ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လို့ဆိုပါတယ် တစ်ခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝ ရှိရုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။
မြန်မာပြည်က ဒါတွေကြောင့် ကပ်ဆိုးဖြစ်ရတာဆိုပြီး ပါမောက္ခဆရာတော်ကြီး သတိပေးလေပြီ (အများသိအောင်မျှဝေပေးပါအုံး)
မြန်မာပြည်ကဒီကံတွေကျူးလွန်အားများလို့… ဆရာတော်ကြီး သတိပေးလေပြီမြန်မာပြည်ကဒီကံတွေကျူးလွန်အားများလို့ ဒီအပြစ်တွေအတွက်ကံနိမ့်တဲ့ဒေသတွေရယ် အနှံ့အပြားခပ်များများမှာ ဘေးဒဏ်သင့်နေကြ၏လို့ထင်မိပါသည်။
တောင်ပြို ကမ်းပြို၊ ရေကြီး၊ မီးကြီးလောင်၊ ငလျင်လှုပ်ခတ်၊မိုးသီးမိုးခဲ(ဂဲ)မှန်၊ လေပြင်းမုန်တိုင်းကျ … စသည် ..စသည် .ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ .. မသိသည်ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့်စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ်။ ခုအခြေအနေဟာရဟန်းတွေကို ဘာသာခြားတွေတင်မကဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင်ပုတ်ခတ် စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကိုတော့ မပြောလိုတော့ပါဘူး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာနိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။
ရောက်အောင် လည်းကြိုးစားအားထုတ်နေတဲ့ သူတွေရှိပါတယ်။ မိမိကိုယ်တိုင် မဂ်ဖိုလ်ရောက် ကြောင်း တရားကျင့်နေပြီဆိုရင်တော့ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့မရတော့ပါဘူး။ လူအရိယာ ရဟန်းအရိယာကို သူတို့မှာ တရား မရှိဘူး ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး ရဟန်းတရားမရှိဘူးလို့ သိသိမသိသိ စွပ်စွဲပြောရင် ဒါကြောင့်သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။
ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လိ့ုဆိုပါတယ် တစ်ခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝ ရှိရုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။
ပွဲကြည့်နေတာမြင်ပြီး လွှတ်ကနဲ (ညစာစား – ပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ) မပြောမိပါစေနဲ့ ညစာစား ပွဲကြည့် အရက်သောက်သောက် ဘုန်းကြီးဟာဘုန်းကြီးပါပဲ။ ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့ (#မကောင်းတဲ့_ဘုန်းကြီးတော့_ဟုတ်တယ်ပေါ့ ) ဘုန်းကြီး မဟုတ်ဘူးဆိုတာ ပါရာဇိကကျမှ(မေထုန်မှီဝဲ သူများပစ္စည်း ခိုး လူသတ် ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော) ဘုန်းကြီးမဟုတ်တာပါ။
တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။ ဒေသနာကြားတယ် ဒဏ်ထမ်းတယ်ခေါ်တယ် လိမ်ပြောရင်တောင် ပါစိတ်အာပတ် သင့်ပြီး အာပတ်ဖြေရင်ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ပြောတာဟာ ဒီကံနီးပါးအပြစ်ကြီးတယ်။ အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။ လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁၀)ပါးသီလ။ ဒီထက်အောက်(၈)ပါး (၅)ပါး။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။
ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့။ လူကနေဘုန်းကြီးတင်မဟုတ်ဘူး ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့။ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာ အလွန်ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ။
(ဒါက်တာအရှင်နန္ဒမာလာဘိဝံသ) ပါမောက္ခချုပ်ဆရာတော်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) ၏အဘိဓမ္မာသင်တန်းပို့ ချချက်များဒုတိယတွဲ မှကောက်နှုတ်၍ရေးသားပါသည်။
(နိဗ္ဗာနပစ္စယောဟောတု)  Credit: သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ
Add a Comment
Your email address will not be published. Required fields are marked *