ကြာဆူးအတွက် ကုထုံး (ရှားပါးဆေးနည်းပါ လိုရမယ်ရ သိမ်းထားပါ)

ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။

ဗီတာမင် အေဓာတ်ချု့တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။

လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။

လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆ်ုတဲ့ ယူဆချကိတွေလည်းရှိတယ်။ နှင်းခူနာရှိသူတွေဟာ သူများထက် ပိုဖြစ်နိုင်တယ်။

phrynoderma ဆိုတာ တံတောင်ဆစ်၊ဒူးခေါင်း စတဲ့နေရာမှာ အဖုလေးတွေဖြစ်တာပါ။ မြန်မာတွေ သိတဲ့ ကြာဆူးက phrynodermaဖြစ်ပါတယ်။ toad skin ဖားအရေခွံနဲ့ တင်စားကြတယ်။ extensor surface မှာဖြစိတဲ့ follicular hyperkeratosis တမျိုးဖြစ်ပါတယ်။

ဗီတာမင် အေ ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေတတ်တယ်။ အရေပြားမှာသာမက မျက်စိမှာလည်း ဖြစိနိုင်တယ်။ Epidermal hyperkeratosis, follicular hyperkeratosis နဲ့ follicular plugging စသည်ဖြင့် အမျိုးမျိုးခေါ်တယ်။

keratin plug နဲ့ ပိတ်ဆို့ပြီး keratotic papule ဖြစ်လာတယ်။ အသက် ၅-၁၅ နှစ်အတွင်းအါဖြစ်များတယ်။မျိုးရိုးနဲ့ သက်ဆ်ုင်တာရှားတယ်။တံတောင်ဆစ် နှစ်ဖက်လုံးတပြိုင်နက် ဖြစ်နိုင်တယ်။ တံတောင်၊ဒူးခေါင်း၊ တင်ပါးစတဲ့နေရာမှာ အညိူရောင် အဖုလေးတွေ တွေ့ရတယ်။

ရောဂါက ပ်ုဆိုးလာရင် ခန္ဓာကိုယ်နဲ့ မျက်နှာမှပါဖြစိနိုင်တယ်။B2,B3,B6 ချို့တဲ့ခြင်းနဲ့လည်းဆ်ုင်တတ်တယ်။ fatty acid ချို့တဲ့ခြင်းနဲ့လာည်း ဆိုင်ပါတယ်။

ကုသနည်း —- vitamin A နဲ့ B ကို အသားဆေးထိုးပေးရတယ်။ လိမ်းဆေးတွေထဲမှာ keratolytic လိမ်းဆေးတွေ ပေးသင့်တယ်။ Vitamin A သောက်ဆေး 50,000–150,000 U ကို နေ့စဉ်ပေးရတယ်။

အနည်းဆုံး သုံးလတော့ ပေးသင့်တယ်။ အသည်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကြက်ဥအနှစ် စတာတွေ နေ့စဉ်စားပါ။ နေကြာဆီ၊ ဆူးပန်းဆီ ထမင်းစားဇွန်း(၂)ဇွန်း က်ု တရက် နှစ်ကြိမ်သောက်ပါ။

လိမ်းဆေးထဲမှာ salicylic acid ointment , tretinoin gel သို့မဟုတ် cream ကို ညစဉ်လိမ်းပါ။အရေပြားကြမ်းတမ်းတာအတွက် urea cream နေ့စဉ် သုံးကြိမ်လိမ်းပါ။

ကြာဆူးအတွက် ကုနည်းအမျိုးမျိုးရှိတယ်။ တချို့ဆေးခန်းမှာတော့ AHA ကိုသုံးကြမယ်။ ကျတော့်ဆေးခန်းမှာတော့ BHA(salicylic acid)ကို သုံးတယ်။ 5% salicylic acid နဲ့ 10% lactic acid က ကြာဆူးကုသရာမှာကောင်းတယ်။

သုံးပြီး ပထမလအတွင်း အာနိသင်အကောင်းဆုံးဖြစ်တယ်။ ၃ လပတ် အကြာမှာ သိသိသာသာသက်သာသွားမယ်။ lactic acid သုံးခြင်းဟာ အနံ့နံတာ၊ယားတာ ပူစပ်ပူလောင် ဖြစ်ကြတာရှိတယ်။ pulsed dye laser သုံးတာလည်းရှိတယ်။ treatment တကြိမ်ကနေ လေးကြိမ်ထိ သွားဖို့ လိုတယ်။

သဘာဝနည်း — အလွယ်ဆုံးအိမ်သုံးနည်းက ဆဲလ်သေတွေ ဖယ်ရှားဖို့ sea salt ဆားကြမ်းနဲ့ ပွတ်တာ ဖြစ်တယ်။ ဆားကြမ်းမှာ natural exfoliator အာနိသငိရှိတယ်။ ဆဲလ်သေပိတ်ဆို့မှု ဖယ်ရှားရုံမက အစိုဓာတ်ပါထိန်းပေးလိမ့်မယ်။

ဆားကြမ်း (၂)ဇွန်းနဲ့ ပျားရည် (၄)ဇွန်း ရောပြီး ကြာဆူးပေါက်တဲ့နေရာမှာ (၅)မိနစ်ကြာ ပွတ်ပါ။ ခပ်ဖွဖွသာပွတ်ပါ။ ပြီးရင် (၁၅)မိနစ်ထားပြီး ရေနွေးနဲ့ ပြန်ဆေးပါ။ တချို့က coconut oil, jojoba oil စတာတွေပါ သုံးတယ်။ ဆပ်ပြာ သုံးတဲ့အခါ အနုစားဆပ်ပြာသာ သုံးရမယ်။ castile soap က အကောင်းဆုံးဖြစ်တယ်။

အစိုဓာတ်ထိန်းဖို့နဲ့ ခြောက်သွေ့နေတာတွေ သက်သာဖို့ ရှားစောင်းလက်ပပ် သို့မဟုတ် ထောပတ်သီးကို နေ့စဉ် သုံးသင့်တယ်။အနှစ်ကို ကြိတ်ပြီး မိနစ်(၃၀)ကြာထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ စိမ်းတဲ့အရွက်များများစားပါ။ အိုမီဂါသရီး များများသောက်ပါ။နေ့စဉ်
urea cream လိုအစိုဓာတ်ထိန်းဆေးလိုပါတယ်။ တချို့ကတော့ သုံးလအတွင်း သက်သာလာတယ်။

ဒေါက်တာ အေးမင်းထူး

Add a Comment

Your email address will not be published. Required fields are marked *