အဆီချလိုတဲ့သူတွေ၊ ဆီချိုရှိတဲ့ သူတွေအတွက် ဆင်တုံးမနွယ်ဆေးပေါင်း ဆေးနည်း

အဆီချလိုတဲ့သူတွေ၊ ဆီချိုရှိတဲ့ သူတွေအတွက် ဆင်တုံးမနွယ်ဆေးပေါင်း ဆေးနည်း

ဆင်တုံးမနွယ်ဆေးပေါင်း ဆေးနည်းလေး ပြောပြချင်ပါတယ် အဆုံးအထိသေချာလေးဖတ်ပေးကြပါကျနော် ဂေါက်ရောဂါ သွေးတိုး ဆီးချို ရောဂါတွေနဲ့ အိပ်ရာထဲလဲတဲ့အထိ ဖြစ်ခဲ့ရပါတယ် အဲ့ဒါတွေကို တချို့ သူငယ်ချင်းတွေ သိပါလိမ့်မယ်
အဲ့လို အိပ်ရာထဲ လဲနေတဲ့အချိန်မှာ ဘုန်းကြီးတစ်ပါးဆီက ဆေးနည်းလေးတစ်ခုရခဲ့ပါတယ် အဲ့ဆေးကတော့ ဆင်တုံးမနွယ်ဆေးပေါင်း ပါ

အဲ့ဆေးကို ကိုယ်တိုင်ဖော်စပ် သောက်သုံးခဲ့ပါတယ် မကြာခင်မှာပဲထူထုထောက်ထောင်ပြန်ဖြစ်ခဲ့ပါတယ် အခုဆိုရင် ကျန်းမာစွာနဲ့ ဝါသနာပါတဲ့စိုက်ပျိုးရေးလုပ်ငန်း တွေကိုလည်း လုပ်ကိုင်နိူင်ခဲ့ပါပြီ ဒါကြောင့်မို့ ကျနော်မိတ်ဆွေတွေကို ဆင်တုံးမနွယ်ဆေးနည်းလေးကို မျှဝေပေးပါစေ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆင်တုံးမနွယ် ၁၁ ဆစ်

ရှောက်ရွက် ၁၁ ရွက်(သို့မဟုတ်) ရှောက်ဘီးလူးသီးတစ်လုံး ထန်းလျက် ၁၁ လုံး (ကျနော်ကတော့ အချိုကြောက်လို့၅ လုံးခန့်ပဲထည့်ပါတယ်)၊ ဆား လက်ဖက်စားဇွန်း ၁ ဇွန်း ပါ။ ပါဝင်ပစ္စည်းကို ပုလင်းခွံတစ်ခုထဲထည့်ပါပြီးရင် ရေကျက်အေး ဒါမှမဟုတ် ရေသန့်အပြည့်ဖြည့်ပါ ပြီးရင်တော့ နေရောင်ခြည်နဲ့ ၁၁ ရက်ချက်ပါ နေပူထဲထားခိုင်းတာပါနော်၁၁ ရက်ပြည့်ပြီဆိုရင်တော့ စတင်သောက်သုံးလို့ရပါပြီ

ည အိပ်ရာဝင်ခါနီး လက်ဖက်ရည်ကြမ်းပုဂံလုံး ၁ လုံးသောက်သုံးပေးရပါမယ် ဘာတွေကောင်းသလဲ မေးရင်တော့ စွယ်စုံကောင်းပါတယ် ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆီး ဝမ်း သွေး လေ ကို အထူးမှန်စေပါတယ်ဗျ ကျနော့်အတွက်ပိုထူးခြားတာလေး ပြောပြပါ့မယ် အရင်ကဆို ကျနော့်ကို တချို့တချို့သောသူတွေက ဗိုက်ကြီးသည် လို့တောင် ခေါ်ရလောက်အောင် ကျနော့ဗိုက်က ပူထွက်နေပါတယ် အခုတော့ ကလေးမွေးပြီးသွားလို့ မပူတော့ပါဘူး

အဲ့ ယောင်လို့ မဟုတ်ပါဘူးဗျာ အခုတော့ ဆင်တုံးမနွယ်ဆေးပေါင်းကြောင့် ကျနော့ဗိုက်ကြီး ပြုတ်သွားခဲ့ပါတယ် ဒါကြောင့်မို့ အဆီချလိုတဲ့ ကျနော့ fri တွေထဲက မမ ဝဝ လှလှ များလည်း ဖော်စပ်သောက်သုံးကြပါလို့ နောက်တခုရှိပါသေးတယ် ကျနော် ဆီးချိုရှိတယ် ဆိုပြီး ဆီးချိုဆေးတွေ သောက်နေရတာ ၁ နှစ်ကျော်ကြာခဲ့ပါတယ် ဒီဆေးသောက်ပြီး ဒေါက်တာမြင့်ဆွေဆီမှာ ပြသခဲ့တာ ဆီးချိုမရှိကြောင်း အာမခံတယ်လို့ ဒေါက်တာ ကိုယ်တိုင်ပြောခဲ့ပြီး

ဆီးချိုဆေးတစ်လုံးမှ မပေးခဲ့လို့ အခုဆို ဆီးချိုဆေး လုံးဝမသောက်ရတော့ပါ ဆင်တုံးမနွယ်ရဲ့ဆေးဘက်ဝင်ပုံ ရှောက်ရွက်ရဲ့ ဆေးဘက်ဝင်ပုံတွေကိုလည်း ကျနော့ acc ထဲမှာလည်း ရှယ်ထားပါတယ် အဲ့ဒါတွေကို ဖတ်ရှု့လေ့လာကြည့်ရင် ဒီဆေးရဲ့အာနိသင်တွေကို သိပါလိမ့်မယ် တကယ်ကောင်းလို့ ဆေးနည်းလေးကိုဝေမျှပေးလိုက်ပါတယ် ဖော်စပ်ပြီးရေရှည်သောက်သုံးရင် အကျိုးအများကြီး ထူးပါလိမ့်မယ် အသက်ကြီးရင် ဆင်စီးပါဆိုတဲ့

ဆိုစကားလည်းကြားဖူးကြလိမ့်မယ်ထင်ပါတယ်ဗျ ဆေးနည်းကို မရှင်းလင်းလျှင်သော်၎င်း cb မှ မေးမြန်းနိင်သလို ကျနော့်ဖုန်း ၀၉ ၇၉၇၄၆၆၇၁၃ ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိူင်ပါသည်။ ဆေးနည်းလေးကိုဝေမျှကုသိုလ် ယူကြပါနော်အားလုံး ကျန်းမာခြင်းသုခနှင့်ပြည့်စုံနိူင်ကြပါစေ။CREDIT

Add a Comment

Your email address will not be published. Required fields are marked *