မအူပင္ၿမိဳ႕နယ္ ေရေက်ာ္ေက်း႐ြာတြင္ အသက္ (၁၇)ႏွစ္ေက်ာ္အမ်ိဳးသမီးငယ္တစ္ဦးအားအဓမၼျပဳက်င့္

မအူပင္ၿမိဳ႕နယ္ ေရေက်ာ္ေက်း႐ြာတြင္ အသက္ (၁၇)ႏွစ္ေက်ာ္အမ်ိဳးသမီးငယ္တစ္ဦးအားအဓမၼျပဳက်င္မႈျဖစ္

ဧရာ၀တီတိုင္းေဒသႀကီး ၊ မအူပင္ၿမိဳ႕နယ္ စစ္ကိုင္းေက်း႐ြာအုပ္စု ေရေက်ာ္ေက်း႐ြာတြင္ေနထိုင္ေသာ အသက္ (၁၇)ႏွစ္ေက်ာ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦးအား လြန္ခဲ့ေသာ (၄)လခန္႔က အေဒၚျဖစ္သူ၏ေယာက်ာ္းျဖစ္သူမွ အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

“ကေလးမေလးရဲ႕အသက္က လက္ရွိမွာ (၁၇)ႏွစ္နဲ႔ (၆)လပါ……..တကယ္တန္းျဖစ္သြားတဲ့ ကိုယ္၀န္လကိုျပန္ႏုတ္လိုက္ရင္ သူသည္(၁၇)ႏွစ္နဲ႔တစ္လစြန္းစြန္းမွာျဖစ္ပြားခဲ့တာပါ။ကိုယ္၀န္က(၄)လရွိၿပီလို႔ေတာ့ က်န္းမာေရး ဆရာမကေျပာတယ္။ကေလးမေလးကလည္း ဦးေႏွာက္သိပ္မေကာင္းဘူး….”ဟု ေဒသခံတစ္ဦး က MHTသို႔ေျပာသည္။

ယင္းအသက္ (၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္အား အဓမၼျပဳက်င့္ခဲ့သူမွာတ႐ြာတည္းေန အသက္ (၄၀)ေက်ာ္အ႐ြယ္ ျဖစ္ၿပီး အဓမၼျပဳက်င့္ခဲ့သူ အမ်ိဳးသားအား ဇြန္လ (၂၆)ရက္ေန႔ ညပိုင္းတြင္မအူပင္ၿမိဳ႕မစခန္းမွ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္းလည္းသိရသည္။

အဆိုပါအဓမၼျပဳက်င့္မႈျဖစ္စဥ္ႏွင့္ပတ္သတ္၍ အမ်ိဳးသမီးငယ္၏ မိဘျဖစ္သူမ်ားမွ မအူပင္ၿမိဳ႕မရဲစခန္းတြင္ ဇြန္လ(၂၆)ရက္ေန႔ ညပိုင္က အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္းႏွင့္ အဓမၼျပဳက်င္ခံရသူအမ်ိဳးသမီးငယ္အား ဇြန္လ(၂၇)ရက္ေန႔တြင္ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Credit,

UNICODE

မအူပင်မြို့နယ် ရေကျော်ကျေးရွာတွင် အသက် (၁၇)နှစ်ကျော်အမျိုးသမီးငယ်တစ်ဦးအားအဓမ္မပြုကျင်မှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် စစ်ကိုင်းကျေးရွာအုပ်စု ရေကျော်ကျေးရွာတွင်နေထိုင်သော အသက် (၁၇)နှစ်ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးအား လွန်ခဲ့သော (၄)လခန့်က အဒေါ်ဖြစ်သူ၏ယောကျာ်းဖြစ်သူမှ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ကလေးမလေးရဲ့အသက်က လက်ရှိမှာ (၁၇)နှစ်နဲ့ (၆)လပါ……..တကယ်တန်းဖြစ်သွားတဲ့ ကိုယ်ဝန်လကိုပြန်နုတ်လိုက်ရင် သူသည်(၁၇)နှစ်နဲ့တစ်လစွန်းစွန်းမှာဖြစ်ပွားခဲ့တာပါ။ကိုယ်ဝန်က(၄)လရှိပြီလို့တော့ ကျန်းမာရေး ဆရာမကပြောတယ်။ကလေးမလေးကလည်း ဦးနှောက်သိပ်မကောင်းဘူး….”ဟု ဒေသခံတစ်ဦး က MHTသို့ပြောသည်။

ယင်းအသက် (၁၇)နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ခဲ့သူမှာတရွာတည်းနေ အသက် (၄၀)ကျော်အရွယ် ဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားအား ဇွန်လ (၂၆)ရက်နေ့ ညပိုင်းတွင်မအူပင်မြို့မစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်းသိရသည်။

အဆိုပါအဓမ္မပြုကျင့်မှုဖြစ်စဉ်နှင့်ပတ်သတ်၍ အမျိုးသမီးငယ်၏ မိဘဖြစ်သူများမှ မအူပင်မြို့မရဲစခန်းတွင် ဇွန်လ(၂၆)ရက်နေ့ ညပိုင်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်းနှင့် အဓမ္မပြုကျင်ခံရသူအမျိုးသမီးငယ်အား ဇွန်လ(၂၇)ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Credit,

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *