )ရပ္ကြက္ေနထိုင္သူအား

ယေန႔ ၁၆.၆.၂၀၂၀ ေန႔လည္ ၁း၁၀ ခန႔္အခ်ိန္ တြင္ ဒိုက္ဦးၿမိဳ႕နယ္ တရား႐ုံးမွ ေထာင္ဒဏ္ ၃-လ က်ခံေစရန္ အမိန႔္ခ်လိုက္ပါသည္။ ဒီအမႈအတြက္ သက္ေသမ်ားကို စစ္ေဆးခဲ့ၿပီး ေန႔ခ်င္းၿပီး အမိန႔္ခ်လိုက္တာျဖစ္ပါတယ္။

ထိုသူမ်ားသည္ ေက်ာင္းမရွိ ဥပဇၩာယ္ဆရာမရွိ မိမိသေဘာျဖင့္ ကိုယ္တိုင္သဃၤန္းဝတ္ၿပီး ေဈးမ်ားႏွင့္ အစုန္/အဆန္ မီးရထားမ်ားေပၚ အလႉခံၿပီး ဘူတာမ်ားတြင္ အရက္ေသာက္ ညအိပ္ေနၾကသူမ်ားျဖစ္ပါသည္။အမ်ိဳး ဘာသာ သာသနာကို ကာကြယ္ေစာင့္ေရွာက္ရန္ ဗုဒၶဘာသာဝင္ အားလုံးတြင္ တာဝန္ရွိသည္။CREDIT

UNICODE

ကိုယ်တိုင်သင်္ဃန်းဝတ်ပြီး ဘူတာမှာ အရက်သောက်ပြီး ဗုဒ္ဓသာသနာကို ညှိုးနွမ်းအောင် လုပ်တဲ့သူကိုဖမ်းဆီး

ကိုယ်တိုင်သင်္ဃန်းဝတ်ပြီး ဒိုက်ဦးဘူတာရှိ ကုန်သွယ်ရေး ဂိုဒေါင်တွင် အရက်သောက် ညအိပ်နေသူ တစ်ဦးအား ဒိုက်ဦးမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၃-လ ကျခံစေရန် အမိန့်ချ ၁၅.၆.၂၀၂၀ ရက်နေ့ နေ့လည် ၁၂း၁၀ ခန့်အချိန် ဒိုက်ဦးမြို့ မီးရထားဘူတာရှိ ကုန်သွယ်ရေးဂိုဒေါင်အတွင်း

ရဟန်း အယောင်ဆောင်တစ်ဦးသည် အရက်သေစာသောက်စားကာ ညအိပ်ညနေ နေထိုင်လျက်ရှိသဖြင့် သံဃာတော်များ နှင့်မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များက ဒိုက်ဦးမြို့ နယ်သံဃမဟာနာယကရုံး ခေမာသီကျောင်း၌ အဖွဲ့ဝင်ဆရာတော်များထံ ဆုံးမသြဝါဒခံယူစေပြီး သိက္ခာချ လူဝတ်လဲပေးပြီးနောက်

ဒိုက်ဦးမြို့မရဲစခန်းတွင် သာသနာညိုှးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အရေးယူပေးပါရန် မြို့နယ် လဝကမှ တာဝန်ရှိသူက တရားလိုလုပ်အမှုဖွင့်တိုင်ကြားခဲ့သည်။ — ပြစ်မှုကျူးလွန်သူ ———- ဝဏ္ဏအောင် ၃၉-နှစ်(ဘ)ဦးစိန်သောင်း ပျဉ်မနားမြို့ ရန်အောင်(၂ )ရပ်ကွက်နေထိုင်သူအား

ယနေ့ ၁၆.၆.၂၀၂၀ နေ့လည် ၁း၁၀ ခန့်အချိန် တွင် ဒိုက်ဦးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃-လ ကျခံစေရန် အမိန့်ချလိုက်ပါသည်။ ဒီအမှုအတွက် သက်သေများကို စစ်ဆေးခဲ့ပြီး နေ့ချင်းပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။

ထိုသူများသည် ကျောင်းမရှိ ဥပဇ္ဈာယ်ဆရာမရှိ မိမိသဘောဖြင့် ကိုယ်တိုင်သင်္ဃန်းဝတ်ပြီး ဈေးများနှင့် အစုန်/အဆန် မီးရထားများပေါ် အလှူခံပြီး ဘူတာများတွင် အရက်သောက် ညအိပ်နေကြသူများဖြစ်ပါသည်။အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင် အားလုံးတွင် တာဝန်ရှိသည်။CREDIT

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *